တာခ်ီလိတ္မွ သံုးဘီးဆိုင္ကယ္မ်ား ထိုင္းႏိုင္ငံမွ တစ္ပိုင္တစ္ႏုိင္ ကုန္စည္သယ္ေဆာင္ေရးကို အားထားေနရ

တာခ်ီလိတ္မွ သံုးဘီးဆိုင္ကယ္မ်ား ထိုင္းႏိုင္ငံမွ တစ္ပိုင္တစ္ႏုိင္ ကုန္စည္သယ္ေဆာင္ေရးကို အားထားေနရ
မေ 23, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၂၃)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕၌ ေဒသတြင္း ေျပးဆြဲေနသည့္ သံုးဘီးဆိုင္ကယ္မ်ားသည္ ခရီးသည္ပို႔ေဆာင္ေရးထက္ ထုိင္းႏုိင္ငံမွ တစ္ပိုင္တစ္ႏိုင္ ကုန္စည္သယ္ေဆာင္ေရးကို အားထားလာေနရေၾကာင္း သိရသည္။

"အရင္တုန္းကေတာ့ ခရီးသြားမ်ားလို႔ အလုပ္အကိုင္ အဆင္ေျပပါတယ္။ ေနာက္ပိုင္းေတာ့ ထုိင္းႏိုင္ငံထုတ္ ပစၥည္းေတြကို ေဒသတြင္း ျပန္လည္ေရာင္းခ်ဖို႔ သယ္ေဆာင္တဲ့ေနရာမွာ အသံုးျပဳတာ ပိုမ်ားလာတယ္။ မယ္ဆိုင္က ကုန္ေတြဆိုရင္အစံုပဲ။ ဟင္းသီးဟင္းရြက္ကေန စားေသာက္ကုန္ အစံုသယ္တာ။ ျမန္မာဘက္ကဆို ေဒသထြက္ကုန္ျဖစ္တဲ့ ရာသီ သီးႏွံေတြ ပို႔တာေပါ့"ဟု သံုးဘီးဆိုင္ကယ္ေမာင္းႏွင္သူ ကိုမ်ိဳးမင္းဦးက ေျပာသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ေဒသတြင္း ျပန္လည္ေရာင္းခ်ရန္ ထိုင္းႏိုင္ငံမွ ကုန္ပစၥည္းမ်ားကို တစ္ပိုင္တစ္ႏိုင္သယ္ယူခြင့္အား ရွမ္းျပည္နယ္အစိုးရမွ အခြန္ေငြ(၃) ရာခုိင္ႏႈန္းသာေကာက္ခံၿပီး သယ္ေဆာင္ခြင့္ျပဳထားျခင္းျဖစ္သည္။

ကုန္ပစၥည္းသယ္သည့္ သံုးဘီးဆိုင္ကယ္မ်ားအား ထိုင္းႏိုင္ငံမွ အခြန္ေငြေကာက္ခံေၾကာင္း သိရသည္။
"မယ္ဆိုင္ကကုန္ေတြ သယ္လာရင္ ပစၥည္းအနည္းအမ်ားေပၚမူတည္ၿပီး ရွမ္းျပည္နယ္အစိုးရက အခြန္ေငြ(၃) ရာခိုင္ႏႈန္းဆိုၿပီး ေကာက္တယ္။ ပစၥည္းနည္းရင္ ဘတ္(၁၀၀)၊  မ်ားရင္ေတာ့ ဘတ္(၂၀၀)ေပါ့။ အဓိကသယ္တာလည္း ဟင္းသီးဟင္းရြက္နဲ႔ အသား၊ ငါးေတြနဲ႔ တျခားစားေသာက္ကုန္ေတြ သယ္တာမ်ားပါတယ္။ တခ်ိဳ႕ကလည္း သစ္သီးသယ္ၾကတယ္ "ဟု သံုးဘီးေမာင္းႏွင္သူ ကိုထြန္းထြန္းက ေျပာသည္။

