တာခ်ီလိိတ္ၿမိဳ႕တြင္ ျမန္မာ့အာမခံလုပ္ငန္း (၄)မ်ိဳးအနက္ ခရီးသြားအာမခံကိုသာ ေဒသခံမ်ား စိတ္ဝင္စား

တာခ်ီလိိတ္ၿမိဳ႕တြင္ ျမန္မာ့အာမခံလုပ္ငန္း (၄)မ်ိဳးအနက္ ခရီးသြားအာမခံကိုသာ ေဒသခံမ်ား စိတ္ဝင္စား
မေ 12, 2016
By Tachileik News Agency
တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းမွ တာ၀န္ခံ ဦးေအာင္ဟိန္းေက်ာ္

တာခ်ီလိတ္၊ ေမလ(၁၂)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ့အာမခံလုပ္ငန္းမွ ၀န္ေဆာင္မႈေပးေနေသာ အာမခံ(၄)မ်ိဳးအနက္ ခရီးသြားအာမခံကိုသာ ေဒသခံမ်ား စိတ္ဝင္စားမႈရိွေၾကာင္း တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းမွ သိရသည္။

"ႏိုင္ငံတကာမွာ အာမခံလုပ္ငန္းဟာ ဖြံ႕ၿဖိဳးေနေပမဲ့ ျမန္မာႏိုင္ငံအေနနဲ႔ စိတ္၀င္စားမႈနည္းပါးေနေသးတာ ေရွးရိုးစြဲ ယဥ္ေက်းမႈေတြေၾကာင့္လည္းပါတယ္။ ဘာလို႔လဲဆိုေတာ့ မေျပာေကာင္း မဆိုေကာင္းဆိုတဲ့ အစြဲေတြရွိေနလို႔။ တကယ္တမ္း အာမခံထားျခင္းအားျဖင့္ ပ်က္စီးဆံုးရွံဳးနစ္နာမႈေတြျပန္ရတာကို မသိၾကေသးတာ။ ကား၊ဆိုင္ကယ္ေတြကို အလံုးစံုအာမခံထားျခင္းအားျဖင့္ တစ္ဖက္လူ တစ္စံုတစ္ခု နစ္နာရင္ ကၽြန္ေတာ္တို႔ အာမခံလုပ္ငန္းက ျပန္ၿပီး ေလ်ာ္ေပးရမွာပါ"ဟု တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းမွ တာ၀န္ခံ ဦးေအာင္ဟိန္းေက်ာ္က ေျပာသည္။

ျမန္မာ့အာမခံလုပ္ငန္းမွ တစ္ယူနစ္လွ်င္ က်ပ္(၃၀၀)တန္ ခရီးသြားအာမခံအား လူတစ္ဦးလွ်င္ (၂)ယူနစ္ ၀ယ္ယူခြင့္ေပးထားၿပီး ခရီးသြားစဥ္ တစ္စံုတစ္ခုျဖစ္ေပၚပါက တစ္ယူနစ္လွ်င္ က်ပ္သိန္း(၃၀)ရရွိမည္ျဖစ္ၿပီး (၂)ယူနစ္၀ယ္ယူထားပါက က်ပ္သိန္း(၆၀)အား နစ္နာေၾကးအျဖစ္ အာမခံလုပ္ငန္းမွ ေပးေဆာင္ရျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ဆီမွာ ထုိင္းရုပ္ျမင္သံၾကားဖမ္းမိတယ္ဆိုေတာ့ သူတို႔ဆီမွာ အာမခံလုပ္ငန္းနဲ႔ပတ္သက္ရင္ ေၾကညာတာေတြက ေတာ္ေတာ္ရွင္းလင္းတယ္။ တစ္လကို ဘယ္ေလာက္ထည့္သြားရင္ တစ္စံုတစ္ခုျဖစ္ရင္ အာမခံက လာေလ်ာ္ေပးတာေတြျမင္ရတယ္။ ေနာက္ၿပီးကားတိုက္ရင္ေတာင္ ဖုန္းေလးဆက္လိုက္တာနဲ႔ အာမခံလုပ္ငန္းက ရွင္းေပးသြားတာ။ ကၽြန္ေတာ္တို႔ဆီမွာေတာ့ ျပည္သူေတြသိဖို႔၊ စိတ္၀င္စားဖို႔ဆိုရင္ ေၾကညာအားလည္းလိုတယ္။ လူထုစိတ္၀င္စားေအာင္ လုပ္ဖို႔လည္းလိုတယ္။ အာမခံေတာ့သြင္းခ်င္တယ္ ဘယ္လိုသြင္းရမလဲ ဆိုတာ မသိတဲ့လူေတြ ေတာ္ေတာ္မ်ားတယ္"ဟု တာခ်ီလိတ္ေဒသခံ ကိုစိုင္းေက်ာက္က ေျပာသည္။

တာခ်ီလိတ္တြင္ ျမန္မာ့အာမခံလုပ္ငန္းမွ အသက္အာမခံလုပ္ငန္း၊ သူတစ္ပါးထိခိုက္မႈအာမခံ (အလံုးစံု ေမာ္ေတာ္ယာဥ္ အာမခံ)၊ မီးႏွင့္အေထြေထြအာမခံ၊ ေရ/ေလခရီးသြားအာမခံလုပ္ငန္း(၄)မ်ိဳးအား ေဆာင္ရြက္ေပးလွ်က္ရွိေၾကာင္း သိရသည္။

အသက္အာမခံ အေနႏွင့္ ျပည္သူျပည္သားအာမခံႏွင့္ စုေပါင္းအသက္အာမခံ(၂)မ်ိဳးရွိရာ အသက္(၁၁)ႏွစ္မွ (၅၅)ႏွစ္အတြင္း အသက္အပိုင္းအျခားအလိုက္ အာမခံထားသည့္ေငြေပၚမူတည္၍ ေပးသြင္းရၿပီး အလံုးစံုက်န္းမာေရးအာမခံတြင္ အသက္(၁၈)ႏွစ္မွ အသက္(၆၀)အတြင္း က်ပ္(၁၀)သိန္းအထိ အာမခံထားႏိုင္ၿပီးေက်ာ္လြန္၍ အာမခံထားလိုပါက က်န္းမာေရးေဆးစစ္ခ်က္လိုအပ္ေၾကာင္း သိရသည္။

သတင္း။ ။ ‪#‎ကိုဇက္‬

................

