ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရသည့္ ျမန္မာမ်ားအား ထိုင္းႏုိင္ငံတြင္း ျပန္ဝင္ခြင့္ ပိတ္ပင္မႈမ်ား ရွိေန

ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရသည့္ ျမန္မာမ်ားအား ထိုင္းႏုိင္ငံတြင္း ျပန္ဝင္ခြင့္ ပိတ္ပင္မႈမ်ား ရွိေန
မေ 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၈)ရက္
ထိုင္းႏိုင္ငံအတြင္း သတ္မွတ္နယ္ေျမေက်ာ္လြန္သြားလာျခင္းႏွင့္ သက္တမ္းကုန္ဗီဇာျဖင့္ ေနထိုင္၍ အလုပ္ လုပ္ကိုင္ေနေသာ ျမန္မာႏုိင္ငံသားမ်ားအား နယ္စပ္တစ္ေလွ်ာက္တြင္ ဖမ္းဆီးရမိပါက ထိုင္းႏိုင္ငံ ျပည္၀င္ခြင့္ပိတ္ပင္ျခင္း (Blacklist)စာရင္းသြင္းမႈကို ထုိင္းနို္င္ငံမွ လုပ္ေဆာင္လာေနေၾကာင္း သိရသည္။

“အမွန္တကယ္က  ဒုစရိုက္သမားေတြ၊ လူသတ္မႈနဲ႔ ဖမ္းခံရတဲ့သူေတြကို Blacklist စာရင္းသြင္းတာ ရွိပါတယ္။ ဘန္ေကာက္တို႔၊ ခ်င္းမိုင္တို႔မွာေတာ့ အဲဒီလို နယ္ေျမက်ဴးေက်ာ္တဲ့လူတို႔ ၊ လူေမွာင္ခို ကူးခံရတဲ့သူတို႔ ၊ ဗီဇာသက္တမ္းေက်ာ္လို႔ ဖမ္းခံရတဲ့သူေတြကိုေတာ့ Blacklist ထဲ ထည့္တာေတာ့ မရွိပါဘူး။ အဲလိုလူေတြကို Blacklist ထည့္တယ္ဆိုေတာ့ မျဖစ္သင့္ပါဘူး။”ဟု ျမနွ္မာသံရံုး အလုပ္သမား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီဝင္''AAC''မဟာမိတ္အဖြဲ႕မွ ကိုရဲမင္းက ေျပာသည္။

ထုိင္းႏိုင္ငံတြင္း တရားမ၀င္ အလုပ္ လုပ္ကိုင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားအား နယ္စပ္ဂိတ္မ်ားမွ တစ္ဆင့္ ျမန္မာႏုိင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးေနျခင္းျဖစ္ၿပီး ယင္းကဲ့သို႔ လႊဲေျပာင္းေပးသည့္ ျမန္မာလုပ္သားမ်ားအား Blacklist စာရင္းသြင္းျခင္းကို ထိုင္းႏုိင္ငံတြင္ တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ထြက္လာသည့္ ဥပေဒသစ္အရ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္ သူတို႔ေတြနဲ႔ အလြတ္သေဘာ အစည္းအေ၀းေတြမွာလည္း ဒီကိစၥကို ထည့္သြင္းေဆြးေႏြးခဲ့တယ္။ သူတို႔က ဂရုမစိုက္ဘူး။ ဒါေၾကာင့္ သူတို႔ နဲ႔ အစည္းအေ၀းလုပ္တဲ့အခါ ဒီကိစၥကို ေျဖေလ်ာ့ေပးဖို႔ ထပ္ၿပီးထည့္သြင္း ေဆြးေႏြးသြားမွာပါ။”ဟု CNCMC ေကာ္မတီ နာယက၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရး ဦးတင္၀င္းေရႊက ေျပာသည္။

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းလာသည့္ ထိုင္းႏုိင္ငံတြင္း ဖမ္းဆီးခံ ျမန္မာႏိုင္ငံသား အမ်ားစုမွာ လႊဲေျပာင္းခံရၿပီးေနာက္ Blacklist စာရင္းသြင္းခံေနရ ေၾကာင္းသိရသည္။

 “ဟို တစ္ေလာက မယ္ဆိုင္မွာ နယ္ေျမသတ္မွတ္လိုက္တဲ့ေနာက္ ကၽြန္ေတာ္ရဲ႕ကားနဲ႔ ဧည့္သည္ သြားပို႔တယ္။ သြားပို႔ေတာ့ ကၽြန္ေတာ္တို႔သြားမယ့္ေနရာက အဲဒီဂိတ္ကေန ျဖတ္ရတယ္။ အဲဒါနဲ႔ ျဖတ္မိေတာ့ သူတို႔က ကၽြန္ေတာ့ကား ျဖတ္လို႔ မရဘူးဆိုၿပီး ဖမ္းတယ္။ အဲဒီအခါမွာ  ကၽြန္ေတာ္ အခ်ဳပ္လည္းက်တယ္။ ေနာက္ၿပီး ကားလည္း ခဏသိမ္းခံရတယ္။ ဖမ္းတာက ဖမ္းပါ။ ဒါေပမဲ့ ကၽြန္ေတာ့္ရဲ႕ နယ္စပ္ကူး လက္မွတ္ကို Blacklist စာရင္းထဲ ထည့္လိုက္တာေတာ့ မေကာင္းပါဘူး။”ဟု တာခ်ီလိတ္ၿမိဳ႕မွ ေဒသခံ ဦးျမင့္ဦးက ေျပာသည္။

