အမ်ိဳးသမီးတစ္ဦးအား တူမီးေသနတ္ျဖင့္ ပစ္သတ္သူကို ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႕မွ ရွာေဖြေန

အမ်ိဳးသမီးတစ္ဦးအား တူမီးေသနတ္ျဖင့္ ပစ္သတ္သူကို ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႕မွ ရွာေဖြေန
မေ 18, 2016
By Tachileik News Agency

မိုင္းျဖတ္၊ ေမလ (၁၈) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕နယ္ ဝမ္ပံုေက်းရြာအုပ္စု ဝမ္ပံုေက်းရြာတြင္ ေမလ (၁၆) ရက္က ေနအိမ္ၿခံအတြင္း ဝါးျဖတ္ေနသည့္ အမ်ိဳးသမီးတစ္ဦးအား အေနာက္မွ တူမီးေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္သူအား ဖမ္းဆီးရမိရန္ ရဲတပ္ဖြဲ႕က ရွာေဖြေနေၾကာင္း သိရသည္။

" ကြ်န္ေတာ္ တူမီးေသနတ္သံၾကားၿပီး လန္႔ႏိုးလာတဲ့အခ်ိန္မွာ ကြ်န္ေတာ့္ ဇနီးေသြးေတြနဲ႔ ေမွာက္လွ်က္ အေနအထားေတြ႔ရၿပီး အရပ္ရွည္ရွည္ ရွပ္အကၤ်ီလက္ရွည္၊ အနက္ေရာင္ ေဘာင္းဘီရွည္ ဝတ္ဆင္ထားၿပီး မီးခိုးေရာင္ လွ်ာထိုးဦးထုပ္ေဆာင္းထားတဲ့ တူမီးေသနတ္ ကိုင္ေဆာင္ထားတဲ့ အမ်ဴိးသားတစ္ဦး လယ္ကြင္းဘက္သို႔ ထြက္ေျပးသြားတာ ေတြ႔လိုက္ပါတယ္ " ဟု ေသဆံုးသူ၏ ခင္ပြန္းျဖစ္သူ ဦးအရီက ဆိုသည္။

ေသနတ္ျဖင့္ အပစ္ခံရသူ အသက္ (၅၈)ႏွစ္အရြယ္ ေဒၚနန္းရွဲန္ႏြန္းသည္ တူမီးေသနတ္ျဖင့္ အပစ္ခံရျခင္းေၾကာင့္ ေနာက္ေက်ာယာဘက္ လက္ျပင္အနီးတြင္ တူမီးက်ည္ေဖာက္ဝင္ၿပီး ေရွ႕ရင္ၫြန္႔တြင္ ေဖါက္ထြက္ဒဏ္ရာျဖင့္ ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ မိုင္းျဖတ္ ရဲစခန္းမွ ေမလ ၁၆ ရက္တြင္ (ပ) ၆ / ၂၀၁၆ ဥပေဒပုဒ္မ (၃၀၂) ျဖင့္ အမႈဖြင့္အေရးယူထားၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ တရားခံအား လိုက္လံ ရွာေဖြလ်ွက္ရွိေၾကာင္း သတင္း႐ွိပါသည္။

သတင္း။  ။ ကိုသာ

.......................
မိုင်းဖြတ်၊ မေလ (၁၈) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု ဝမ်ပုံကျေးရွာတွင် မေလ (၁၆) ရက်က နေအိမ်ခြံအတွင်း ဝါးဖြတ်နေသည့် အမျိုးသမီးတစ်ဦးအား အနောက်မှ တူမီးသေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သူအား ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သိရသည်။

" ကျွန်တော် တူမီးသေနတ်သံကြားပြီး လန့်နိုးလာတဲ့အချိန်မှာ ကျွန်တော့် ဇနီးသွေးတွေနဲ့ မှောက်လျှက် အနေအထားတွေ့ရပြီး အရပ်ရှည်ရှည် ရှပ်အင်္ကျီလက်ရှည်၊ အနက်ရောင် ဘောင်းဘီရှည် ဝတ်ဆင်ထားပြီး မီးခိုးရောင် လျှာထိုးဦးထုပ်ဆောင်းထားတဲ့ တူမီးသေနတ် ကိုင်ဆောင်ထားတဲ့ အမျိူးသားတစ်ဦး လယ်ကွင်းဘက်သို့ ထွက်ပြေးသွားတာ တွေ့လိုက်ပါတယ် " ဟု သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးအရီက ဆိုသည်။

သေနတ်ဖြင့် အပစ်ခံရသူ အသက် (၅၈)နှစ်အရွယ် ဒေါ်နန်းရှဲန်နွန်းသည် တူမီးသေနတ်ဖြင့် အပစ်ခံရခြင်းကြောင့် နောက်ကျောယာဘက် လက်ပြင်အနီးတွင် တူမီးကျည်ဖောက်ဝင်ပြီး ရှေ့ရင်ညွန့်တွင် ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မိုင်းဖြတ် ရဲစခန်းမှ မေလ ၁၆ ရက်တွင် (ပ) ၆ / ၂၀၁၆ ဥပဒေပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံအား လိုက်လံ ရှာဖွေလျှက်ရှိကြောင်း သတင်းရှိပါသည်။

သတင်း။ ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~