အမိႈက္မွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္သည့္စက္ရံု က်ိဳင္းတံုအတြက္ လိုအပ္ပါက ျပင္သစ္ကုမၸဏီျဖင့္ ခ်ိတ္ဆက္ေပးမည္

အမိႈက္မွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္သည့္စက္ရံု က်ိဳင္းတံုအတြက္ လိုအပ္ပါက ျပင္သစ္ကုမၸဏီျဖင့္ ခ်ိတ္ဆက္ေပးမည္
မေ 20, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေမလ(၂၀)ရက္
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၆ ခုႏွစ္အတြင္း ျပင္သစ္ကုမၸဏီမွ တည္ေဆာက္ေပးမည့္ အမိႈက္မွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္သည့္ စက္ရုံကဲ့သို႔ က်ိဳင္းတံုၿမိဳ႕တြင္ တည္ေဆာက္လိုပါက ခ်ိတ္ဆက္ေပးရန္ရိွသည္ဟု ျပည္နယ္လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ေမလ(၁၇)ရက္ေန႔က  ျပည္နယ္လွ်ပ္စစ္နွင့္ စြမ္းအင္ဝန္ႀကီးဌာနတြင္ က်င္းပသည့္ ေတြ႔ဆုံေဆြးေႏြးပြဲ၌ ျပည္နယ္လွ်ပ္စစ္နွင္႔ စြမ္းအင္ဝန္ႀကီးက ယင္းကဲ့သို႔ ေျပာၾကားသြားျခင္းျဖစ္သည္။

"ေတာင္ႀကီးၿမိဳ႕မွာ ျပင္သစ္ကုမၸဏီ တစ္ခုကေနၿပီးေတာ႔ အမိႈက္ကေန လွ်ပ္စစ္စြမ္းအင္ထုတ္တဲ႔ စက္ရုံတစ္ခုကို ဒီနွစ္အတြင္း တည္ေဆာက္သြားမွာပါ။ အဲဒီလိုတည္ေဆာက္နိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ အစိုးရအေနနဲ႔ ေျမ(၅)ဧက၊ တစ္ေန႔ကို အမႈိက္ (၇၅)တန္သိမ္းေပးဖို႔ နဲ႔ ရလာတဲ့ ေလာင္စာေတာင္႔ေတြကို ျဖဳန္းေပးဖို႔ စတဲ႔အခ်က္ေတြကို လိုက္ေလ်ာေပးရပါတယ္။ က်ိဳင္းတံုၿမိဳ႕ အေနနဲ႔ သူတို႔ရဲ ႔ေတာင္းဆိုတဲ႔ ေျမ(၅)ဧကနဲ႔ ျပည္သူေတြကလည္း အမိႈက္(၇၅)တန္ ေပးနိုင္မယ္ဆိုရင္ေတာ႔ ကြ်န္ေတာ့ အေနနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ေပးမွာပါ။"ဟု ရွမ္းျပည္နယ္ လွ်ပ္စစ္နွင္႔စြမ္းအင္ ဝန္ႀကီး ဦးေဆြသိ္န္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျပင္သစ္ကုမၸဏီအေနျဖင့္ စက္ရုံေဆာက္လုပ္ေပးရုံသာမက အမိႈက္သိမ္းယာဥ္မ်ားကိုပါ ေထာက္ပံ့ေပးမည္ျဖစ္ျပီး ထြက္ရွိလာေသာ ေလာင္စာေတာင္႔ေခၚ မီးေသြးမ်ားကို ေက်ာက္မီးေသြး စက္ရုံမ်ားတြင္ ေရာသုံးမည္ဆိုပါက ပတ္ဝန္းက်င္အတြက္ ထိခိုက္နစ္နာမႈမ်ား မရိွဟု အာမခံထားျပီး MOU မွာမူ မထိုးရေသးေၾကာင္း ၎ကေျပာသည္။

