တရားမဝင္ ေရႊတူးေဖၚသည့္ ပစၥည္းမ်ားအား မိုင္းျဖတ္၌ ပိုင္ရွင္မဲ့ ဖမ္းဆီးရမိ

တရားမဝင္ ေရႊတူးေဖၚသည့္ ပစၥည္းမ်ားအား မိုင္းျဖတ္၌ ပိုင္ရွင္မဲ့ ဖမ္းဆီးရမိ
မေ 14, 2016
By Tachileik News Agency
မိုင္းျဖတ္၊ ေမလ (၁၄)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ ေတာညဳေက်းရြာအုပ္စု၊ ဆိုက္ေခါင္ေက်းရြာႏွင့္ ဆြပ္ပန္းေက်းရြာ အၾကား နမ့္လံုေခ်ာင္းတြင္ တရားမဝင္ ေရႊတူးေဖာ္ေနေၾကာင္း သတင္းရရွိသျဖင့္ ေမလ (၁၃) ရက္က သြားေရာက္ဖမ္းဆီးရာ ေရႊတူးသည့္ ပစၥည္းမ်ားအား မိုင္းျဖတ္ၿမိဳ႕ ရဲတပ္ဖြဲ႕က ပိုင္ရွင္မဲ့ ဖမ္းဆီးရမိေၾကာင္း သိရသည္။
ဆိုက္ေခါင္ေက်းရြာ အနီး နမ့္လံုေခ်ာင္းေဘးတြင္ ပိုင္ရွင္မဲ့ တရားမဝင္ ေရႊေဖာင္(၂)ေဖာင္အားေတြ႔ရွိသျဖင့္ သက္ေသမ်ားႏွင့္အတူ စစ္ေဆးရာ ေရႊတူးေဖာ္သည့္ လုပ္ငန္းတြင္ အသံုးျပဳသည့္ ျမင္းေကာင္ေရ (၂၅)ေကာင္ရွိ ဒီဇယ္အင္ဂ်င္ (၁)လံုး၊ ျမင္းေကာင္ေရ (၂၀)ရွိ ဒီဇယ္အင္ဂ်င္စက္ (၁)လံုးႏွင့္ ေရႊတူးေဖာ္သည့္ လုပ္ငန္းတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္း(၂၂)မ်ဳိး စုစုေပါင္းကာလတန္ဖိုး က်ပ္သိန္း(၂၀)ေက်ာ္အား သိမ္းဆည္း ရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပုိင္ရွင္မဲ့ ဖမ္းဆီးရမိသည့္ ေရႊတူးေဖာ္သည့္ပစၥည္းမ်ားအား မိုင္းျဖတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲေရးေကာ္မတီသို႔ တင္ျပၿပီးထားေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု။  ။ #ကိုသာ
........
မိုင်းဖြတ်၊ မေလ (၁၄)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာနှင့် ဆွပ်ပန်းကျေးရွာ အကြား နမ့်လုံချောင်းတွင် တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းရရှိသဖြင့် မေလ (၁၃) ရက်က သွားရောက်ဖမ်းဆီးရာ ရွှေတူးသည့် ပစ္စည်းများအား မိုင်းဖြတ်မြို့ ရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။
ဆိုက်ခေါင်ကျေးရွာ အနီး နမ့်လုံချောင်းဘေးတွင် ပိုင်ရှင်မဲ့ တရားမဝင် ရွှေဖောင်(၂)ဖောင်အားတွေ့ရှိသဖြင့် သက်သေများနှင့်အတူ စစ်ဆေးရာ ရွှေတူးဖော်သည့် လုပ်ငန်းတွင် အသုံးပြုသည့် မြင်းကောင်ရေ (၂၅)ကောင်ရှိ ဒီဇယ်အင်ဂျင် (၁)လုံး၊ မြင်းကောင်ရေ (၂၀)ရှိ ဒီဇယ်အင်ဂျင်စက် (၁)လုံးနှင့် ရွှေတူးဖော်သည့် လုပ်ငန်းတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း(၂၂)မျိုး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း(၂၀)ကျော်အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည့် ရွှေတူးဖော်သည့်ပစ္စည်းများအား မိုင်းဖြတ်မြို့နယ် စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြပြီးထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ #ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~