လုပ်ငန်းခွင်မှဆုံးရှုံးမှုများအား နေပြည်တော်တွင် တောင်းဆိုမည့် စစ်ကိုင်းစက်မှုဇုန်လုပ်သားများ ဝမ်းတွင်းတွင် ညှိနှိုင်းမှုပြေလည်

လုပ်ငန်းခွင်မှဆုံးရှုံးမှုများအား နေပြည်တော်တွင် တောင်းဆိုမည့် စစ်ကိုင်းစက်မှုဇုန်လုပ်သားများ ဝမ်းတွင်းတွင် ညှိနှိုင်းမှုပြေလည်
ဧပွီ 27, 2016
By Tachileik News Agency

ဝမ်းတွင်း၊ ဧပြီလ (၂၇) ရက်
လုပ်ငန်းခွင်မှ ဆုံးရှုံးမှုများအား နေပြည်တော်တွင် တောင်းဆိုရန် ထွက်ခွာလာသည့် စစ်ကိုင်းမြို့စက်မှုဇုန်ရှိ Myanmar Veneer & plywood စက်ရုံမှ လုပ်သားများ မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့သို့ ဧပြီလ (၂၆)ရက်က ရောက်ရှိခဲ့ရာ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ ညှိနှိုင်းပေးသဖြင့် စစ်ကိုင်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ လုပ်သားများသည် ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ (၂၉)ရက်က အချက်(၆)ချက်အား တောင်းဆိုထားခြင်းကို အလုပ်ရှင်က ညှိနှိုင်းရာတွင် အစိုးရ၊ အလုပ်သမား၊ စက်ရုံကိုယ်စားလှယ် သုံးပွင့်ဆိုင် ဆွေးနွေးမှု မဟုတ်သဖြင့် နေပြည်တော်တွင် ဆက်လက်တောင်းဆိုရန် လုပ်သား (၁၃၀)ဖြင့် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့သို့ ရောက်ရှိချိန်တွင် မန္တလေးတိုင်းဒေကြီး အလုပ်သမားညွှန်ကြားရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးရာ နေ့လယ်ပိုင်းတွင် ညှိနှိုင်းမှုပြေလည်သွားသဖြင့် အလုပ်သမားများက ဝမ်းတွင်းမြို့မှ ပြန်လည်ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း သိရသည်။



သတင်း/ဓာတ်ပုံ။  ။ ကိုလင်း(၀မ်းတွင်း)
.........

ဝမ်းတွင်း၊ ဧပြီလ (၂၇) ရက်
လုပ်ငန်းခွင်မှ ဆုံးရှုံးမှုများအား နပြေည်တော်တွင် တောင်းဆိုရန် ထွက်ခွာလာသည့် စစ်ကိုင်းမြို့စက်မှုဇုန်ရှိ Myanmar Veneer & plywood စက်ရုံမှ လုပ်သားများ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့သို့ ဧပြီလ (၂၆)ရက်က ရောက်ရှိခဲ့ရာ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ ညှိနှိုင်းပေးသဖြင့် စစ်ကိုင်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ လုပ်သားများသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂၉)ရက်က အချက်(၆)ချက်အား တောင်းဆိုထားခြင်းကို အလုပ်ရှင်က ညှိနှိုင်းရာတွင် အစိုးရ၊ အလုပ်သမား၊ စက်ရုံကိုယ်စားလှယ် သုံးပွင့်ဆိုင် ဆွေးနွေးမှု မဟုတ်သဖြင့် နပြေည်တော်တွင် ဆက်လက်တောင်းဆိုရန် လုပ်သား (၁၃၀)ဖြင့် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့သို့ ရောက်ရှိချိန်တွင် မန္တလေးတိုင်းဒကြေီး အလုပ်သမားညွှန်ကြားရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့်က အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးရာ နေ့လယ်ပိုင်းတွင် ညှိနှိုင်းမှုပြေလည်သွားသဖြင့် အလုပ်သမားများက ဝမ်းတွင်းမြို့မှ ပြန်လည်ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ၏ တောင်းဆိုချက်(၆)မှာ အလုပ်ရှင်အလုပ်သမား စာချုပ်ပါ သဘောတူညီချက် အခွင့်အရေးရရှိရန်၊ နိုင်ငံသားကသာ စက်ရုံအုပ်ချုပ်ခွင့်ရှိစေရန်၊ အလုပ်ရှင် အလုပ်သမား ခွဲခြားဆက်ဆံရေး မရှိစေရန်၊ စက်ရုံအတွင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီဖွဲ့စည်းရန်၊ အလုပ်သမားဖယ်ရီကား စီစဉ်ပေးရန်၊ အလုပ်မှထုတ်ပယ်သော အလုပ်သမားများ ပြန်လည် ခန့်ထားပေးပါရန်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများ၏ တောင်းဆိုချက်များအား ဆက်လက်ညှိနှိုင်းရန်အတွက် ကူညီဆောင်ရွက်ပေးရန် မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးမှူးက ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~