ရွမ္း/အေရွ႕ နမ့္လံုေခ်ာင္းမွ ေရႊက်င္သူမ်ား ေရႊေရာင္းခ်သည့္ ေစ်းကြက္ေျပာင္းလာ

ရွမ္း/အေရွ႕ နမ့္လံုေခ်ာင္းမွ ေရႊက်င္သူမ်ား ေရႊေရာင္းခ်သည့္ ေစ်းကြက္ေျပာင္းလာ
မေ 2, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ေမလ (၂) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) နမ့္လုံေခ်ာင္းတစ္ေလွ်ာက္ ေရႊက်င္သည့္ ေနရာမ်ားမွ ေရႊေရာင္းခ်သည့္ပံုစံ ယခုႏွစ္ပိုင္းအတြင္း ေျပာင္းလဲလာေၾကာင္း ေဒသတြင္း ေရႊက်င္သူမ်ားထံမွ သိရသည္။

အဆိုပါေဒသတြင္ ေရႊက်င္သူမ်ားသည္ ယခင္က ၿမိဳ႕ေပၚသို႔ ေရႊသြားေရာက္ ေရာင္းခ်ေနရေသာ္လည္း ယခုအခ်ိန္တြင္ အိမ္တိုင္ရာေရာက္ ေရႊလာဝယ္သူမ်ား ရိွလာေၾကာင္း သိရသည္။

"ရလာတဲ့ ေရႊစေတြကို မိုင္းျဖတ္အထိ သြားမေရာင္းေတာ့ဘူး။ မိုင္းေယာင္းက လူေတြက ရြာအထိ လာ၀ယ္ၾကေတာ့ သူတို႔ကိုပဲ ေရာင္းတယ္။ မိုင္းျဖတ္က ဆိုင္ေတြမွာ သြားေရာင္းရင္ ေရႊကိုခ်ိန္ၿပီးေရာင္းရတဲ့ အတြက္ သိပ္မရဘူး။ ရြာထိလာ၀ယ္ၾကတဲ့သူေတြက မခ်ိန္ဘူး။ ေရႊကို ဒီတိုင္းၾကည့္ၿပီး ေရႊအနည္းအမ်ားကိုဘဲၾကည့္ၿပီး ၀ယ္တယ္။ အဲဒီေတာ့ အေဒၚတို႔ပုိျမတ္တာေပါ့။ ဆိုင္မွာသြားေရာင္းရင္ ေရႊကိုခ်ိန္ၿပီးေရာင္းရတဲ့အတြက္ ေသာင္းဂဏန္းပဲရတယ္။ အိမ္ထိလာ၀ယ္တဲ့သူေတြက မ်က္စိနဲ႔ဒီတိုင္းၾကည့္ၿပီး၀ယ္ေတာ့ သိန္းဂဏန္းရတယ္"ဟု ေရႊက်င္သူ ေဒၚေဖာလာက ေျပာသည္။

မိုင္းေယာင္းမွ လိုက္လံ၀ယ္ယူသူမ်ားသည္ မိုင္းျဖတ္ရိွရြာမ်ားထိ ႏွစ္ပတ္လွ်င္ တစ္ႀကိမ္ လာေရာက္ ၀ယ္ယူေနၾကၿပီး မိုင္းျဖတ္မွ ဆိုင္မ်ားက ေရႊတစ္မတ္သားလွ်င္ ေလးေသာင္းက်ပ္ႏႈန္းျဖင့္ ၀ယ္ယူေၾကာင္း သိရသည္။

"ကၽြန္ေတာ္က လယ္လုပ္တဲ့ အခ်ိန္မွာ လယ္လုပ္ၿပီး၊ လယ္မလုပ္တဲ့ အခ်ိန္မွာ နမ့္လုံေခ်ာင္းတစ္ေလွ်ာက္ ေရႊက်င္ပါတယ္။ ေရႊက်င္တာက တစ္ရက္ တစ္ရက္ရတာေတာ့ မတူဘူးေပါ့။ တစ္ခါတေလ နည္းနည္းပဲရသလို တစ္ခါတေလ အမ်ားႀကီးရတယ္။ ဒါေပမဲ့ ဒီအလုပ္ကလည္း မိသားစု ၀မ္းေရးအတြက္ လုံေလာက္ပါတယ္။ တစ္ပတ္ ႏွစ္ပတ္ လုပ္တာနဲ႔ အနည္းဆုံး က်ပ္ ၃သိန္းေလာက္ေတာ့ရတယ္။"ဟု ေရႊက်င္သူတစ္ဦးျဖစ္သည့္ ဦးေသာမတ္ကေျပာသည္။

နမ့္လုံေခ်ာင္းသည္ က်ိဳင္းတုံၿမိဳ႕နယ္၊ မိုင္းျဖတ္ၿမိဳ႕နယ္တို ့ကိုျဖတ္သန္း၍ တာေလေခ်ာင္းအတြင္းသို႔ စီး၀င္သြားျခင္းျဖစ္ၿပီး အဆိုပါ ေခ်ာင္းတစ္ေလွ်ာက္ မိုင္းျဖတ္ၿမိဳ႕နယ္ထဲရိွ ေက်းရြာမ်ားမွ အမ်ားဆုံး ေရႊက်င္လွ်က္ရိွကာ တာေလၿမိဳ႕နယ္ထဲရိွ ေက်းရြာအခ်ိဳ႕မွလည္း လာေရာက္လုပ္ကိုင္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္

...............

