ဖ်က္သိမ္းလိုက္သည့္ က်ဳိင္းတံုမီးလင္းေရးေကာ္မတီထံ တပ္ရင္း/တပ္ဖြဲ႔မ်ားႏွင့္ လုပ္ငန္းရွင္မ်ား မီတာခေၾကြးက်န္မ်ား ေပးသြင္းရန္ရိွေန

ဖ်က္သိမ္းလိုက္သည့္ က်ဳိင္းတံုမီးလင္းေရးေကာ္မတီထံ တပ္ရင္း/တပ္ဖြဲ႔မ်ားႏွင့္ လုပ္ငန္းရွင္မ်ား မီတာခေၾကြးက်န္မ်ား ေပးသြင္းရန္ရိွေန
မေ 22, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ေမလ(၂၂)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၌ ၁၉၉၈ ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့သည့္ မီးလင္းေရးေကာ္မတီအား ဖ်က္သိမ္းခဲ့ခ်ိန္တြင္ က်န္ရွိသည့္ ရန္ပံုေငြ က်ပ္သိန္း(၅၀၀)၌ တပ္ရင္း/တပ္ဖြဲ႕မ်ားႏွင့္ လုပ္ငန္းရွင္မ်ား ေပးသြင္းရန္ က်န္ရွိသည့္ မီတာခလက္က်န္အေၾကြးမ်ား ပါ၀င္ေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္စၿပီး တာဝန္ထမ္းေဆာင္တဲ့ အခ်ိန္ကစၿပီး ဒီမီးလင္းေရး ေကာ္မတီအေနနဲ႔ ရန္ပံုေငြ ေကာက္ခံထားရိွမႈ အေနနဲ႔ စာရင္းအရ က်ပ္သိန္း(၅၀၀)ရိွပါတယ္။ အဲဒီအထဲမွာမွ က်ပ္သိန္း(၂၀၀)ကို ဘဏ္ထဲမွာ ထည့္ထားၿပီးေတာ့ က်န္တာေတြကေတာ့ အေၾကြးေတြေပါ႔။ ဒီအေၾကြးေတြကိုလည္း ေကာက္ေနပါတယ္။ အေၾကြးေတြက တပ္ေတြကလည္း က်န္ပါတယ္။ ဒါကိုလည္း တိုင္းမွဴးကို တင္ျပထားၿပီးေတာ့ ဘယ္တပ္က က်န္ပါတယ္ဆိုၿပီးေတာ႔ ေတာင္းခံထားပါတယ္။"ဟု က်ိဳင္းတုံခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦးက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ မီးလင္းေရးေကာ္မတီအေနျဖင့္ ေကာက္ခံရရိွထားေသာ ရန္ပုံေငြထဲမွ က်ပ္သိန္း(၇၀)ခန္႔အား ေနာင္တုံကန္ပတ္လည္ ညမီးလင္းေရးအတြက္ အသုံးျပဳခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕ မီးလင္းေရးေကာ္မတီအား ၁၉၉၈ ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့ၿပီး က်ိဳင္းတံုစြမ္းအင္ကုမၸဏီက ၂၀၁၄ ခုႏွစ္ ေမလတြင္ စတင္မီးေပးေ၀ခဲ့ရာ မီးလင္းေရးေကာ္မတီ၏ လုပ္ေဆာင္မႈမ်ား ရပ္တန္႔သြားခဲ့ျခင္းျဖစ္ေၾကာင္း ျပည္နယ္လွ်ပ္စစ္ဦးစီးဌာနမွ သိရသည္။

"သူတို႔ေကာက္ခဲ့တာကေတာ႔ ကၽြန္ေတာ္တို႔ မသိပါဘူး။ ကၽြန္ေတာ္တို႔ေကာက္တဲ့ မီတာထိန္းသိမ္းခဆိုတာက ႏိုင္ငံေတာ္ကို သြင္းရတာပါ။ ကၽြန္ေတာ္တို႔ သံုးလို႔လည္း မရပါဘူး။ ဒီပိုက္ဆံေတြကို ဘယ္မွာျပန္သုံးလဲဆိုေတာ႔ သဘာဝေဘး အႏၱရာယ္ေၾကာင့္ အိမ္တစ္အိမ္ဟာ မီတာပ်က္သြားတယ္ဆိုရင္ ပ်က္သြားတဲ႔အိမ္ကို ကြၽန္ေတာ္တို႔က မီတာအခမဲ့ ျပန္တပ္ေပးရတယ္။ ျပည္သူေတြဆီက ေကာက္ခံထားတဲ႔ မီတာထိန္းသိမ္းခေတြနဲ႔ ကြၽန္ေတာ္တို႔က အခမဲ့ ျပန္တပ္ေပးရတာပါ"ဟု ရွမ္း/အေရွ ႔ ျပည္နယ္လွ်ပ္စစ္အင္ဂ်င္နီယာ ဦးသိန္းထြန္းဝင္းက ေျပာသည္။