ထိုင္းႏုိင္ငံႏွင့္ နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ေနထိုင္သူအမ်ားစုမွာ မယ္ဆိုင္ၿမိဳ႕သို႔သြားလည္သည့္အခါ ျပစ္မႈႀကီးမ်ားမဟုတ္ဘဲ အေၾကာင္းတစ္စုံတစ္ခုေၾကာင့္ ဖမ္းဆီးခံရတိုင္း Blacklist သြင္းခံရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

သတင္း။  ။ ေဇာင္းညီ

..............

တာချီလိတ်၊ မေလ(၈)ရက်
ထိုင်းနိုင်ငံအတွင်း သတ်မှတ်နယ်မြေကျော်လွန်သွားလာခြင်းနှင့် သက်တမ်းကုန်ဗီဇာဖြင့် နေထိုင်၍ အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား နယ်စပ်တစ်လျှောက်တွင် ဖမ်းဆီးရမိပါက ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း (Blacklist)စာရင်းသွင်းမှုကို ထိုင်းနို်င်ငံမှ လုပ်ဆောင်လာနေကြောင်း သိရသည်။

“အမှန်တကယ်က ဒုစရိုက်သမားတွေ၊ လူသတ်မှုနဲ့ ဖမ်းခံရတဲ့သူတွေကို Blacklist စာရင်းသွင်းတာ ရှိပါတယ်။ ဘန်ကောက်တို့၊ ချင်းမိုင်တို့မှာတော့ အဲဒီလို နယ်မြေကျူးကျော်တဲ့လူတို့၊ လူမှောင်ခို ကူးခံရတဲ့သူတို့၊ ဗီဇာသက်တမ်းကျော်လို့ ဖမ်းခံရတဲ့သူတွေကိုတော့ Blacklist ထဲ ထည့်တာတော့ မရှိပါဘူး။ အဲလိုလူတွေကို Blacklist ထည့်တယ်ဆိုတော့ မဖြစ်သင့်ပါဘူး။”ဟု မြနှ်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်''AAC''မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ် လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနခြေင်းဖြစ်ပြီး ယင်းကဲ့သို့ လွှဲပြောင်းပေးသည့် မြန်မာလုပ်သားများအား Blacklist စာရင်းသွင်းခြင်းကို ထိုင်းနိုင်ငံတွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ထွက်လာသည့် ဥပဒေသစ်အရ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

“အရင် သူတို့တွေနဲ့ အလွတ်သဘော အစည်းအေဝးတွေမှာလည်း ဒီကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့တယ်။ သူတို့က ဂရုမစိုက်ဘူး။ ဒါကြောင့် သူတို့ နဲ့ အစည်းအေဝးလုပ်တဲ့အခါ ဒီကိစ္စကို ဖြေလျော့ပေးဖို့ ထပ်ပြီးထည့်သွင်း ဆွေးနွေးသွားမှာပါ။”ဟု CNCMC ကော်မတီ နာယက၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေး ဦးတင်ဝင်းရွှေက ပြောသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ လွှဲပြောင်းလာသည့် ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံ မြန်မာနိုင်ငံသား အများစုမှာ လွှဲပြောင်းခံရပြီးနောက် Blacklist စာရင်းသွင်းခံနေရ ကြောင်းသိရသည်။

 “ဟို တစ်လောက မယ်ဆိုင်မှာ နယ်မြေသတ်မှတ်လိုက်တဲ့နောက် ကျွန်တော်ရဲ့ကားနဲ့ ဧည့်သည် သွားပို့တယ်။ သွားပို့တော့ ကျွန်တော်တို့သွားမယ့်နေရာက အဲဒီဂိတ်ကနေ ဖြတ်ရတယ်။ အဲဒါနဲ့ ဖြတ်မိတော့ သူတို့က ကျွန်တော့ကား ဖြတ်လို့ မရဘူးဆိုပြီး ဖမ်းတယ်။ အဲဒီအခါမှာ ကျွန်တော် အချုပ်လည်းကျတယ်။ နောက်ပြီး ကားလည်း ခဏသိမ်းခံရတယ်။ ဖမ်းတာက ဖမ်းပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နယ်စပ်ကူး လက်မှတ်ကို Blacklist စာရင်းထဲ ထည့်လိုက်တာတော့ မကောင်းပါဘူး။”ဟု တာချီလိတ်မြို့မှ ဒေသခံ ဦးမြင့်ဦးက ပြောသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ် တာချီလိတ်မြို့တွင် နေထိုင်သူအများစုမှာ မယ်ဆိုင်မြို့သို့သွားလည်သည့်အခါ ပြစ်မှုကြီးများမဟုတ်ဘဲ အကြောင်းတစ်စုံတစ်ခုကြောင့် ဖမ်းဆီးခံရတိုင်း Blacklist သွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~