ဝမ္းတြင္းၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း မႈခင္းအေရအတြက္က်ဆင္းလာ

ဝမ္းတြင္းၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း မႈခင္းအေရအတြက္က်ဆင္းလာ
ဧပြီ 17, 2016
By Tachileik News Agency

ဝမ္းတြင္း၊ ဧၿပီလ (၁၇) ရက္
မႏၱေလးတိုင္းေဒသႀကီး ဝမ္တြင္းၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း ယခင္နွစ္မ်ားထက္ မႈခင္းအေရအတြက္ က်ဆင္းသြားေၾကာင္း သိရသည္။

၂၀၁၅ ခုႏွစ္ သႀကၤန္ကာလအတြင္း မႈခင္း (၇)မႈျဖစ္ပြားခဲ့ေသာ္လည္း ၂၀၁၆ ခုႏွစ္ သႀကၤန္ကာလတြင္ မႈခင္း (၂)ခုသာျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဝမ္းတြင္းျမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ တင္ထြန္းေအာင္ ထံမွ သိရသည္။

"ယခင္နွစ္ သႀကၤန္ထက္ မႈခင္းျဖစ္ပြားမႈ သိသာစြာက်ဆင္းသြားခ့ဲပါတယ္။ ၂၀၁၆ခုႏွစ္ သႀကၤန္မွာ ယာဥ္မေတာ္တဆတစ္မႈနဲ႔ ခုိက္ရန္ျဖစ္ပြားမႈ တစ္မႈသာ ရိွခဲ့ပါတယ္။ အမ်ားျပည္သူကလည္း ပူးေပါင္းပါဝင္လာၾကပါတယ္”ဟု နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္တင္ထြန္းေအာင္က ဆိုသည္။

ဝမ္တြင္းၿမိဳ႕နယ္အတြင္း သႀကၤန္ကာလမတိုင္မီ ဧၿပီလဆန္းက ယာဥ္အႏၱရာယ္ကာကြယ္ေရး အသိပညာေပးျခင္း၊ ကင္းလွည့္ျခင္း၊ ကာမစိတ္ၾကြေဆးမ်ား ေရာင္းခ်ျခင္းရိွ၊ မရိွ လိုက္လံစစ္ေဆးျခင္းမ်ားအား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုလင္း(၀မ္းတြင္း)
................

ဝမ်းတွင်း၊ ဧပြီလ (၁၇) ရက်
မန္တလေးတိုင်းဒေသကြီး ဝမ်တွင်းမြို့တွင် သင်္ကြန်ကာလအတွင်း ယခင်နှစ်များထက် မှုခင်းအရေအတွက် ကျဆင်းသွားကြောင်း သိရသည်။

၂၀၁၅ ခုနှစ် သင်္ကြန်ကာလအတွင်း မှုခင်း (၇)မှုဖြစ်ပွားခဲ့သော်လည်း ၂၀၁၆ ခုနှစ် သင်္ကြန်ကာလတွင် မှုခင်း (၂)ခုသာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် တင်ထွန်းအောင် ထံမှ သိရသည်။

"ယခင်နှစ် သင်္ကြန်ထက် မှုခင်းဖြစ်ပွားမှု သိသာစွာကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၆ခုနှစ် သင်္ကြန်မှာ ယာဉ်မတော်တဆတစ်မှုနဲ့ ခိုက်ရန်ဖြစ်ပွားမှု တစ်မှုသာ ရှိခဲ့ပါတယ်။ အများပြည်သူကလည်း ပူးပေါင်းပါဝင်လာကြပါတယ်”ဟု နယ်ထိန်းခေါင်းဆောင် ရဲအုပ်တင်ထွန်းအောင်က ဆိုသည်။

ဝမ်တွင်းမြို့နယ်အတွင်း သင်္ကြန်ကာလမတိုင်မီ ဧပြီလဆန်းက ယာဉ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကင်းလှည့်ခြင်း၊ ကာမစိတ်ကြွဆေးများ ရောင်းချခြင်းရှိ၊ မရှိ လိုက်လံစစ်ဆေးခြင်းများအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~