တာခ်ီလိတ္ မီးေဘးသင့့္ျပည္သူမ်ားအား ၾကက္ေျခနီ ႏွင့္ လူကယ္/ျပန္မွ ေထာက္ပံ့

တာခ်ီလိတ္ မီးေဘးသင့့္ျပည္သူမ်ားအား ၾကက္ေျခနီ ႏွင့္ လူကယ္/ျပန္မွ ေထာက္ပံ့
ဧပြီ 10, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၁၀)

တာခ်ီလိတ္ မီးသင့္ျပည္သူမ်ားအား ေထာက္ပံ့ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းႏွင့္ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနမွ ဧၿပီလ(၁၀)ရက္ေန႔ နံနက္ပိုင္းက မဟာျမတ္မုနိဘုရားႀကီး ေက်ာင္းတုိက္ရွိ ယာယီကယ္ဆယ္ေရးစခန္းတြင္ ေထာက္ပံ႔ေရးပစၥည္းမ်ားေပးအပ္ခဲ့ေၾကာင္း သိရသည္။

မီးေဘးသင့္ျပည္သူ အိမ္ေထာင္စု(၂၉)စု၊ လူဦးေရ(၁၆၅)ဦးအတြက္ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္းမွ ပစၥည္း(၁၃)မ်ဳိးပါ family kit (၂၉)စံု၊ အမ်ဳိးသမီး သံုးပစၥည္း Dignity kit (၂၉)စံု၊ အိမ္ေထာင္စု (၃)စုလွ်င္ shelter kit တစ္ထုပ္ ႏႈန္းစီေပးအပ္ခဲ့ၿပီး ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဦးစီးဌာမွ က်ား၀တ္လံုခ်ည္၊ မ၀တ္လံုခ်ည္၊ ေစာင္၊ မ်က္ႏွာသုတ္ပု၀ါ၊ ဒန္အုိး၊ ဇလံု၊ တီရွပ္၊ ကာေဘာလစ္ဆပ္ျပာ၊ ႏွစ္ေယာက္ အိပ္ျခင္ေထာင္ စသည့္ပစၥည္း(၉)မ်ဳိးပါ အစုံ(၂၉)စံုကုိ မီးေဘးသင့္ျပည္သူမ်ားအား ေထာက္ပံ့ေပးအပ္ ခဲ့ေၾကာင္း သိရသည္။

ေထာက္ပံေပးအပ္ပြဲသို႔ ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစုိင္းစံြဆုိင္း၊ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးေကာင္းစံဦး၊ တပ္နယ္မွ ဗုိလ္မွဴးႀကီး ေဇာ္မင္းထြန္း၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ဌာနဆိုင္ရာ အရာရွိမ်ား၊ႏုိင္ငံေရးပါတီမ်ား ႏွင့္ ေစတနာရွင္အလွဴရွင္မ်ားက ေထာက္ပံ့ေငြမ်ား၊ စားေသာက္ဖြယ္ရာမ်ား၊ ေသာက္ေရသန္႔မ်ားႏွင့္ အသံုးအေဆာင္ပစၥည္းမ်ားကုိ မီးေဘးသင့္ျပည္သူမ်ားထံ လက္၀ယ္အေရာက္ ေပးအပ္ခဲ႔ေႀကာင္း သိရသည္။

ယာယီကယ္ဆယ္ေရးစခန္းတြင္ က်န္းမာေရးဦးစီးဌာနမွ ၀န္ထမ္းမ်ား၊ အေဆြေတာ္မိသားစု(၂၄)နာရီ အထူးကုေဆးခန္း ႏွင့္ ျမန္မာႏုိင္ငံၾကက္ေျခနီသူနာျပဳတပ္ဖဲြ႕(တာခ်ီလိတ္ခရုိင္)တုိ႔မွ မီးေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈေပးျခင္းမ်ား ျပဳလုပ္ေပးလွ်က္ရွိၿပီး လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ အမ်ဳိးသားမွတ္ပံုတင္ေရးဦးစီးဌာနမွ အိမ္ေထာင္စု လူဦးေရစာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကတ္ျပားမ်ား အသစ္ျပန္လည္ျပဳလုပ္ေပးႏုိင္ေရးအတြက္ စီစဥ္ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

ဧၿပီလ(၉)ရက္ေန႔ ည(၇)နာရီ၀န္းက်င္မွ စ၍ အခ်ိန္(၂)နာရီေက်ာ္အၾကာ ေလာင္းကြ်မ္းခဲ့ေသာ မီးေလာင္မႈေၾကာင့္ ၀ါးထရံအိမ္(၉)လံုး၊ ပ်ဥ္ေထာင္အိမ္ (၁၅)လံုး ႏွင့္ အုတ္ညႇပ္အိမ္ (၅)လံုး စုစုေပါင္း အိမ္ေျခ (၂၉)လံုး ျပာက်သြားခဲ့ရၿပီး က်ား(၇၆)ဦး ႏွင့္ မ (၈၉)ဦး စုစုေပါင္း (၁၆၅)ဦး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရသည္။

သတင္း။  ။ ေ၀ယံလင္း

............

တာချီလိတ် မီးသင့်ပြည်သူများအား ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းက မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူ အိမ်ထောင်စု(၂၉)စု၊ လူဦးရေ(၁၆၅)ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပစ္စည်း(၁၃)မျိုးပါ family kit (၂၉)စုံ၊ အမျိုးသမီး သုံးပစ္စည်း Dignity kit (၂၉)စုံ၊ အိမ်ထောင်စု (၃)စုလျှင် shelter kit တစ်ထုပ် နှုန်းစီပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာမှ ကျားဝတ်လုံချည်၊ မဝတ်လုံချည်၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ ဒန်အိုး၊ ဇလုံ၊ တီရှပ်၊ ကာဘောလစ်ဆပ်ပြာ၊ နှစ်ယောက် အိပ်ခြင်ထောင် စသည့်ပစ္စည်း(၉)မျိုးပါ အစုံ(၂၉)စုံကို မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ထောက်ပံပေးအပ်ပွဲသို့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဌာနဆိုင်ရာ အရာရှိများ၊နိုင်ငံရေးပါတီများ နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များနှင့် အသုံးအဆောင်ပစ္စည်းများကို မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ယာယီကယ်ဆယ်ရေးစခန်းတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အဆွေတော်မိသားစု(၂၄)နာရီ အထူးကုဆေးခန်း နှင့် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့(တာချီလိတ်ခရိုင်)တို့မှ မီးဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြန်လည်ပြုလုပ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်းကျွမ်းခဲ့သော မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

သတင်း။ေဝယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~