ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ဆေးဝါးများကို တာချီလိတ်၌ စစ်ဆေးတော့မည်
ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ဆေးဝါးများကို တာချီလိတ်၌ စစ်ဆေးတော့မည်
မေ 21, 2016
By Tachileik News Agency
တာချီလိတ်၊ မေလ (၂၁) ရက်
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ တရားမ၀င်တင်သွင်းနေသည့် ဆေးဝါးများကို တားဆီးရန် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးမှ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာနများပူပေါင်းပြီး စီမံချက်ရေးဆွဲ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ တရားမ၀င်ဆေးဝါးများ မ၀င်ရောက်စေရေးနှင့် ကျန်းမာရေးဌာနမှ ခွင့်မပြုသည့် ဆေးဝါးများ ရောင်းချခြင်း မရှိစေရန် တားဆီးရေးလုပ်ငန်းများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် တာချီလိတ်မြို့မှ ဆေးဆိုင် လုပ်ငန်းရှင်များ အနေဖြင့် အသင်းဖွဲ့စည်းရန်ကိုလည်း တာချီလိတ်မြို့နယ် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်တိုးက တိုက်တွန်းလိုက်သည်။
သတင်း။  ။ ဇောင်းညီ
......................
တာချီလိတ်၊ မေလ (၂၁) ရက်
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့သို့ ထိုင်းနို်င်ငံမှ တရားမဝင်တင်သွင်းနေသည့် ဆေးဝါးများကို တားဆီးရန် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးမှ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာနများပူပေါင်းပြီး စီမံချက်ရေးဆွဲ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ တရားမဝင်ဆေးဝါးများ မဝင်ရောက်စေရေးနှင့် ကျန်းမာရေးဌာနမှ ခွင့်မပြုသည့် ဆေးဝါးများ ရောင်းချခြင်း မရှိစေရန် တားဆီးရေးလုပ်ငန်းများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် တာချီလိတ်မြို့မှ ဆေးဆိုင် လုပ်ငန်းရှင်များ အနဖြေင့် အသင်းဖွဲ့စည်းရန်ကိုလည်း တာချီလိတ်မြို့နယ် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်တိုးက တိုက်တွန်းလိုက်သည်။
“ဆေးဆိုင်တွေက တကွဲတပြားဖြစ်နေတော့ ဆေးဝါးနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်အတွက် အစည်းအေဝး ခေါ်တဲ့အခါမှာ လူတွေက စုံစုံလင်လင်မတက်ရောက်နိုင်တာရယ်။ နောက်ပြီး Food and Drug Administration(FDA) နှင့် မကိုက်ညီတဲ့ ဆေးဝါးတွေ ရောင်းချခြင်းမရှိစေရန် ထိန်းချုပ်ဖို့ အသင်းဖွဲ့ထားရန်လိုအပ်ပါတယ်။”ဟု ဦးစီးအရာရှိ ဦးအောင်တိုးကပြောသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများအတွက် FDA စစ်ဆေးရေးရုံးနှင့် ဓာတ်ခွဲခန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်နယ်ရုံးခွဲနှင့် တာချီလိတ်မြို့တွင် ခရိုင်ရုံးခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရပြီး လက်ရှိတွင် တောင်ကြီးမြို့တွင် ဓာတ်ခွဲခန်းတည်ဆောက်မှုမှာ (၉၀)ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် တစ်ဖက်ထိုင်းနိုင်ငံမှ ဆေးဝါးများအား ချစ်ကြည်ရေးနယ်စပ်တံတားအမှတ်(၂)ပေါ်မှ တရားဝင် တင်သွင်းရောင်းချခြင်းမရှိသော်လည်း ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်မှ တစ်ပိုင်တစ်နိုင် တင်သွင်းရောင်းချနေမှုများရှိကြောင်း သိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~