တာချီလိတ်၌ ရေရှားပါးသည့် ရပ်ကွက်များ တိုးလာသဖြင့် ဌာနဆိုင်ရာနှင့် ဒေသခံများ ကိုယ်ထူကိုယ်ထ ရေပေးဝေမှုများ လုပ်ဆောင်လာ

တာချီလိတ်၌ ရေရှားပါးသည့် ရပ်ကွက်များ တိုးလာသဖြင့် ဌာနဆိုင်ရာနှင့် ဒေသခံများ ကိုယ်ထူကိုယ်ထ ရေပေးဝေမှုများ လုပ်ဆောင်လာ
ဧပွီ 29, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီလ(၂၉)ရက်
တာချီလိတ်မြို့တွင် ရေရှားပါးလာသည့် ရပ်ကွက်များတိုးလာသဖြင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်အပြင် ဒေသခံအလှူရှင်များကပါ ကိုယ်ထူကိုယ်ထ ရေပေးဝေမှုများ လုပ်ဆောင်လာကြကြောင်း သိရသည်။


ရေရှားပါးမှုနှင့်ကြုံတွေ့နေရသော ရပ်ကွက်များအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့အပြင် ပညာရေးဖောင်ဒေးရှင်း၊ တာချီလိတ်မြို့သံတာအားနာမိခင်အသင်း၊ အလင်းရောင်ပရဟိတအသင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရေသန့်လုပ်ငန်းများဖြစ်သည့် တော်ဝင် ၊ Golden Star ၊ Yellow စသည့်အလှုရှင်များကလည်း ရေဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။



သတင်း။   ။ ဇောင်းညီ

......................
တာချီလိတ်၊ ဧပြီလ(၂၉)ရက်
တာချီလိတ်မြို့တွင် ရေရှားပါးလာသည့် ရပ်ကွက်များတိုးလာသဖြင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်အပြင် ဒေသခံအလှူရှင်များကပါ ကိုယ်ထူကိုယ်ထ ရေပေးေဝမှုများ လုပ်ဆောင်လာကြကြောင်း သိရသည်။
"ရပ်ကွက်ထဲမှာ တချို့တွေက သောက်ရေ၊ သုံးရေရှားတာ တွေ့ရတယ်။ အဲဒါကြောင့် လိုအပ်ရင် လာယူလို့ရအောင် ရေသန့်စက်ရုံအရှေ့နားမှာ ရေစည်ပိုင်းတွေ ချထားပေးတာပါ။ အိမ်တိုင်ရာရောက် ဝေပေးဖို့တော့ အစီအစဉ် မရှိပါဘူး။ လိုအပ်သလို သုံးရေကော၊ သောက်ရေကော လာယူလို့ရပါတယ်။"ဟု တော်ဝင်သောက်ရေသန့်လုပ်ငန်းမှ မစန္ဒါက ပြောသည်။
ရေရှားပါးမှုနှင့်ကြုံတွေ့နေရသော ရပ်ကွက်များအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့အပြင် ပညာရေးဖောင်ဒေးရှင်း၊ တာချီလိတ်မြို့သံတာအားနာမိခင်အသင်း၊ အလင်းရောင်ပရဟိတအသင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရေသန့်လုပ်ငန်းများဖြစ်သည့် တော်ဝင်၊ Golden Star၊ Yellow စသည့်အလှုရှင်များကလည်း ရဖြေန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။
"ဒီနှစ်မှာ ရေရှားပါးတာက တော်တော်ဆိုးတယ်။ မြို့လယ်ခေါင်က ဘယ်တော့မှ မခန်းဖူးသေးတဲ့ နမ့်ယွန်းချောင်းကလည်း ဒီနှစ်မှာ ခန်းသွားတယ်။ သင်္ကြန်ပြီးတဲ့ ကာလနောက်ပိုင်းမှာ ရေရှားပါးမှု ပိုဖြစ်လာတယ်။ နောက်နှစ်တွေဆို ဘယ်လိုများ ရင်ဆိုင်ရမလဲ မသိဘူး။" ဟု နမ့်ယွန်းချောင်းဘေးနေထိုင်သူ ဦးအောင်ဖြိုးရှိန်က ပြောသည်။
တာချီလိတ်မြို့တွင် ရာသီဥတုအပူရှိန်လွန်ကဲလာကာ ရေတွင်းအများစုမှာ ရေခန်းခြောက်လာသဖြင့် ရေတွင်းများအား နှုံးဆယ်ခြင်း၊ ထပ်မံတူးဖော်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net