နခြန္ပထုန္ၿမိဳ႕နယ္ ဆပ္ျပာစက္ရံုမွ လုပ္သား ၁၀၀ ေက်ာ္အား အခ်ိန္ပိုေၾကးအျပည့္ေပးရန္ အလုပ္ရွင္သေဘာတူ

နခြန္ပထုန္ၿမိဳ႕နယ္ ဆပ္ျပာစက္ရံုမွ လုပ္သား ၁၀၀ ေက်ာ္အား အခ်ိန္ပိုေၾကးအျပည့္ေပးရန္ အလုပ္ရွင္သေဘာတူ
မေ 4, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၄) ရက္
ထိုင္းနိင္ငံ နခြန္ပထုန္ၿမိဳ႕နယ္ရွိ ပါလ္ပင္ယို ဆပ္ျပာထုတ္လုပ္စက္ရုံမွ အခ်ိန္ပိုေၾကးမရသည့္ ျမန္မာအလုပ္သမား (၁၀၀)ေက်ာ္အတြက္ ညိွႏႈိင္းမႈကို အလုပ္ရွင္က သေဘာတူလက္ခံလိုက္ေၾကာင္း ျမန္မာသံရံုး အလုပ္သမား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီဝင္''AAC''မဟာမိတ္အဖြဲ႕မွ သိရသည္။

“လူေဟာင္းေတြက ေသခ်ာလိမ့္မယ္ (ဘတ္) (၃)ေသာင္း ၊(၄)ေသာင္းေလာက္ရမွာ။ အဲဒီလိုဆိုရင္ လူသစ္ေတြက်ေတာ့ သံုးေလးေထာင္ေလာက္ပဲရေတာ့မွာ။ လူေဟာင္းသမား ေခါင္းေဆာင္ေတြဆိုေတာ့ (၁၀၀)ေက်ာ္မွာ အနည္းငယ္ပဲပါတယ္။ ဒါေၾကာင့္အားလုံးအဆင္ေျပသြားေအာင္ တစ္ေယာက္ကို (၁၇၅၀၀)ဘတ္ဆီ အလုပ္ရွင္နဲ႔ ညိုႏိႈင္းေပးခဲ့တာပါ။”ဟု AAC မွ ကိုရဲမင္းက ေျပာသည္။

အဆိုပါစက္ရံုမွ လုပ္သားမ်ားမွာ ႏွစ္အေတာ္ၾကာ အခ်ိန္ပိုေၾကးအား အျပည့္အဝမေပးဘဲ တစ္နာရီလွ်င္ ဘတ္(၄၀)ႏႈန္းျဖင့္သာ ေပးခဲ့သျဖင့္ ထိုင္းႏိုင္ငံဥပေဒအရ အခ်ိန္ပိုေၾကးအျပည့္၀ရရွိေစေရးအတြက္ AAC အဖြဲ႕က ညိွႏိႈင္းေပးရာ ဧၿပီလ (၂၈) ရက္တြင္ အလုပ္ရွင္က သေဘာတူလက္ခံလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ညိွႏိႈင္းသေဘာတူညီခ်က္အရ ယခင္က တစ္နာရီ ဘတ္ (၄၀)ျဖင့္ ေပးေခ်ထားမႈမ်ားအား တစ္နာရီလွ်င္ (၅၆.၂၅)ဘတ္ႏႈန္းျဖင့္ ျပန္လည္ေပးေခ်ရန္ အလုပ္ရွင္က သေဘာတူလိုက္ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ေမလ (၃)ရက္ေန႔တြင္ နစ္နာေၾကးအျဖစ္ အလုပ္သမားတစ္ေယာက္လွ်င္ (၁၇၅၀၀)ဘတ္ႏႈန္း ေပးေခ်ရန္ သေဘာတူညီထားေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ

.......................

တာချီလိတ်၊  ေမလ (၄) ရက်
ထိုင်းနိင်ငံ နခွန်ပထုန်မြို့နယ်ရှိ ပါလ်ပင်ယို ဆပ်ပြာထုတ်လုပ်စက်ရုံမှ အချိန်ပိုကြေးမရသည့် မြန်မာအလုပ်သမား (၁၀၀)ကျော်အတွက် ညှိနှိုင်းမှုကို အလုပ်ရှင်က သဘောတူလက်ခံလိုက်ကြောင်း မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်''AAC''မဟာမိတ်အဖွဲ့မှ သိရသည်။

“လူဟောင်းတွေက သေချာလိမ့်မယ် (ဘတ်) (၃)သောင်း၊(၄)သောင်းလောက်ရမှာ။ အဲဒီလိုဆိုရင် လူသစ်တွေကျတော့ သုံးလေးထောင်လောက်ပဲရတော့မှာ။ လူဟောင်းသမား ခေါင်းဆောင်တွေဆိုတော့ (၁၀၀)ကျော်မှာ အနည်းငယ်ပဲပါတယ်။ ဒါကြောင့်အားလုံးအဆင်ပြေသွားအောင် တစ်ယောက်ကို (၁၇၅၀၀)ဘတ်ဆီ အလုပ်ရှင်နဲ့ ညိုနှိုင်းပေးခဲ့တာပါ။”ဟု AAC မှ ကိုရဲမင်းက ပြောသည်။

အဆိုပါစက်ရုံမှ လုပ်သားများမှာ နှစ်အတော်ကြာ အချိန်ပိုကြေးအား အပြည့်အဝမပေးဘဲ တစ်နာရီလျှင် ဘတ်(၄၀)နှုန်းဖြင့်သာ ပေးခဲ့သဖြင့် ထိုင်းနိုင်ငံဥပဒေအရ အချိန်ပိုကြေးအပြည့်ဝရရှိစေရေးအတွက် AAC အဖွဲ့က ညှိနှိုင်းပေးရာ ဧပြီလ (၂၈) ရက်တွင် အလုပ်ရှင်က သဘောတူလက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းသဘောတူညီချက်အရ ယခင်က တစ်နာရီ ဘတ် (၄၀)ဖြင့် ပေးချေထားမှုများအား တစ်နာရီလျှင် (၅၆.၂၅)ဘတ်နှုန်းဖြင့် ပြန်လည်ပေးချေရန် အလုပ်ရှင်က သဘောတူလိုက်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မေလ (၃)ရက်နေ့တွင် နစ်နာကြေးအဖြစ် အလုပ်သမားတစ်ယောက်လျှင် (၁၇၅၀၀)ဘတ်နှုန်း ပေးချေရန် သဘောတူညီထားကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~