အီးယူကိုယ္စားလွယ္မ်ား သီေပါစစ္ေဘးေရွာင္စခန္းမွ စစ္ေဘးေရွာင္မ်ားႏွင့္ေတြ႕ဆံု

အီးယူကိုယ္စားလွယ္မ်ား သီေပါစစ္ေဘးေရွာင္စခန္းမွ စစ္ေဘးေရွာင္မ်ားႏွင့္ေတြ႕ဆံု
မေ 19, 2016
By Tachileik News Agency

လားရႈိး၊ ေမလ(၁၉)ရက္
အီးယူအဖြဲ႔၀င္ႏိုင္ငံမ်ားမွ ကိုယ္စားလွယ္မ်ား ရွမ္းျပည္နယ္(ေတာင္ပိုင္း) သီေပါၿမိဳ႕ စစ္ေဘးေ႐ွာင္ဒုကၡသည္စခန္းမွ စစ္ေဘးေရွာင္မ်ားအား ေထာက္ပံ့ကူညီမႈမ်ားျပဳလုပ္ရန္ ေတြ႕ဆံု ေမးျမန္းမႈမ်ားျပဳလုပ္ေၾကာင္း သိရသည္။

"ေဒသခံေတြနဲ႔ေတြ႕ဆံုၿပီး လိုအပ္ခ်က္ေတြ ေမးသြားတယ္။ ၿပီးရင္ သူတို႔ အကူအညီေတြေပးမယ္လို႔ေတာ့ ေျပာသြားတယ္။ လားရွိဳးကတစ္ဆင့္ ကားနဲ႔လာၾကတာ။ အဓိက တိုက္ပြဲျဖစ္ေနလို႔ လာေနရတာ။ ကုိယ့္အိမ္ကိုယ္ ျပန္ခ်င္ၾကတဲ့လူေတြပဲေလ။ တိုက္ပြဲေတြျဖစ္ေနေတာ့ ျပန္လို႔မရဘူး။ အစားအေသာက္နဲ႔ အ၀တ္အထည္ေတြေတာ့ လိုပါတယ္"ဟု စစ္ေဘးေရွာင္ စခန္းမွ ဒုကၡသည္တစ္ဦးက ေျပာသည္။

အီးယူအဖဲြ႔၀င္ ႏိုင္ငံမ်ားမွ ကိုယ္စားလွယ္(၁၂)ဦးသည္ ေမလ (၁၇) ရက္က ႐ွမ္းျပည္နယ္(ေျမာက္ပိုင္း) လား႐ွိဳးၿမိဳ႕မွတစ္ဆင့္ သီေပါၿမိဳ႕သို႔ ေရာက္ရိွလာၿပီး စစ္ေဘးေရွာင္မ်ား၏ အေျခအေနအား ၾကည့္ရွဳကာ ေဟာ္နန္းသို႔ သြားေရာက္ေလ့လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ တအာင္း လက္နက္ကိုင္အဖြဲ႕ TNLA ႏွင့္ ရွမ္းတုိင္းရင္းသားလက္နက္ကို္င္အဖြဲ႕ျဖစ္သည့္ RCSS/SSA တို႔ ေမ လအတြင္း တိုက္ပြဲမ်ား ျဖစ္ပြားမႈေၾကာင့္ စစ္ေဘးေရွာင္ (၁၀၀၀)ေက်ာ္ခန္႔ ေနရပ္ စြန္႔ခြာထြက္ေျပးေနရျခင္းျဖစ္သည္။

EU ကိုယ္စားလွယ္အဖဲြ႔သည္ သီေပါၿမိဳ႕ ဇာတ္စုရပ္ကြက္႐ွိ စစ္ေဘးေ႐ွာင္မ်ား ကူညီေစာင့္ေ႐ွာက္ေရးစခန္းႏွင့္ ေဘာ္ႀကိဳ႐ွိ စစ္ေဘးေရွာင္ ကူညီေစာင့္ေ႐ွာက္ေရးစခန္းမ်ားသို႔ သြားေရာက္ေလ့လာၿပီး စစ္ေဘးေရွာင္ျပည္သူမ်ားကို ေတြ႔ဆံုေမးျမန္းခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေအာင္ျပည့္(လားရႈိး)

...............
လားရှိုး၊ မေလ(၁၉)ရက်
အီးယူအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ်(တောင်ပိုင်း) သီပေါမြို့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်များအား ထောက်ပံ့ကူညီမှုများပြုလုပ်ရန် တွေ့ဆုံ မေးမြန်းမှုများပြုလုပ်ကြောင်း သိရသည်။
"ဒေသခံတွေနဲ့တွေ့ဆုံပြီး လိုအပ်ချက်တွေ မေးသွားတယ်။ ပြီးရင် သူတို့ အကူအညီတွေပေးမယ်လို့တော့ ပြောသွားတယ်။ လားရှိုးကတစ်ဆင့် ကားနဲ့လာကြတာ။ အဓိက တိုက်ပွဲဖြစ်နေလို့ လာနေရတာ။ ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြတဲ့လူတွေပဲလေ။ တိုက်ပွဲတွဖြေစ်နေတော့ ပြန်လို့မရဘူး။ အစားအသောက်နဲ့ အဝတ်အထည်တွေတော့ လိုပါတယ်"ဟု စစ်ဘေးရှောင် စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။
အီးယူအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်(၁၂)ဦးသည် မေလ (၁၇) ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှတစ်ဆင့် သီပေါမြို့သို့ ရောက်ရှိလာပြီး စစ်ဘေးရှောင်များ၏ အခြေအနေအား ကြည့်ရှုကာ ဟော်နန်းသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် တအာင်း လက်နက်ကိုင်အဖွဲ့ TNLA နှင့် ရှမ်းတိုင်းရင်းသားလက်နက်ကို်င်အဖွဲ့ဖြစ်သည့် RCSS/SSA တို့ မေ လအတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၁၀၀၀)ကျော်ခန့် နေရပ် စွန့်ခွာထွက်ပြေးနေရခြင်းဖြစ်သည်။
EU ကိုယ်စားလှယ်အဖွဲ့သည် သီပေါမြို့ ဇာတ်စုရပ်ကွက်ရှိ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးစခန်းနှင့် ဘော်ကြိုရှိ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်လေ့လာပြီး စစ်ဘေးရှောင်ပြည်သူများကို တွေ့ဆုံမေးမြန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ အောင်ပြည့်(လားရှိုး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~