ကျိုင်းတုံ၊ ေမလ (၂) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) နမ့်လုံချောင်းတစ်လျှောက် ရွှေကျင်သည့် နေရာများမှ ရွှေရောင်းချသည့်ပုံစံ ယခုနှစ်ပိုင်းအတွင်း ပြောင်းလဲလာကြောင်း ဒေသတွင်း ရွှေကျင်သူများထံမှ သိရသည်။

အဆိုပါဒေသတွင် ရွှေကျင်သူများသည် ယခင်က မြို့ပေါ်သို့ ရွှေသွားရောက် ရောင်းချနေရသော်လည်း ယခုအချိန်တွင် အိမ်တိုင်ရာရောက် ရွှေလာဝယ်သူများ ရှိလာကြောင်း သိရသည်။

"ရလာတဲ့ ရွှေစတွေကို မိုင်းဖြတ်အထိ သွားမရောင်းတော့ဘူး။ မိုင်းယောင်းက လူတွေက ရွာအထိ လာဝယ်ကြတော့ သူတို့ကိုပဲ ရောင်းတယ်။ မိုင်းဖြတ်က ဆိုင်တွေမှာ သွားရောင်းရင် ရွှေကိုချိန်ပြီးရောင်းရတဲ့ အတွက် သိပ်မရဘူး။ ရွာထိလာဝယ်ကြတဲ့သူတွေက မချိန်ဘူး။ ရွှေကို ဒီတိုင်းကြည့်ပြီး ရွှေအနည်းအများကိုဘဲကြည့်ပြီး ဝယ်တယ်။ အဲဒီတော့ အဒေါ်တို့ပိုမြတ်တာပေါ့။ ဆိုင်မှာသွားရောင်းရင် ရွှေကိုချိန်ပြီးရောင်းရတဲ့အတွက် သောင်းဂဏန်းပဲရတယ်။ အိမ်ထိလာဝယ်တဲ့သူတွေက မျက်စိနဲ့ဒီတိုင်းကြည့်ပြီးဝယ်တော့ သိန်းဂဏန်းရတယ်"ဟု ရွှေကျင်သူ ဒေါ်ဖောလာက ပြောသည်။

မိုင်းယောင်းမှ လိုက်လံဝယ်ယူသူများသည် မိုင်းဖြတ်ရှိရွာများထိ နှစ်ပတ်လျှင် တစ်ကြိမ် လာရောက် ဝယ်ယူနကြပြေီး မိုင်းဖြတ်မှ ဆိုင်များက ရွှေတစ်မတ်သားလျှင် လေးသောင်းကျပ်နှုန်းဖြင့် ဝယ်ယူကြောင်း သိရသည်။

"ကျွန်တော်က လယ်လုပ်တဲ့ အချိန်မှာ လယ်လုပ်ပြီး၊ လယ်မလုပ်တဲ့ အချိန်မှာ နမ့်လုံချောင်းတစ်လျှောက် ရွှေကျင်ပါတယ်။ ရွှေကျင်တာက တစ်ရက် တစ်ရက်ရတာတော့ မတူဘူးပေါ့။ တစ်ခါတလေ နည်းနည်းပဲရသလို တစ်ခါတလေ အများကြီးရတယ်။ ဒါပေမဲ့ ဒီအလုပ်ကလည်း မိသားစု ဝမ်းရေးအတွက် လုံလောက်ပါတယ်။ တစ်ပတ် နှစ်ပတ် လုပ်တာနဲ့ အနည်းဆုံး ကျပ် ၃သိန်းလောက်တော့ရတယ်။"ဟု ရွှေကျင်သူတစ်ဦးဖြစ်သည့် ဦးသောမတ်ကပြောသည်။

နမ့်လုံချောင်းသည် ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်တို့ကိုဖြတ်သန်း၍ တာလေချောင်းအတွင်းသို့ စီးဝင်သွားခြင်းဖြစ်ပြီး အဆိုပါ ချောင်းတစ်လျှောက် မိုင်းဖြတ်မြို့နယ်ထဲရှိ ကျေးရွာများမှ အများဆုံး ရွှေကျင်လျှက်ရှိကာ တာလမြေို့နယ်ထဲရှိ ကျေးရွာအချို့မှလည်း လာရောက်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~