နယ္စပ္ေငြလဲႏႈန္း ျမႇင့္တက္မႈေၾကာင့္ ျပည္တြင္း စားသံုးကုန္ပစၥည္း မွာယူေရာင္းခ်သူမ်ားအတြက္ အခက္ေတြ႕

နယ္စပ္ေငြလဲႏႈန္း ျမႇင့္တက္မႈေၾကာင့္ ျပည္တြင္း စားသံုးကုန္ပစၥည္း မွာယူေရာင္းခ်သူမ်ားအတြက္ အခက္ေတြ႕
ဧပြီ 28, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၂၈)
ထိုင္းနယ္စပ္ က်ပ္ေငြေစ်းႏွဳန္းမ်ား အဆက္မျပတ္ျမႇင့္တက္မႈေၾကာင့္ ျပည္တြင္းမွ စားသံုးကုန္ပစၥည္းမ်ား မွာယူ ေရာင္းခ်ရေသာ ေဒသတြင္း ကုန္သည္မ်ား အတြက္ ဆံုးရွံဳးနစ္နာမႈမ်ားရွိေနေၾကာင္း သိရသည္။

"ထိုင္းက ပစၥည္းသြင္းတဲ့လူေတြ က်ပ္ေစ်းတက္လာတာနဲ႔အမွ် ကုန္ပစၥည္းပိုသြင္းလို႔ရတယ္၊ ကၽြန္ေတာ္တို႔လို ျပည္တြင္းက ဆန္၊ ဆီ၊ ဆား လို စားေသာက္ကုန္ေတြ မွာၿပီး ဒီမွာေရာင္းခ်တဲ့ ကုန္သည္ေတြအတြက္ အရွံဳးေပၚတာေပါ့၊ အရင္က ပစၥည္းလက္က်န္ေတြက ျပႆနာမရွိေပမယ့္ အခု ကုန္အသစ္၀ယ္ဖို႔ဆိုရင္ ေငြေစ်းေၾကာင့္ အခက္ေတြ႕ေနရတယ္"ဟု ၿဖိဳးကုန္စံုဆိုင္ လုပ္ငန္းရွင္ ဦးေဇာ္ျမင့္က ေျပာသည္။

ျမန္မာ က်ပ္ေငြေစ်း တက္လာသည့္အတြက္ ေဒသတြင္း စားေသာက္ကုန္ပစၥည္းမ်ားမွာ ထိုင္းဘတ္ေငြႏွင့္ ေရာင္းခ်ရသည့္ အတြက္ ကုန္ေစ်းႏွဳန္း လိုက္တက္လွ်က္ရွိေၾကာင္း ျပည္တြင္းမွ ကုန္စည္မွာ ယူရာတြင္လည္း ယခင္ကထက္ နည္းပါးသြားေၾကာင္း ၎ထံမွ သိရသည္။

"တာခ်ီလိတ္မွာ အေျခခံစားေသာက္ကုန္ အမ်ားစုကို ျပည္တြင္းက မွာယူၿပီး ေရာင္းခ်ေနၾကတာျဖစ္တဲ့ အတြက္ က်ပ္ေစ်းတက္လာတာနဲ႔ ဒီဘက္မွာ ကုန္ေစ်းႏွဳန္းတက္မွာဘဲ ျပည္တြင္းမွာ ကုန္ေစ်းႏွဳန္းတက္လို႔ တက္တာေတာ့မဟုတ္ဘူး၊ က်ပ္ - ဘတ္ ေစ်းႏွဳန္းအေျပာင္းအလဲေၾကာင့္ လိုက္တက္တာပါ"ဟု ကုန္သည္တစ္ဦးျဖစ္သူ ကိုစိုင္းမ်ဳိးျမင့္က ေျပာသည္။

ျမန္မာက်ပ္ေငြေစ်းမ်ားမွာ ယခင္ ၂၀၁၅ ခုႏွစ္ အတြင္း က်ပ္(၁၀၀)လွ်င္ (၂.၈)ဘတ္ႏွဳန္းေပါက္ခဲ့ရာ ယခု ၂၀၁၆ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္၍ က်ပ္(၁၀၀)လွ်င္ (၃)ဘတ္ႏွဳန္းေပါက္ေစ်းရွိေၾကာင္း ေဒသခံ ကုန္သည္မ်ားထံမွ သိရသည္။

ယခင္ ၂၀၁၅ ခုႏွစ္အတြင္း ကီလို(၄၀)ပါ ေပၚဆန္းေမြးတစ္အိတ္လွ်င္ ထိုင္းဘတ္(၁,၂၀၀)ခန္႔ရွိၿပီး ယခု ၂၀၁၆ ခုႏွစ္ ဧၿပီလတြင္ ထိုင္းဘတ္(၁,၃၅၀)ခန္႔ေပါက္ေစ်းရွိေၾကာင္း ေဒသတြင္း စားသံုးကုန္ ပစၥည္းေရာင္းခ်သူမ်ား ထံမွ သိရသည္။

သတင္း။  ။ ကိုဇက္

.................

