တာချီလိတ်မြို့၏ ဒေသတွင်းပို့ဆောင်ရေးယာဉ်လိုင်းများ လိုင်စင်မဲ့ယာဉ်များဖြင့် ဈေးကွက်လုနေရ
တာချီလိတ်မြို့၏ ဒေသတွင်းပို့ဆောင်ရေးယာဉ်လိုင်းများ လိုင်စင်မဲ့ယာဉ်များဖြင့် ဈေးကွက်လုနေရ
ဧပွီ 22, 2016
By Tachileik News Agency
တာချီလိတ်၊ ဧပြီလ (၂၂) ရက်
ထိုင်း - မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒေသတွင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွင် လုပ်ငန်းလိုင်စင်ဖြင့် ပြေးဆွဲနေသောယာဉ်လိုင်းများအနေဖြင့် လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲနေသည့် ယာဉ်များဖြင့် ဈေးကွက်ယှဉ်ပြိုင်နေရကြောင်း သိရသည်။
လုပ်ငန်းလိုင်စင်မရှိသည့် သုံးဘီးဆိုင်ကယ်နှင့် ကားများတိုးလာခြင်းကြောင့် တရားဝင် လုပ်ငန်း လိုင်စင်ရှိသည့် ခရီးသည်တင်ယာဉ်မောင်းများ အနေဖြင့် ယခင်က နေ့စဉ် ဝင်ငွေ ဘတ် (၁၀၀၀)ခန့်ရရှိနေရာမှ ယခုအချိန်တွင် နေ့စဉ်ဝင်ငွေ ဘတ်(၅၀၀)ခန့်သာ ရရှိတော့ကြောင်း သိရသည်။
လိုင်စင်မရှိဘဲပြေးဆွဲနေသည့် ကားနှင့် ဆမ်လော့များအား လုပ်ငန်းလိုင်စင်ထုတ်ပေးရန် တာချီလိတ်မြို့နယ် မော်တော်ယာဉ်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီ (မထသ) အနေဖြင့် စီစဉ်နေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ခရီးသည်ပို့ ဆောင်ရေး ယာဉ်ငယ်လိုင်းအဖြစ် ဟောင်လိတ်ယာဉ်ငယ်လိုင်း၊ မယ်ယန်း ယာဉ်ငယ်လိုင်း၊ မိုင်းကိုး ယာဉ်ငယ်လိုင်း (၃)လိုင်းမှ ကားအစီးရေ (၁၀၀)ကျော် ပြေးဆွဲနေခြင်းဖြစ်သည်။
သတင်း။  ။ ဇွဲမြတ်
***************
တာချီလိတ်၊ ဧပြီလ (၂၂) ရက်
ထိုင်း - မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒေသတွင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွင် လုပ်ငန်းလိုင်စင်ဖြင့် ပြေးဆွဲနေသောယာဉ်လိုင်းများအနဖြေင့် လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲနေသည့် ယာဉ်များဖြင့် ဈေးကွက်ယှဉ်ပြိုင်နေရကြောင်း သိရသည်။
"အခုလက်ရှိ ခရီးသည်သယ်ယူပို့ဆောင်မှု အခြေအနေကတော့ အရင်နှစ်တွေကထက် သိသိသာသာကြီးကို လျော့လာတယ်။ ဘာလို့လဲဆိုတော့ တရားဝင်လုပ်ငန်းလိုင်စင်မရှိတဲ့ ဆမ်လော့ (သုံးဘီးဆိုင်ကယ်)တို့၊ ခွေးဘီလူးကားလေးတွေက ကျောက်တိုင်ရှေ့မှာ လာစောင့်ပြီး ခရီးသည်တွေကို လာခေါ်ပြီးသယ်သွားကြတော့ ကျွန်တော်တို့လို တရားဝင် လုပ်ငန်းလိုင်စင်ရှိကြတဲ့ ခရီးသည်တင် ယာဉ်မောင်းသမားတွေက ခရီးသည်ရရှိမှုနှုန်း တဖြည်းဖြည်း လျော့လာတာပေါ့" ဟု လိုင်စင်ဖြင့် ပြေးဆွဲနေသည့် အငှါးယာဉ်မောင်းဖြစ်သူ ဦးလှမြင့်က ပြောသည်။
လုပ်ငန်းလိုင်စင်မရှိသည့် သုံးဘီးဆိုင်ကယ်နှင့် ကားများတိုးလာခြင်းကြောင့် တရားဝင် လုပ်ငန်း လိုင်စင်ရှိသည့် ခရီးသည်တင်ယာဉ်မောင်းများ အနဖြေင့် ယခင်က နေ့စဉ် ဝင်ငွေ ဘတ် (၁၀၀၀)ခန့်ရရှိနေရာမှ ယခုအချိန်တွင် နေ့စဉ်ဝင်ငွေ ဘတ်(၅၀၀)ခန့်သာ ရရှိတော့ကြောင်း သိရသည်။
"အဲဒီ လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်နကြေတဲ့ ကားတွေ၊ဆမ်လော့တွေကြောင့် အစ်ကိုတို့မှာ ခရီးသည်တင်ရတာက တဖြည်းဖြည်းပါးလာတယ်။ ကိုယ်ပိုင်ကားနဲ့ ခရီးသည်တင်ယာဉ်ဆွဲပြီး လုပ်စားနေတဲ့ သူတွေထက် အစ်ကိုတို့လို သူများကားကို ငှါးပြီးမောင်းနေရတဲ့သူတွေကတော့ ကားမောင်းပြီးလို့ ဆီဖိုး၊ အုံနာခ ဘာညာ ဖယ်လိုက်ရင် ကိုယ့်အတွက်က (၂၀)၊(၃၀)လောက်ပဲကျန်တယ်။"ဟု အငှါးယာဉ်မောင်းတစ်ဦးက ပြောသည်။
လိုင်စင်မရှိဘဲပြေးဆွဲနေသည့် ကားနှင့် ဆမ်လော့များအား လုပ်ငန်းလိုင်စင်ထုတ်ပေးရန် တာချီလိတ်မြို့နယ် မော်တော်ယာဉ်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီ (မထသ) အနဖြေင့် စီစဉ်နေကြောင်း သိရသည်။
"အဲဒီ အဝိုင်းနားမှာတို့၊ ကျောက်တိုင်ရှေ့တို့မှာ ကားထိုးပြီး ခရီးသည်စောင့်နကြေတဲ့ ကားသမားတွေ အတွက် လုပ်ငန်းလိုင်စင်ရဖို့ဆောင်ရွက်ပေးနေပါတယ်။ ပြီးရင် သူတို့အခုလို လမ်းမကြီးပေါ်မှာ ခရီးသည် စောင့်နေရတာက သူတို့အတွက် ကားရပ်နားဖို့နေရာ စီစဉ်ပေးဖို့ အတွက် ဌာနဆိုင်ရာတွေမှာလည်း အခက်အခဲလေးတွေ ရှိနေပါသေးတယ်။"ဟု မထသ ဥက္ကဌ ဦးစဝ်စိုးလင်းက ဆိုသည်။
တာချီလိတ်မြို့တွင် ခရီးသည်ပို့ဆောင်ရေး ယာဉ်ငယ်လိုင်းအဖြစ် ဟောင်လိတ်ယာဉ်ငယ်လိုင်း၊ မယ်ယန်း ယာဉ်ငယ်လိုင်း၊ မို်င်းကိုး ယာဉ်ငယ်လိုင်း (၃)လိုင်းမှ ကားအစီးရေ (၁၀၀)ကျော် ပြေးဆွဲနခြေင်းဖြစ်သည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~