တာခ်ီလိတ္ရွိ မီးေဘးသင့္ျပည္သူမ်ားအား အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကတ္ျပားမ်ား ေပးအပ္

တာခ်ီလိတ္ရွိ မီးေဘးသင့္ျပည္သူမ်ားအား အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကတ္ျပားမ်ား ေပးအပ္
ဧပြီ 22, 2016
By Tachileik News Agency

 တာခ်ီလိတ္၊ ဧၿပီလ (၂၂) ရက္
ရွမ္းျပည္နယ္(အေရွ႕ပုိင္း)တာခ်ီလိတ္ၿမဳိ႕ ၊ မကာဟုိခမ္းရပ္ကြက္ရွိ မီးေဘးသင့္ျပည္သူမ်ား၏ ေပ်ာက္ဆံုး၊ ပ်က္စီးခဲ့သည့္ အိမ္ေထာင္စု လူဦးေရစာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကတ္ျပား အသစ္မ်ားကို ဧၿပီလ (၂၂)ရက္တြင္ ခရုိင္လူ၀င္မႈႀကီးၾကပ္ေရးႏွင့္အမ်ဳိးသားမွတ္ပံု တင္ေရးဦးစီးဌာနမွ ျပန္လည္ ျပဳလုပ္ကာ ေပးအပ္လိုက္ေၾကာင္း သိရသည္။

ခရုိင္လူ၀င္မႈႀကီးၾကပ္ေရး ႏွင့္အမ်ဳိးသားမွတ္ပံုတင္ေရး ဦးစီးဌာနမွ ခရုိင္ဦးစီးမွဴး ဦးထြန္းသိန္းႏွင့္ ၿမဳိ႕နယ္ဦးစီးမွဴး ဦးေနာ္ဘစ္ တုိ႔က မီးေဘးသင့္ျပည္သူမ်ားမွ ႏုိင္ငံသားစိစစ္ေရးကတ္လိုအပ္ေနသည့္ အသက္(၁၀)ႏွစ္အထက္ (၄)ဦး၊ အသက္(၁၈)ႏွစ္ အထက္(၄၄)ဦး၊ စုစုေပါင္း(၄၈)ဦးအတြက္ ႏုိင္ငံသားစိစစ္ေရးကတ္မ်ား ထုတ္ေပးၿပီး၊ အိမ္ေထာင္စု(၂၄)စုအတြက္ အိမ္ေထာင္စုလူဦးေရစာရင္းမ်ားကုိ ေပးအပ္လိုက္ေၾကာင္း သိရသည္။

အလားတူ တာခ်ီလိတ္ၿမဳိ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ က်ထီးနားေက်းရြာရွိ မီးေဘးသင့္ အိမ္ေထာင္စု(၁၂)စုအတြက္ အိမ္ေထာင္စုလူဦးေရ စာရင္းမ်ားႏွင့္ ႏို္င္ငံသားစိစစ္ေရးကတ္လိုအပ္သည့္ မီးေဘးသင့္ျပည္သူ (၅၂)ဦး တုိ႔အတြက္လည္း သြားေရာက္ေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း တာ၀န္ရွိသူ၏ ေျပာျပခ်က္အရ သိရသည္။

သတင္း။  ။ ေ၀ယံလင္း
ဓာတ္ပံု။  ။ ကိုဇက္
..............

 တာချီလိတ်၊ ဧပြီလ (၂၂) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး၊ ပျက်စီးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်များကို ဧပြီလ (၂၂)ရက်တွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာနမှ ပြန်လည် ပြုလုပ်ကာ ပေးအပ်လိုက်ကြောင်း သိရသည်။

ခရိုင်လူဝင်မှုကြီးကြပ်ရေး နှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းသိန်းနှင့် မြို့နယ်ဦးစီးမှူး ဦးနော်ဘစ် တို့က မီးဘေးသင့်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်လိုအပ်နေသည့် အသက်(၁၀)နှစ်အထက် (၄)ဦး၊ အသက်(၁၈)နှစ် အထက်(၄၄)ဦး၊ စုစုပေါင်း(၄၈)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးပြီး၊ အိမ်ထောင်စု(၂၄)စုအတွက် အိမ်ထောင်စုလူဦးရေစာရင်းများကို ပေးအပ်လိုက်ကြောင်း သိရသည်။

အလားတူ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျထီးနားကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု(၁၂)စုအတွက် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နို်င်ငံသားစိစစ်ရေးကတ်လိုအပ်သည့် မီးဘေးသင့်ပြည်သူ (၅၂)ဦး တို့အတွက်လည်း သွားရောက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

သတင်း။ေဝယံလင်း
ဓာတ်ပုံ။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~