ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသား (၄၀)ေက်ာ္အား လိမ္လည္ေငြညႇစ္ေနသူကို ဖမ္းဆီးရမိ

ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသား (၄၀)ေက်ာ္အား လိမ္လည္ေငြညႇစ္ေနသူကို ဖမ္းဆီးရမိ
မေ 15, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၁၅)ရက္
ထိုင္းႏိုင္ငံတြင္ ျမန္မာႏိုင္ငံသား (၄၀)ေက်ာ္၏ ပတ္(စ္)ပို႔ စာရြက္စာတမ္းမ်ားေတာင္းယူ၍ အလုပ္ရွာေပးမည္ဟုဆိုကာ လိမ္လည္ ေငြညႇစ္ေနသူတစ္ဦးအား ေမလ(၁၂)ရက္ေန႔က ျမန္မာသံရံုး အလုပ္သမား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ၀င္(AAC) မဟာမိတ္အဖြဲ႕မွ ေဖာ္ထုတ္ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

"ဒီလူက ျမန္မာအခ်င္းခ်င္း လိမ္စားေနတာၾကာၿပီ။ အလုပ္သမားေတြဆီက ပတ္(စ္္)ပို႔ေတြ စာရြက္စာတမ္းေတြကို ေျပာင္းေပးမယ္။ အလုပ္အကိုင္သစ္ရွာေပးမယ္ဆိုၿပီး ဘဏ္ထဲေငြထည့္ခိုင္းတယ္။ ၿပီးရင္ ပတ္(စ္)ပို႔ စာအုပ္လိုခ်င္ရင္ ေငြဘယ္ေလာက္ေပးဆိုၿပီး ညစ္ေနတာ။ အခုေတာ့ ေကာင္မေလး တစ္ေယာက္က ကၽြန္ေတာ္တို႔အဖြဲ႕ကို အေၾကာင္းၾကားလာေတာ့ ဖမ္းထားလိုက္တာပါ"ဟု ျမန္မာသံရံုးအလုပ္သမား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီဝင္''AAC''မဟာမိတ္အဖြဲ႕မွ ကိုရဲမင္းက ေျပာသည္။

ျမန္မာအမ်ိဳးသမီးငယ္တစ္ဦးထံမွ ပတ္(စ္)ပို႔စာအုပ္အား လိမ္လည္သြားသည္ဟု လာေရာက္ တိုင္ၾကားသျဖင့္ AAC က အကြက္ဆင္ကာ ဖမ္းဆီးခဲ့ရာ ဖမ္းဆီးရမိခ်ိန္တြင္ လိမ္လည္သူ၏ လက္အတြင္း ခရမ္းေရာင္ပတ္(စ္)ပို႔ စာအုပ္ (၄)အုပ္၊ ပန္းေရာင္ဘတ္ကတ္(၄)ခုတို႔အား သိမ္းဆည္းရမိၿပီး လူေပါင္း(၄၀)ေက်ာ္အား လိမ္လည္ခဲ့ေၾကာင္း ၀န္ခံခဲ့သည္ဟု သိရသည္။

"ဒီလူက ျမန္မာအခ်င္းခ်င္း လိမ္ရံုတင္မကဘူး တခ်ိဳ႕မိန္းကေလးေတြဆို ေစာ္ကားခံရတယ္လို႔ ပါေျပာၾကတယ္။ ျမန္မာ အခ်င္းခ်င္းမို႔ယံုၿပီး သူ႔ကို စာအုပ္ေပးလိုက္ရင္ ျပန္မရေတာ့ဘူး။ လိုခ်င္ရင္ ဘယ္ေလာက္ေပးပါ ဘဏ္အေကာင့္ထဲ ထည့္ေပးပါဆိုၿပီးေျပာတာ။ ေငြထည့္ေပးလိုက္တဲ့ အေကာင့္ေတြကလည္း ထုိင္းတကၠစီ သမားေတြရဲ႕ ဘဏ္အေကာင့္ျဖစ္ေနတယ္"ဟု ထုိင္းႏိုင္ငံတြင္းမွ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမား ကိုထြန္းထြန္းက ေျပာသည္။

အဆိုပါ လိမ္လည္သူအား AAC မဟာမိတ္အဖြဲ႕မွ ထိုင္းႏိုင္ငံ မဟာခ်ိဳင္နယ္ေျမရဲစခန္းတြင္ လိမ္လည္မႈ၊ ေသြးေဆာင္ဖ်ားေယာင္းမႈမ်ားျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

....................