သံုးဘီးဆိုင္ကယ္ျဖင့္ ကုန္ပစၥည္းမ်ားသယ္ေဆာင္ရာတြင္ ကန္႔သတ္ကုန္ပစၥည္းမွလြဲ၍ က်န္ကုန္စည္မ်ားအား သယ္ယူခြင့္ျပဳထားေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံသို႔ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ေထာပတ္သီးကဲ့သို႔ သီးႏွံမ်ားတင္ပို႔ရၿပီး ထုိင္းႏိုင္ငံမွ လူသံုးကုန္ႏွင့္ စားေသာက္ကုန္အမ်ိဳးမ်ိဳးအား ျပန္လည္သယ္ေဆာင္လာေလ့ရွိေၾကာင္း သယ္ယူပို႔ေဆာင္ခမွာ ကုန္ပစၥည္းေပၚမူတည္၍ ဘတ္(၃၀၀)မွ ဘတ္(၁၀၀၀)ထိ အျမတ္ေငြက်န္ေလ့ရွိေၾကာင္း သံုးဘီးေမာင္းႏွင္သူမ်ားထံမွ သိရသည္။

သတင္း။  ။ ကိုဇက္
................

တာချီလိတ်၊ မေလ(၂၃)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့၌ ဒေသတွင်း ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ်များသည် ခရီးသည်ပို့ဆောင်ရေးထက် ထိုင်းနိုင်ငံမှ တစ်ပိုင်တစ်နိုင် ကုန်စည်သယ်ဆောင်ရေးကို အားထားလာနေရကြောင်း သိရသည်။

"အရင်တုန်းကတော့ ခရီးသွားများလို့ အလုပ်အကိုင် အဆင်ပြေပါတယ်။ နောက်ပိုင်းတော့ ထိုင်းနိုင်ငံထုတ် ပစ္စည်းတွေကို ဒေသတွင်း ပြန်လည်ရောင်းချဖို့ သယ်ဆောင်တဲ့နေရာမှာ အသုံးပြုတာ ပိုများလာတယ်။ မယ်ဆိုင်က ကုန်တွေဆိုရင်အစုံပဲ။ ဟင်းသီးဟင်းရွက်ကနေ စားသောက်ကုန် အစုံသယ်တာ။ မြန်မာဘက်ကဆို ဒေသထွက်ကုန်ဖြစ်တဲ့ ရာသီ သီးနှံတွေ ပို့တာပေါ့"ဟု သုံးဘီးဆိုင်ကယ်မောင်းနှင်သူ ကိုမျိုးမင်းဦးက ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဒေသတွင်း ပြန်လည်ရောင်းချရန် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများကို တစ်ပိုင်တစ်နိုင်သယ်ယူခွင့်အား ရှမ်းပြည်နယ်အစိုးရမှ အခွန်ငွေ(၃) ရာခိုင်နှုန်းသာကောက်ခံပြီး သယ်ဆောင်ခွင့်ပြုထားခြင်းဖြစ်သည်။

ကုန်ပစ္စည်းသယ်သည့် သုံးဘီးဆိုင်ကယ်များအား ထိုင်းနိုင်ငံမှ အခွန်ငွေကောက်ခံကြောင်း သိရသည်။
"မယ်ဆိုင်ကကုန်တွေ သယ်လာရင် ပစ္စည်းအနည်းအများပေါ်မူတည်ပြီး ရှမ်းပြည်နယ်အစိုးရက အခွန်ငွေ(၃) ရာခိုင်နှုန်းဆိုပြီး ကောက်တယ်။ ပစ္စည်းနည်းရင် ဘတ်(၁၀၀)၊ များရင်တော့ ဘတ်(၂၀၀)ပေါ့။ အဓိကသယ်တာလည်း ဟင်းသီးဟင်းရွက်နဲ့ အသား၊ ငါးတွေနဲ့ တခြားစားသောက်ကုန်တွေ သယ်တာများပါတယ်။ တချို့ကလည်း သစ်သီးသယ်ကြတယ် "ဟု သုံးဘီးမောင်းနှင်သူ ကိုထွန်းထွန်းက ပြောသည်။

သုံးဘီးဆိုင်ကယ်ဖြင့် ကုန်ပစ္စည်းများသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းမှလွဲ၍ ကျန်ကုန်စည်များအား သယ်ယူခွင့်ပြုထားကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ထောပတ်သီးကဲ့သို့ သီးနှံများတင်ပို့ရပြီး ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်အမျိုးမျိုးအား ပြန်လည်သယ်ဆောင်လာလေ့ရှိကြောင်း သယ်ယူပို့ဆောင်ခမှာ ကုန်ပစ္စည်းပေါ်မူတည်၍ ဘတ်(၃၀၀)မှ ဘတ်(၁၀၀၀)ထိ အမြတ်ငွေကျန်လေ့ရှိကြောင်း သုံးဘီးမောင်းနှင်သူများထံမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~