တာခ်ီလိတ္ခရိုင္ ဝမ္ပံုဆိပ္ကမ္းမွ မတ္လအတြင္း အခြန္ေငြ ေဒၚလာရွစ္ေထာင္ေက်ာ္ရရိွခဲ့

တာခ်ီလိတ္ခရိုင္ ဝမ္ပံုဆိပ္ကမ္းမွ မတ္လအတြင္း အခြန္ေငြ ေဒၚလာရွစ္ေထာင္ေက်ာ္ရရိွခဲ့
ဧပြီ 30, 2016
By Tachileik News Agency
ပံုအညႊန္း။  ။ ႀတိဂံေဒသ ထိုင္းဘက္မွ ျမင္ေတြ႕ရပံု

တာခ်ီလိတ္၊ ဧၿပီလ (၃၀) ရက္
တရုတ္ႏိုင္ငံမွ ကုန္တင္သေဘၤာမ်ား ျမန္မာႏိုင္ငံပိုင္ မယ္ေခါင္ျမစ္ေၾကာင္းမွ ျမန္မာႏိုင္ငံဆိပ္ကမ္းအား အသံုးျပဳခအျဖစ္ ၂၀၁၆ ခုႏွစ္ မတ္လအတြင္းက အခြန္ေငြ အေမရိကန္ေဒၚလာ(၈)ေထာင္ေက်ာ္ ရရွိခဲ့ေၾကာင္း အျပည္ျပည္ဆိုင္ရာ ျပည္တြင္းဆိပ္ကမ္း(၀မ္ပံု)သေဘၤာဆိုက္ကပ္မႈ စာရင္းမ်ားအရ သိရသည္။

တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္အတြင္းမွ ထုတ္ကုန္မ်ားႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွ ထုတ္ကုန္မ်ားအား မယ္ေခါင္ျမစ္ေၾကာင္း အသံုးျပဳ၍ အျပန္အလွန္ပို႔ေဆာင္လွ်က္ရွိရာ ျမန္မာႏိုင္ငံေရေၾကာင္း ၀မ္ပံုဆိပ္ကမ္းတြင္ သေဘာၤဆိုက္ကပ္မႈအတြက္ အခြန္ေပးေဆာင္ရျခင္းျဖစ္ေၾကာင္း သိရသည္။

တရုတ္နိုင္ငံ၊ က်င္းဟုန္ဆိပ္ကမ္းမွ ထိုင္းနိုင္ငံ၊ က်င္းရွဲန္ဆိပ္ကမ္းသို႔ သြားရန္ ျမန္မာႏုိင္ငံရိွ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္ပံု အျပည္ျပည္ဆိုင္ရာ(ျပည္တြင္း) ဆိပ္ကမ္းမွ ျဖတ္သန္းသြားလာရၿပီး ဆိပ္ကမ္းဆိုက္ကပ္ခြန္အျဖစ္ တန္(၁၀၀)အထက္ သေဘၤာ (၁)စီးလွ်င္ အေမရိကန္ေဒၚလာ (၅၀)၊ တန္(၁၀၀)ေအာက္ သေဘၤာ (၁)စီးလွ်င္ အေမရိကန္ေဒၚလာ (၄၀) နႈန္း အခြန္ေပးေဆာင္ရျခင္းျဖစ္ေၾကာင္း ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

အျပည္ျပည္ဆိုင္ရာ ျပည္တြင္းဆိပ္ကမ္း(၀မ္ပံု)မွ ၂၀၁၆ ခုႏွစ္၊ မတ္ လအတြင္း သေဘၤာဆိုက္ကပ္မႈ စာရင္းမ်ားအရ ျဖတ္သန္းသြားလာသည့္ စုစုေပါင္း သေဘၤာအစီးေရ (၁၇၆)စီးရွိၿပီး တန္(၁၀၀)ေအာက္ သေဘၤာ (၅၁)စီး၊ တန္(၁၀၀)အထက္ သေဘၤာ(၁၂၅)စီး ျဖစ္ေၾကာင္းနွင့္ ေကာက္ခံရရွိေသာ အခြန္ေငြေပါင္းမွာ အေမရိကန္ေဒၚလာ(၈၂၉၀)ျဖစ္ေၾကာင္း ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

သတင္း ။  ။ ကိုဇက္
............................

တာချီလိတ်၊ ဧပြီလ (၃၀) ရက်
တရုတ်နိုင်ငံမှ ကုန်တင်သင်္ဘောများ မြန်မာနိုင်ငံပိုင် မယ်ခေါင်မြစ်ကြောင်းမှ မြန်မာနိုင်ငံဆိပ်ကမ်းအား အသုံးပြုခအဖြစ် ၂၀၁၆ ခုနှစ် မတ်လအတွင်းက အခွန်ငွေ အမေရိကန်ဒေါ်လာ(၈)ထောင်ကျော် ရရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း(ဝမ်ပုံ)သင်္ဘောဆိုက်ကပ်မှု စာရင်းများအရ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းမှ ထုတ်ကုန်များနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ထုတ်ကုန်များအား မယ်ခေါင်မြစ်ကြောင်း အသုံးပြု၍ အပြန်အလှန်ပို့ဆောင်လျှက်ရှိရာ မြန်မာနိုင်ငံရေကြောင်း ဝမ်ပုံဆိပ်ကမ်းတွင် သင်္ဘောဆိုက်ကပ်မှုအတွက် အခွန်ပေးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ကျင်းဟုန်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ၊ ကျင်းရှဲန်ဆိပ်ကမ်းသို့ သွားရန် မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ(ပြည်တွင်း) ဆိပ်ကမ်းမှ ဖြတ်သန်းသွားလာရပြီး ဆိပ်ကမ်းဆိုက်ကပ်ခွန်အဖြစ် တန်(၁၀၀)အထက် သင်္ဘော (၁)စီးလျှင် အမေရိကန်ဒေါ်လာ (၅၀)၊ တန်(၁၀၀)အောက် သင်္ဘော (၁)စီးလျှင် အမေရိကန်ဒေါ်လာ (၄၀) နှုန်း အခွန်ပေးဆောင်ရခြင်းဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း(ဝမ်ပုံ)မှ ၂၀၁၆ ခုနှစ်၊ မတ် လအတွင်း သင်္ဘောဆိုက်ကပ်မှု စာရင်းများအရ ဖြတ်သန်းသွားလာသည့် စုစုပေါင်း သင်္ဘောအစီးရေ (၁၇၆)စီးရှိပြီး တန်(၁၀၀)အောက် သင်္ဘော (၅၁)စီး၊ တန်(၁၀၀)အထက် သင်္ဘော(၁၂၅)စီး ဖြစ်ကြောင်းနှင့် ကောက်ခံရရှိသော အခွန်ငွေပေါင်းမှာ အမေရိကန်ဒေါ်လာ(၈၂၉၀)ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~