တာချီလိတ်၊ မေလ(၁၅)ရက်
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား (၄၀)ကျော်၏ ပတ်(စ်)ပို့ စာရွက်စာတမ်းများတောင်းယူ၍ အလုပ်ရှာပေးမည်ဟုဆိုကာ လိမ်လည် ငွေညှစ်နေသူတစ်ဦးအား မေလ(၁၂)ရက်နေ့က မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်(AAC) မဟာမိတ်အဖွဲ့မှ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

"ဒီလူက မြန်မာအချင်းချင်း လိမ်စားနေတာကြာပြီ။ အလုပ်သမားတွေဆီက ပတ်(စ်)ပို့တွေ စာရွက်စာတမ်းတွေကို ပြောင်းပေးမယ်။ အလုပ်အကိုင်သစ်ရှာပေးမယ်ဆိုပြီး ဘဏ်ထဲငွေထည့်ခိုင်းတယ်။ ပြီးရင် ပတ်(စ်)ပို့ စာအုပ်လိုချင်ရင် ငွေဘယ်လောက်ပေးဆိုပြီး ညစ်နေတာ။ အခုတော့ ကောင်မလေး တစ်ယောက်က ကျွန်တော်တို့အဖွဲ့ကို အကြောင်းကြားလာတော့ ဖမ်းထားလိုက်တာပါ"ဟု မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်''AAC''မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

မြန်မာအမျိုးသမီးငယ်တစ်ဦးထံမှ ပတ်(စ်)ပို့စာအုပ်အား လိမ်လည်သွားသည်ဟု လာရောက် တိုင်ကြားသဖြင့် AAC က အကွက်ဆင်ကာ ဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိချိန်တွင် လိမ်လည်သူ၏ လက်အတွင်း ခရမ်းရောင်ပတ်(စ်)ပို့ စာအုပ် (၄)အုပ်၊ ပန်းရောင်ဘတ်ကတ်(၄)ခုတို့အား သိမ်းဆည်းရမိပြီး လူပေါင်း(၄၀)ကျော်အား လိမ်လည်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။

"ဒီလူက မြန်မာအချင်းချင်း လိမ်ရုံတင်မကဘူး တချို့မိန်းကလေးတွေဆို စော်ကားခံရတယ်လို့ ပါပြောကြတယ်။ မြန်မာ အချင်းချင်းမို့ယုံပြီး သူ့ကို စာအုပ်ပေးလိုက်ရင် ပြန်မရတော့ဘူး။ လိုချင်ရင် ဘယ်လောက်ပေးပါ ဘဏ်အကောင့်ထဲ ထည့်ပေးပါဆိုပြီးပြောတာ။ ငွေထည့်ပေးလိုက်တဲ့ အကောင့်တွေကလည်း ထိုင်းတက္ကစီ သမားတွေရဲ့ ဘဏ်အကောင့်ဖြစ်နေတယ်"ဟု ထိုင်းနိုင်ငံတွင်းမှ ရွှေ့ပြောင်း မြန်မာအလုပ်သမား ကိုထွန်းထွန်းက ပြောသည်။

အဆိုပါ လိမ်လည်သူအား AAC မဟာမိတ်အဖွဲ့မှ ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေရဲစခန်းတွင် လိမ်လည်မှု၊ သွေးဆောင်ဖျားယောင်းမှုများဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~