တာခ်ိီလိတ္ၿမိဳ႕နယ္တြင္းရွိ ေစ်းမ်ားတြင္ FDA မွ ပထမဆံုးစစ္ေဆးျခင္း စတင္လုပ္ေဆာင္မည္

တာခ်ိီလိတ္ၿမိဳ႕နယ္တြင္းရွိ ေစ်းမ်ားတြင္ FDA မွ ပထမဆံုးစစ္ေဆးျခင္း စတင္လုပ္ေဆာင္မည္
မေ 30, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၃၀)ရက္
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ေစ်းမ်ားတြင္ ထိုင္းႏိုင္ငံမွ တင္သြင္းလာသည့္ အသားလံုးႏွင့္ အသားေခ်ာင္းမ်ားအား စားသံုးရန္ေဘးအႏၱရာယ္ကင္းရွင္းျခင္း ရွိ၊ မရွိ ရက္(၁၀၀)စီမံခ်က္ျဖင့္ ပထမဆံုး လိုက္လံစစ္ေဆးသြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ သိရသည္။

"ကၽြန္ေတာ္တို႔အေနနဲ႔ ေစ်းေတြကို လုိက္လံၿပီး စစ္ေဆးသြားမွာပါ။ အဓိကစစ္ေဆးမွာေတာ့ ထုိင္းႏိုင္ငံက ၀င္ေရာက္လာတဲ့ အသားလံုးေတြ၊ အသားေခ်ာင္းေတြပါ။ ေအးခဲအသားက်ေတာ့ တိရိစာၦန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနနဲ႔ ဆိုင္တယ္။ စစ္ေဆးတဲ့အခါ သူတို႔ပါ လုိက္ပါလာတယ္ဆို တစ္ခါထဲ စစ္ေဆးသြားမွာပါ"ဟု အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန(FDA)မွ ဦးစီးအရာရွိ ဦးေအာင္တိုးက ေျပာသည္။

ယင္းသုိ႔ စစ္ေဆးရာတြင္ ထုိင္းနိုင္ငံမွ တင္သြင္းသည့္ စားေသာက္ကုန္မ်ားအျပင္ ျပည္တြင္းမွ ငပိ၊ ငါးေျခာက္၊ လက္ဖက္ေျခာက္ႏွင့္ ငရုတ္သီးမွဳန္႔တို႔ကိုလည္း စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေစ်းမ်ားအတြင္း လိုက္လံစစ္ေဆးရာတြင္ Test Kid ျဖင့္ ဆိုးေဆးပါ၀င္ျခင္းရွိ၊ မရွိအား စမ္းသပ္စစ္ေဆးမည့္ အျပင္ လိုအပ္ပါက စားေသာက္ကုန္နမူနာမ်ားအား FDA ဓါတ္ခြဲခန္းသို႔ ပို႔ေဆာင္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒါမ်ိဳးေတြ လိုက္စစ္မယ္ဆိုရင္ ေကာင္းပါတယ္။ အခုတာခ်ီလိတ္ကို ၀င္ေရာက္လာတဲ့ အသားလံုးေတြက တံဆိပ္အမ်ိဳးမ်ိဳးနဲ႔ ေရခဲရိုက္ၿပီး သယ္လာေတြ ေတြ႕ရတယ္။ ကၽြန္မတို႔ဆီမွာလည္း အစားအေသာက္နဲ႔ ပတ္သက္ၿပီး ဒီလိုစစ္ေဆးတဲ့အဖြဲ႕ေတြ ရွိလာၿပီဆိုေတာ့ ပိုေကာင္းတာေပါ့။ အခု သတင္းမွာၾကည့္လိုက္ရင္ သူမ်ားၿမိဳ႕ေတြမွာ စစ္ေဆးတာေတြ႕ရၿပီး ကိုယ္ၿမိဳ႕မွာေတာ့ စစ္ေဆးတာမေတြ႕ရဘူး။ အဓိက ေက်ာင္းဖြင့္ ရာသီနီးေတာ့ ေက်ာင္းေတြမွာပိုၿပီး စစ္ေဆးေစခ်င္တယ္။ တစ္ခ်ိဳ႕ဆို ေက်ာင္းအျပင္ဘက္မွာ ေရာင္းေနတာေတြရွိေတာ့ သိပ္စိတ္မခ်ရဘူး"ဟု အိမ္ရွင္မတစ္ဦးျဖစ္သူ ေဒၚျမျမသန္းက ေျပာသည္။