တာချီလိတ်၊ မေလ(၁၂)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေးနေသော အာမခံ(၄)မျိုးအနက် ခရီးသွားအာမခံကိုသာ ဒေသခံများ စိတ်ဝင်စားမှုရှိကြောင်း တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

"နိုင်ငံတကာမှာ အာမခံလုပ်ငန်းဟာ ဖွံ့ဖြိုးနေပေမဲ့ မြန်မာနိုင်ငံအနေနဲ့ စိတ်ဝင်စားမှုနည်းပါးနေသေးတာ ရှေးရိုးစွဲ ယဉ်ကျေးမှုတွေကြောင့်လည်းပါတယ်။ ဘာလို့လဲဆိုတော့ မပြောကောင်း မဆိုကောင်းဆိုတဲ့ အစွဲတွေရှိနေလို့။ တကယ်တမ်း အာမခံထားခြင်းအားဖြင့် ပျက်စီးဆုံးရှုံးနစ်နာမှုတွပြေန်ရတာကို မသိကြသေးတာ။ ကား၊ဆိုင်ကယ်တွေကို အလုံးစုံအာမခံထားခြင်းအားဖြင့် တစ်ဖက်လူ တစ်စုံတစ်ခု နစ်နာရင် ကျွန်တော်တို့ အာမခံလုပ်ငန်းက ပြန်ပြီး လျော်ပေးရမှာပါ"ဟု တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ခံ ဦးအောင်ဟိန်းကျော်က ပြောသည်။

မြန်မာ့အာမခံလုပ်ငန်းမှ တစ်ယူနစ်လျှင် ကျပ်(၃၀၀)တန် ခရီးသွားအာမခံအား လူတစ်ဦးလျှင် (၂)ယူနစ် ဝယ်ယူခွင့်ပေးထားပြီး ခရီးသွားစဉ် တစ်စုံတစ်ခုဖြစ်ပေါ်ပါက တစ်ယူနစ်လျှင် ကျပ်သိန်း(၃၀)ရရှိမည်ဖြစ်ပြီး (၂)ယူနစ်ဝယ်ယူထားပါက ကျပ်သိန်း(၆၀)အား နစ်နာကြေးအဖြစ် အာမခံလုပ်ငန်းမှ ပေးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဆီမှာ ထိုင်းရုပ်မြင်သံကြားဖမ်းမိတယ်ဆိုတော့ သူတို့ဆီမှာ အာမခံလုပ်ငန်းနဲ့ပတ်သက်ရင် ကြေညာတာတွေက တော်တော်ရှင်းလင်းတယ်။ တစ်လကို ဘယ်လောက်ထည့်သွားရင် တစ်စုံတစ်ခုဖြစ်ရင် အာမခံက လာလျော်ပေးတာတွမြေင်ရတယ်။ နောက်ပြီးကားတိုက်ရင်တောင် ဖုန်းလေးဆက်လိုက်တာနဲ့ အာမခံလုပ်ငန်းက ရှင်းပေးသွားတာ။ ကျွန်တော်တို့ဆီမှာတော့ ပြည်သူတွေသိဖို့၊ စိတ်ဝင်စားဖို့ဆိုရင် ကြေညာအားလည်းလိုတယ်။ လူထုစိတ်ဝင်စားအောင် လုပ်ဖို့လည်းလိုတယ်။ အာမခံတော့သွင်းချင်တယ် ဘယ်လိုသွင်းရမလဲ ဆိုတာ မသိတဲ့လူတွေ တော်တော်များတယ်"ဟု တာချီလိတ်ဒေသခံ ကိုစိုင်းကျောက်က ပြောသည်။

တာချီလိတ်တွင် မြန်မာ့အာမခံလုပ်ငန်းမှ အသက်အာမခံလုပ်ငန်း၊ သူတစ်ပါးထိခိုက်မှုအာမခံ (အလုံးစုံ မော်တော်ယာဉ် အာမခံ)၊ မီးနှင့်အထွေထွေအာမခံ၊ ရေ/လေခရီးသွားအာမခံလုပ်ငန်း(၄)မျိုးအား ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

အသက်အာမခံ အနေနှင့် ပြည်သူပြည်သားအာမခံနှင့် စုပေါင်းအသက်အာမခံ(၂)မျိုးရှိရာ အသက်(၁၁)နှစ်မှ (၅၅)နှစ်အတွင်း အသက်အပိုင်းအခြားအလိုက် အာမခံထားသည့်ငွေပေါ်မူတည်၍ ပေးသွင်းရပြီး အလုံးစုံကျန်းမာရေးအာမခံတွင် အသက်(၁၈)နှစ်မှ အသက်(၆၀)အတွင်း ကျပ်(၁၀)သိန်းအထိ အာမခံထားနိုင်ပြီးကျော်လွန်၍ အာမခံထားလိုပါက ကျန်းမာရေးဆေးစစ်ချက်လိုအပ်ကြောင်း သိရသည်။

သတင်း။ ‪#‎ကိုဇက်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~