"ေျမကေတာ႔ ကြၽန္ေတာ္တို႔ ရွာလို႔ရပါတယ္။ ေျမလြတ္ေျမရိုင္းေတြကို အစိုးရကိုတင္ျပေပးလိုက္ရင္ေတာ႔ အဆင္ေျပသြားမွာပါ။"ဟု က်ိဳင္းတံုခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦးက ေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ က်ိဳင္းတံုၿမိဳ႕ လွ်ပ္စစ္မီးရရိွေရးအတြက္ အဓိကထား ေဆြးေႏြးခဲ့ၿပီး ျပည္နယ္လွ်ပ္စစ္ဝန္ၾကီး ဦးေဆြသိန္း၊ ျပည္နယ္ ဘ႑ာေရးဝန္ၾကီး ဦးစိုင္းရွန္တစ္လုံ၊ က်ိဳင္းတုံခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦးနွင္႔တကြ ဌာနဆိုင္ရာမွ တာဝန္ရွိသူမ်ား၊ က်ိဳင္းတုံ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ တာဝန္ရိွသူမ်ားနွင္႔ ေဒသခံမ်ား တက္ေရာက္ခဲ့ၾကသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးမွ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ လွ်ပ္စစ္မီးမရရွိေသးသည့္ ေဒသမ်ားအား မီးရရွိေရးေဆာင္ရြက္ရန္ ေရာက္ရွိလာျခင္းျဖစ္ၿပီး လွ်ပ္စစ္မီးရရွိေရးအတြက္ လာေရာက္ေဆြးေႏြးေသာ ကုမၸဏီမ်ားႏွင့္ေတြ႕ဆံုကာ ညွိႏွိဳင္းေဆာင္ရြက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
.........................

ကျိုင်းတုံ၊ မေလ(၂၀)ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၆ ခုနှစ်အတွင်း ပြင်သစ်ကုမ္ပဏီမှ တည်ဆောက်ပေးမည့် အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံကဲ့သို့ ကျိုင်းတုံမြို့တွင် တည်ဆောက်လိုပါက ချိတ်ဆက်ပေးရန်ရှိသည်ဟု ပြည်နယ်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက ပြောသည်။

ကျိုင်းတုံမြို့တွင် မေလ(၁၇)ရက်နေ့က ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ယင်းကဲ့သို့ ပြောကြားသွားခြင်းဖြစ်သည်။

"တောင်ကြီးမြို့မှာ ပြင်သစ်ကုမ္ပဏီ တစ်ခုကနပြေီးတော့ အမှိုက်ကနေ လျှပ်စစ်စွမ်းအင်ထုတ်တဲ့ စက်ရုံတစ်ခုကို ဒီနှစ်အတွင်း တည်ဆောက်သွားမှာပါ။ အဲဒီလိုတည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ မြေ(၅)ဧက၊ တစ်နေ့ကို အမှိုက် (၇၅)တန်သိမ်းပေးဖို့ နဲ့ ရလာတဲ့ လောင်စာတောင့်တွေကို ဖြုန်းပေးဖို့ စတဲ့အချက်တွေကို လိုက်လျောပေးရပါတယ်။ ကျိုင်းတုံမြို့ အနေနဲ့ သူတို့ရဲ့တောင်းဆိုတဲ့ မြေ(၅)ဧကနဲ့ ပြည်သူတွေကလည်း အမှိုက်(၇၅)တန် ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော့ အနေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးမှာပါ။"ဟု ရှမ်းပြည်နယ် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးဆွေသိ်န်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပြင်သစ်ကုမ္ပဏီအနဖြေင့် စက်ရုံဆောက်လုပ်ပေးရုံသာမက အမှိုက်သိမ်းယာဉ်များကိုပါ ထောက်ပံ့ပေးမည်ဖြစ်ပြီး ထွက်ရှိလာသော လောင်စာတောင့်ခေါ် မီးသွေးများကို ကျောက်မီးသွေး စက်ရုံများတွင် ရောသုံးမည်ဆိုပါက ပတ်ဝန်းကျင်အတွက် ထိခိုက်နစ်နာမှုများ မရှိဟု အာမခံထားပြီး MOU မှာမူ မထိုးရသေးကြောင်း၎င်းကပြောသည်။

"မြေကတော့ ကျွန်တော်တို့ ရှာလို့ရပါတယ်။ မြေလွတ်မြေရိုင်းတွေကို အစိုးရကိုတင်ပြပေးလိုက်ရင်တော့ အဆင်ပြေသွားမှာပါ။"ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့ လျှပ်စစ်မီးရရှိရေးအတွက် အဓိကထား ဆွေးနွေးခဲ့ပြီး ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးဆွေသိန်း၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံ၊ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့်တကွ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျိုင်းတုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ လျှပ်စစ်မီးမရရှိသေးသည့် ဒေသများအား မီးရရှိရေးဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် လာရောက်ဆွေးနွေးသော ကုမ္ပဏီများနှင့်တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~