စားသံုးရန္ မသင့္သည့္ အစားအေသာက္မ်ားအား စစ္ေဆးေတြ႕ရွိပါက အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းႏွင့္ ပူးေပါင္းကာ ေဒသတြင္း စားသံုးရန္မသင့္သည့္ ပစၥည္းမ်ားစာရင္း ေၾကျငာေပးသြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲမႈဦးစီးဌာနမွ သိရသည္။

သတင္း။  ။ ကိုဇက္
..................

တာချီလိတ်၊ မေလ(၃၀)ရက်
တာချီလိတ်မြို့နယ်အတွင်းရှိ ဈေးများတွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အသားလုံးနှင့် အသားချောင်းများအား စားသုံးရန်ဘေးအန္တရာယ်ကင်းရှင်းခြင်း ရှိ၊ မရှိ ရက်(၁၀၀)စီမံချက်ဖြင့် ပထမဆုံး လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့အနေနဲ့ ဈေးတွေကို လိုက်လံပြီး စစ်ဆေးသွားမှာပါ။ အဓိကစစ်ဆေးမှာတော့ ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ အသားလုံးတွေ၊ အသားချောင်းတွေပါ။ အေးခဲအသားကျတော့ တိရိစာ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ဆိုင်တယ်။ စစ်ဆေးတဲ့အခါ သူတို့ပါ လိုက်ပါလာတယ်ဆို တစ်ခါထဲ စစ်ဆေးသွားမှာပါ"ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးစီးအရာရှိ ဦးအောင်တိုးက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်များအပြင် ပြည်တွင်းမှ ငပိ၊ ငါးခြောက်၊ လက်ဖက်ခြောက်နှင့် ငရုတ်သီးမှုန့်တို့ကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးများအတွင်း လိုက်လံစစ်ဆေးရာတွင် Test Kid ဖြင့် ဆိုးဆေးပါဝင်ခြင်းရှိ၊ မရှိအား စမ်းသပ်စစ်ဆေးမည့် အပြင် လိုအပ်ပါက စားသောက်ကုန်နမူနာများအား FDA ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒါမျိုးတွေ လိုက်စစ်မယ်ဆိုရင် ကောင်းပါတယ်။ အခုတာချီလိတ်ကို ဝင်ရောက်လာတဲ့ အသားလုံးတွေက တံဆိပ်အမျိုးမျိုးနဲ့ ရေခဲရိုက်ပြီး သယ်လာတွေ တွေ့ရတယ်။ ကျွန်မတို့ဆီမှာလည်း အစားအသောက်နဲ့ ပတ်သက်ပြီး ဒီလိုစစ်ဆေးတဲ့အဖွဲ့တွေ ရှိလာပြီဆိုတော့ ပိုကောင်းတာပေါ့။ အခု သတင်းမှာကြည့်လိုက်ရင် သူများမြို့တွေမှာ စစ်ဆေးတာတွေ့ရပြီး ကိုယ်မြို့မှာတော့ စစ်ဆေးတာမတွေ့ရဘူး။ အဓိက ကျောင်းဖွင့် ရာသီနီးတော့ ကျောင်းတွေမှာပိုပြီး စစ်ဆေးစေချင်တယ်။ တစ်ချို့ဆို ကျောင်းအပြင်ဘက်မှာ ရောင်းနေတာတွေရှိတော့ သိပ်စိတ်မချရဘူး"ဟု အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်မြမြသန်းက ပြောသည်။

စားသုံးရန် မသင့်သည့် အစားအသောက်များအား စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ပူးပေါင်းကာ ဒေသတွင်း စားသုံးရန်မသင့်သည့် ပစ္စည်းများစာရင်း ကြငြောပေးသွားမည်ဖြစ်ကြောင်း တာချီလိတ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~