က်ဳိင္းတံုၿမိဳ႕တြင္ ပစၥည္းခိုးယူသည္ဟုနာမည္ႀကီးေနသူကို ခိုးရာပါ ဆိုင္ကယ္တစ္စီးႏွင့္အတူ ဖမ္းဆီးမိ

က်ဳိင္းတံုၿမိဳ႕တြင္ ပစၥည္းခိုးယူသည္ဟုနာမည္ႀကီးေနသူကို ခိုးရာပါ ဆိုင္ကယ္တစ္စီးႏွင့္အတူ ဖမ္းဆီးမိ
ဧပြီ 12, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ဧၿပီလ (၁၂)
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ရဲတပ္ဖြဲ႕ႏွင့္အုပ္ခ်ဳပ္ေရးဌာနမွ တာဝန္ရိွသူမ်ား လွည့္ကင္း ေဆာင္ရြက္ေနစဥ္ ဧၿပီလ (၁၁)ရက္ေန႔ ည(၈) နာရီအခ်ိန္ခန္႔က ေနာင္ကြမ္ေစ်းလမ္းအတြင္း ဆိုင္ကယ္တစ္စီးျဖင့္ မသကၤာဖြယ္ေတြ႔ရိွရသူအား စစ္ေဆးရာမွ ဆိုင္ကယ္ခိုးေၾကာင္း ေပၚေပါက္၍ ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

" ပစၥည္းခိုးတတ္တယ္လို႔ နာမည္ႀကီးေနတဲ့သူကို Honda (Wave 125) ဆိုင္ကယ္ကိုမစီးဘဲ တြန္းလာတာ ေတြ႕လို႔ မသကၤာတာနဲ႔ စစ္ေဆးဖမ္းဆီးခဲ့တာပါ " ဟု က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ ဒု-ရဲအုပ္လြမ္းမိုးက ေျပာသည္။

အဆိုပါျပစ္မႈႏွင့္ ပတ္သက္၍ ဆိုင္ကယ္ခိုးယူလာေၾကာင္း စစ္ေဆးေတြ႔ရိွရသျဖင့္ ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၂၉) ႏွစ္အရြယ္ ေက်ာ္လိႈင္အား က်ဳိင္းတံုၿမိဳ႕မရဲစခန္း၌
(ပ) ၇၀/၂၀၁၆၊ ပုဒ္မ ၃၇၉/၅၄ ျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္
.............

ကျိုင်းတုံ၊ ဧပြီလ (၁၂)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရဲတပ်ဖွဲ့နှင့်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ လှည့်ကင်း ဆောင်ရွက်နေစဉ် ဧပြီလ (၁၁)ရက်နေ့ ည(၈) နာရီအချိန်ခန့်က နောင်ကွမ်ဈေးလမ်းအတွင်း ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိရသူအား စစ်ဆေးရာမှ ဆိုင်ကယ်ခိုးကြောင်း ပေါ်ပေါက်၍ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

" ပစ္စည်းခိုးတတ်တယ်လို့ နာမည်ကြီးနေတဲ့သူကိုံသညိငေ်္ (ံလေန ၁၂၅) ဆိုင်ကယ်ကိုမစီးဘဲ တွန်းလာတာ တွေ့လို့ မသင်္ကာတာနဲ့ စစ်ဆေးဖမ်းဆီးခဲ့တာပါ " ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ဒု-ရဲအုပ်လွမ်းမိုးက ပြောသည်။

အဆိုပါပြစ်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်ခိုးယူလာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၂၉) နှစ်အရွယ် ကျော်လှိုင်အား ကျိုင်းတုံမြို့မရဲစခန်း၌
(ပ) ၇၀/၂၀၁၆၊ ပုဒ်မ ၃၇၉/၅၄ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~