တာခ်ီလိတ္၌ ျပဳလုပ္သည့္ လူငယ္မ်ား ဘဝပိုင္းဆိုင္ရာကၽြမ္းက်င္မႈသင္တန္းတြင္ သင္တန္းသား ၃၇ ဦးတက္ေရာက္ခဲ့

တာခ်ီလိတ္၌ ျပဳလုပ္သည့္ လူငယ္မ်ား ဘဝပိုင္းဆိုင္ရာကၽြမ္းက်င္မႈသင္တန္းတြင္ သင္တန္းသား ၃၇ ဦးတက္ေရာက္ခဲ့
ဧပြီ 4, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၄) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဖြင့္လွစ္ခဲ့သည့္ ထိုင္းႏိုင္ငံအေျခစိုက္ တိုင္းရင္းသားလူငယ္ ေဖာင္ေဒးရွင္းႏွင့္ တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းတို႔ ပူးေပါင္းေဆာင္ရြက္သည့္ လူငယ္မ်ား ဘ၀ပိုင္းဆိုင္ရာကၽြမ္းက်င္မႈသင္တန္းကို သင္တန္းသား (၃၇) ဥိီး တက္ေရာက္ေၾကာင္း သိရသည္။

 “လူငယ္ေတာ္ေတာ္မ်ားမ်ားက ေျပာေရး ၊ ဆိုေရး သိပ္မရဲၾကဘူး။ သူတို႔ေရွ႕ေလွ်ာက္လာမည့္ ဘ၀အနာဂတ္မွာ ေျပာရဲဆိုရဲ ရွိေအာင္ ၊ ဘ၀ ပိုင္းဆိုင္ရာကၽြမ္းက်င္မႈေတြရွိေအာင္ ကၽြန္ေတာ္တို႔ ေဖာင္ေဒးရွင္းအေနနဲ႔ လာေရာက္သင္ၾကားေပးတာပါ။”ဟု ထိုင္းႏိုင္ငံအေျခစိုက္ တိုင္းရင္းသားလူငယ္ေဖာင္ေဒးရွင္းမွ ဒါရိုက္တာ Mr.Neville Cutting ကေျပာသည္။

ယင္းသင္တန္းတြင္  လူငယ္မ်ားအား ေတြးေခၚမႈပိုင္းဆိုင္ရာ ၊ လူအမ်ားေရွ႕ေတြ ေျပာရဲဆိုရဲ ရွိေရး ႏွင့္ စကားေျပာၿပိဳင္ပြဲေတြ ျမန္မာ - အဂၤလိပ္ ဘာသာစကားႏွစ္ခုျဖင့္ ေျပာဆိုႏိုင္ေရးတို႔ကို အဓိက သင္ေပးေၾကာင္း သိရသည္။

“တာခ်ီလိတ္ၿမိဳ႕မွာ ရွိတဲ့ ဆယ္ေက်ာ္သက္လူငယ္မ်ားကို အဓိက သင္ၾကားပို႔ခ်ေပးဖို႔ သူတို႔ေဖာင္ေဒးရွင္း အေနႏွင့္ တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းႏွင့္ ပူေပါင္းၿပီး လာေရာက္သင္ၾကားေပးတာပါ။ ေရွ႕ေလွ်ာက္ ေဖာင္ေဒးရွင္း ႏွစ္ခုပူေပါင္းၿပီး လူငယ္က႑ာ အသိပိုင္းဆိုင္ကၽြမ္းက်င္မႈေတြကို သင္ၾကားေပးသြားဖို႔ ရွိပါတယ္။”ဟု တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းမွ ဘ႑ာေရးမွဴး ေဒၚစိုးဥမၼာက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းကို ၂၀၁၅ ခုႏွစ္ ဇြန္လ ၆ ရက္ေန႔က ဖြဲ႕စည္းခဲ့ၿပီး အဓိက ဆင္းရဲႏြမ္းပါးကေလးမ်ားကို ပညာေရးအတြက္ လစဥ္ေထာက္ပံ့လွ်က္ရိွေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
***************

တာချီလိတ်၊ ဧပြီလ (၄) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဖွင့်လှစ်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူငယ် ဖောင်ဒေးရှင်းနှင့် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်များ ဘဝပိုင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းကို သင်တန်းသား (၃၇) ဉိီး တက်ရောက်ကြောင်း သိရသည်။

 “လူငယ်တော်တော်များများက ပြောရေး၊ ဆိုရေး သိပ်မရဲကြဘူး။ သူတို့ရှေ့လျှောက်လာမည့် ဘဝအနာဂတ်မှာ ပြောရဲဆိုရဲ ရှိအောင်၊ ဘဝ ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေရှိအောင် ကျွန်တော်တို့ ဖောင်ဒေးရှင်းအနေနဲ့ လာရောက်သင်ကြားပေးတာပါ။”ဟု ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူငယ်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ Mr.Neville Cutting ကပြောသည်။

ယင်းသင်တန်းတွင် လူငယ်များအား တွေးခေါ်မှုပိုင်းဆိုင်ရာ၊ လူအများရှေ့တွေ ပြောရဲဆိုရဲ ရှိရေး နှင့် စကားပြောပြိုင်ပွဲတွေ မြန်မာ - အင်္ဂလိပ် ဘာသာစကားနှစ်ခုဖြင့် ပြောဆိုနိုင်ရေးတို့ကို အဓိက သင်ပေးကြောင်း သိရသည်။

“တာချီလိတ်မြို့မှာ ရှိတဲ့ ဆယ်ကျော်သက်လူငယ်များကို အဓိက သင်ကြားပို့ချပေးဖို့ သူတို့ဖောင်ဒေးရှင်း အနေနှင့် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းနှင့် ပူပေါင်းပြီး လာရောက်သင်ကြားပေးတာပါ။ ရှေ့လျှောက် ဖောင်ဒေးရှင်း နှစ်ခုပူပေါင်းပြီး လူငယ်ကဏ္ဍာ အသိပိုင်းဆိုင်ကျွမ်းကျင်မှုတွေကို သင်ကြားပေးသွားဖို့ ရှိပါတယ်။”ဟု တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာက ပြောသည်။

တာချီလိတ်မြို့တွင် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းကို ၂၀၁၅ ခုနှစ် ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဓိက ဆင်းရဲနွမ်းပါးကလေးများကို ပညာရေးအတွက် လစဉ်ထောက်ပံ့လျှက်ရှိကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~