ေတာင္ႀကီးၿမဳိ႕တြင္ လူငယ္တစ္ဦး ႀကဳိးဆြဲခ်ေသဆုံး

ေတာင္ႀကီးၿမဳိ႕တြင္ လူငယ္တစ္ဦး ႀကဳိးဆြဲခ်ေသဆုံး
ဧပြီ 20, 2016
By Tachileik News Agency

ေတာင္ႀကီး၊ ဧၿပီ(၂၀)
ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမဳိ႕ရတနာသီရိရပ္ကြက္ နယ္ေျမ(၁)တြင္ ဧၿပီလ(၁၉)ရက္က အသက္ႏွစ္ဆယ္ေက်ာ္ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးသြားေၾကာင္း သိရွိရသည္။

"ေကာင္ေလးက အသက္ႏွစ္ဆယ္ေက်ာ္ပဲရွိေသးတယ္။ သူ႔မိန္းမလည္းရွိတယ္။ သူ႔မိန္းမကလည္း ကိုယ္ဝန္ႀကီးနဲ႔။ ေန႔လယ္ပိုင္းေလာက္က သူ႔အေဖကို ေရေတာင္ထမ္းေပးေနတယ္။ မိသားစုနဲ႔ စကားမ်ားတာလည္း မရွိဘူး"ဟု ရာအိမ္မွဴး ဦးျမဝင္းက ေျပာသည္။

ေနအိမ္ဧည့္ခန္းရွိ ထုတ္တန္းတြင္ အရွည္တစ္ေပခန္႔ရွိေသာ ငါးမူးသံေခ်ာင္းခ်ိတ္၌ ပုဆိုးျဖင့္ခ်ိတ္ဆြဲ၍ ေသဆံုးျခင္းျဖစ္ၿပီး အဆိုပါေသဆုံးမႈကို ေတာင္ႀကီးၿမဳိ႕နယ္ေျမစခန္းမွ တာဝန္မွဴး ရဲအုပ္မ်ဳိးေဇာ္ ဦးစီးသည့္အဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးစုံစမ္းေၾကာင္း ရဲမွွတ္တမ္း၌ ေဖာ္ျပထားသည္။

အဆိုပါေသဆုံးမႈကို ဓမၼတာအတိုင္းေသဆုံးျခင္းဟုတ္မဟုတ္ စစ္ေဆးႏိုင္ရန္အတြက္ ေသမႈေသခင္း အမွတ္စဥ္ (၉/၁၆)ျဖင့္ ေတာင္ႀကီးၿမဳိ႕ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း။  ။ မင္းမင္း(ေတာင္ႀကီး)
..............

တောင်ကြီး၊ ဧပြီ(၂၀)
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရတနာသီရိရပ်ကွက် နယ်မြေ(၁)တွင် ဧပြီလ(၁၉)ရက်က အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သိရှိရသည်။

"ကောင်လေးက အသက်နှစ်ဆယ်ကျော်ပဲရှိသေးတယ်။ သူ့မိန်းမလည်းရှိတယ်။ သူ့မိန်းမကလည်း ကိုယ်ဝန်ကြီးနဲ့။ နေ့လယ်ပိုင်းလောက်က သူ့အဖေကို ရေတောင်ထမ်းပေးနေတယ်။ မိသားစုနဲ့ စကားများတာလည်း မရှိဘူး"ဟု ရာအိမ်မှူး ဦးမြဝင်းက ပြောသည်။

နေအိမ်ဧည့်ခန်းရှိ ထုတ်တန်းတွင် အရှည်တစ်ပေခန့်ရှိသော ငါးမူးသံချောင်းချိတ်၌ ပုဆိုးဖြင့်ချိတ်ဆွဲ၍ သေဆုံးခြင်းဖြစ်ပြီး အဆိုပါသေဆုံးမှုကို တောင်ကြီးမြို့နယ်မြေစခန်းမှ တာဝန်မှူး ရဲအုပ်မျိုးဇော် ဦးစီးသည့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးစုံစမ်းကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

အဆိုပါသေဆုံးမှုကို ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ရန်အတွက် သေမှုသေခင်း အမှတ်စဉ် (၉/၁၆)ဖြင့် တောင်ကြီးမြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။ မင်းမင်း(တောင်ကြီး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~