တာချီလိတ်၊ ဧပြီ(၂၈)
ထိုင်းနယ်စပ် ကျပ်ငွေဈေးနှုန်းများ အဆက်မပြတ်မြှင့်တက်မှုကြောင့် ပြည်တွင်းမှ စားသုံးကုန်ပစ္စည်းများ မှာယူ ရောင်းချရသော ဒေသတွင်း ကုန်သည်များ အတွက် ဆုံးရှုံးနစ်နာမှုများရှိနေကြောင်း သိရသည်။

"ထိုင်းက ပစ္စည်းသွင်းတဲ့လူတွေ ကျပ်ဈေးတက်လာတာနဲ့အမျှ ကုန်ပစ္စည်းပိုသွင်းလို့ရတယ်၊ ကျွန်တော်တို့လို ပြည်တွင်းက ဆန်၊ ဆီ၊ ဆား လို စားသောက်ကုန်တွေ မှာပြီး ဒီမှာရောင်းချတဲ့ ကုန်သည်တွေအတွက် အရှုံးပေါ်တာပေါ့၊ အရင်က ပစ္စည်းလက်ကျန်တွေက ပြဿနာမရှိပေမယ့် အခု ကုန်အသစ်ဝယ်ဖို့ဆိုရင် ငွေဈေးကြောင့် အခက်တွေ့နေရတယ်"ဟု ဖြိုးကုန်စုံဆိုင် လုပ်ငန်းရှင် ဦးဇော်မြင့်က ပြောသည်။

မြန်မာ ကျပ်ငွေဈေး တက်လာသည့်အတွက် ဒေသတွင်း စားသောက်ကုန်ပစ္စည်းများမှာ ထိုင်းဘတ်ငွေနှင့် ရောင်းချရသည့် အတွက် ကုန်ဈေးနှုန်း လိုက်တက်လျှက်ရှိကြောင်း ပြည်တွင်းမှ ကုန်စည်မှာ ယူရာတွင်လည်း ယခင်ကထက် နည်းပါးသွားကြောင်း၎င်းထံမှ သိရသည်။

"တာချီလိတ်မှာ အခြေခံစားသောက်ကုန် အများစုကို ပြည်တွင်းက မှာယူပြီး ရောင်းချနကြေတာဖြစ်တဲ့ အတွက် ကျပ်ဈေးတက်လာတာနဲ့ ဒီဘက်မှာ ကုန်ဈေးနှုန်းတက်မှာဘဲ ပြည်တွင်းမှာ ကုန်ဈေးနှုန်းတက်လို့ တက်တာတော့မဟုတ်ဘူး၊ ကျပ် - ဘတ် ဈေးနှုန်းအပြောင်းအလဲကြောင့် လိုက်တက်တာပါ"ဟု ကုန်သည်တစ်ဦးဖြစ်သူ ကိုစိုင်းမျိုးမြင့်က ပြောသည်။

မြန်မာကျပ်ငွေဈေးများမှာ ယခင် ၂၀၁၅ ခုနှစ် အတွင်း ကျပ်(၁၀၀)လျှင် (၂.၈)ဘတ်နှုန်းပေါက်ခဲ့ရာ ယခု ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ကျပ်(၁၀၀)လျှင် (၃)ဘတ်နှုန်းပေါက်ဈေးရှိကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

ယခင် ၂၀၁၅ ခုနှစ်အတွင်း ကီလို(၄၀)ပါ ပေါ်ဆန်းမွေးတစ်အိတ်လျှင် ထိုင်းဘတ်(၁,၂၀၀)ခန့်ရှိပြီး ယခု ၂၀၁၆ ခုနှစ် ဧပြီလတွင် ထိုင်းဘတ်(၁,၃၅၀)ခန့်ပေါက်ဈေးရှိကြောင်း ဒေသတွင်း စားသုံးကုန် ပစ္စည်းရောင်းချသူများ ထံမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~