အဆိုပါ မီးလင္းေရးေကာ္မတီအား ဖ်က္သိမ္းၿပီးေနာက္ပိုင္းတြင္ ရန္ပုံေငြမ်ားကို ဆက္လက္ေကာက္ခံျခင္း မရိွေတာ့ ေသာ္လည္း ရွမ္းျပည္နယ္ လွ်ပ္စစ္နွင့္ စြမ္းအင္ဝန္ၾကီး ဦးေဆြသိန္းက က်ိဳင္းတံုၿမိဳ႕မီးလင္းေရး ေကာ္မတီကို အသစ္ျပန္လည္ဖြဲ႕စည္းကာ ပြင့္လင္းျမင္သာမႈရိွစြာ လုပ္ေဆာင္ၾကရန္ မွာၾကားထားေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
...........

ကျိုင်းတုံ၊ မေလ(၂၂)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ၁၉၉၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် မီးလင်းရေးကော်မတီအား ဖျက်သိမ်းခဲ့ချိန်တွင် ကျန်ရှိသည့် ရန်ပုံငွေ ကျပ်သိန်း(၅၀၀)၌ တပ်ရင်း/တပ်ဖွဲ့များနှင့် လုပ်ငန်းရှင်များ ပေးသွင်းရန် ကျန်ရှိသည့် မီတာခလက်ကျန်အကြွေးများ ပါဝင်နေကြောင်း သိရသည်။

"ကျွန်တော်စပြီး တာဝန်ထမ်းဆောင်တဲ့ အချိန်ကစပြီး ဒီမီးလင်းရေး ကော်မတီအနေနဲ့ ရန်ပုံငွေ ကောက်ခံထားရှိမှု အနေနဲ့ စာရင်းအရ ကျပ်သိန်း(၅၀၀)ရှိပါတယ်။ အဲဒီအထဲမှာမှ ကျပ်သိန်း(၂၀၀)ကို ဘဏ်ထဲမှာ ထည့်ထားပြီးတော့ ကျန်တာတွေကတော့ အကြွေးတွေပေါ့။ ဒီအကြွေးတွေကိုလည်း ကောက်နေပါတယ်။ အကြွေးတွေက တပ်တွေကလည်း ကျန်ပါတယ်။ ဒါကိုလည်း တိုင်းမှူးကို တင်ပြထားပြီးတော့ ဘယ်တပ်က ကျန်ပါတယ်ဆိုပြီးတော့ တောင်းခံထားပါတယ်။"ဟု ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

ကျိုင်းတုံမြို့ မီးလင်းရေးကော်မတီအနဖြေင့် ကောက်ခံရရှိထားသော ရန်ပုံငွေထဲမှ ကျပ်သိန်း(၇၀)ခန့်အား နောင်တုံကန်ပတ်လည် ညမီးလင်းရေးအတွက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ မီးလင်းရေးကော်မတီအား ၁၉၉၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ကျိုင်းတုံစွမ်းအင်ကုမ္ပဏီက ၂၀၁၄ ခုနှစ် မေလတွင် စတင်မီးပေးေဝခဲ့ရာ မီးလင်းရေးကော်မတီ၏ လုပ်ဆောင်မှုများ ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်ဦးစီးဌာနမှ သိရသည်။

"သူတို့ကောက်ခဲ့တာကတော့ ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ကောက်တဲ့ မီတာထိန်းသိမ်းခဆိုတာက နိုင်ငံတော်ကို သွင်းရတာပါ။ ကျွန်တော်တို့ သုံးလို့လည်း မရပါဘူး။ ဒီပိုက်ဆံတွေကို ဘယ်မှာပြန်သုံးလဲဆိုတော့ သဘာဝဘေး အန္တရာယ်ကြောင့် အိမ်တစ်အိမ်ဟာ မီတာပျက်သွားတယ်ဆိုရင် ပျက်သွားတဲ့အိမ်ကို ကျွန်တော်တို့က မီတာအခမဲ့ ပြန်တပ်ပေးရတယ်။ ပြည်သူတွေဆီက ကောက်ခံထားတဲ့ မီတာထိန်းသိမ်းခတွေနဲ့ ကျွန်တော်တို့က အခမဲ့ ပြန်တပ်ပေးရတာပါ"ဟု ရှမ်း/အရှေ့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းထွန်းဝင်းက ပြောသည်။

အဆိုပါ မီးလင်းရေးကော်မတီအား ဖျက်သိမ်းပြီးနောက်ပိုင်းတွင် ရန်ပုံငွေများကို ဆက်လက်ကောက်ခံခြင်း မရှိတော့ သော်လည်း ရှမ်းပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဆွေသိန်းက ကျိုင်းတုံမြို့မီးလင်းရေး ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းကာ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ကြရန် မှာကြားထားကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~