တာခ်ီလိတ္၌ အရန္မီးသတ္စခန္း မၾကာမီ တည္ေဆာက္မည္

တာခ်ီလိတ္၌ အရန္မီးသတ္စခန္း မၾကာမီ တည္ေဆာက္မည္
ဧပြီ 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၂၄)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္တြင္ အရန္မီးသတ္တပ္ဖြဲ႕ရံုးအတြက္ ေျမေနရာရရွိထားၿပီး၊ တပ္ဖြဲ႔စခန္းကို မၾကာမီမွာ စတင္ ေဆာက္လုပ္ရန္အတြက္ ယေန႔ ဧၿပီလ(၂၄)ရက္ နံနက္ပိုင္းက ရွင္းလင္းေရးျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါရွင္းလင္းမႈကို အရန္မီးသတ္တပ္ရင္းမွ ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္း မီးသတ္တပ္ဖြဲ႔၀င္မ်ားက ေဆာင္ရြက္ခဲ့ၾကတာျဖစ္ၿပီး ေမလအစတြင္ အေဆာက္အဦ ေဆာက္လုပ္ေတာ့မွာ ျဖစ္ေၾကာင္း သိရသည္။

"အရင္ကဆိုရင္ အရန္မီးသတ္တပ္ဖြဲ႔၀င္ေတြအေနနဲ႔ အေရးေပၚကိစၥေတြ ျဖစ္လာမယ္ဆုိရင္ လြယ္လြယ္နဲ႔ စုစည္းဖို႔မလြယ္ဘူး၊ အခုကေတာ့ ေျမေနရာလည္း ရရွိထားပါၿပီ၊ စခန္းပဲ ေဆာက္ဖို႔လိုေတာ့ပါတယ္။ စခန္းေဆာက္ၿပီးသြားရင္ေတာ့ အရန္မီးသတ္တပ္ဖြဲ႔၀င္ေတြ အလြယ္တကူ စုစည္းႏိုင္မွာ ျဖစ္ပါတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ရင္းမွ ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္းက ေျပာသည္။

အရန္မီးသတ္တပ္ဖြဲ႔ ေျမေနရာအတြက္ ဟိုတယ္တာခ်ီလိတ္ ႏွင့္ ဘုရင့္ေနာင္ေစ်းပိုင္ရွင္ ဦးထြန္းေနဦး မိသားစုမွ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္၊ အပိုင္း(က)ရွိ အလ်ား(၁၂၀)ေပႏွင့္ အနံ(၃၂)ရွိ ေျမကြက္အား ဧၿပီလ(၆)ရက္ေန႔က လွဴဒါန္းေပးလာရာ တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး၊ ဦးစီးအရာရွိ ဦးေက်ာ္ကိုကို ႏွင့္ ၿမိဳ႕နယ္အရန္မီးသတ္တပ္ဖြဲ႔မွ ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္းတို႔မွ လက္ခံရရွိခဲ့ေၾကာင္း သိရသည္။

"အေဆာက္အဦ ေဆာက္ဖို႔အတြက္ ကြ်န္ေတာ္တို႔ ဆက္လက္ၿပီး ႀကိဳးစား သြားမွာပါ၊ ေျမေနရာ ရလာၿပီးေနာက္ အေဆာက္အဦပါ ေဆာက္လုပ္ၿပီးသြားရင္ေတာ့ ကြ်န္ေတာ္တို႔ ေစတနာ့၀န္ထမ္း အရန္မီးသတ္တပ္ဖဲြ႔၀င္ေတြအတြက္ အားတစ္ခုျဖစ္ေစသလို၊ ၿမိဳ႕/ရြာ အက်ဳိးကိုလည္း အရင္ကထက္ ျမန္ျမန္ဆန္ဆန္ ေဆာင္ရြက္ေပးႏိုင္မွာျဖစ္ပါတယ္"ဟု ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္းက ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ သေႏၶတပ္ဖြဲ႔၀င္ (၃၀)ဦး ႏွင့္ အရန္တပ္ဖြဲ႔၀င္ စုစုေပါင္း (၁၈၂၆)ဦး ရွိေၾကာင္း သိရသည္။
..............

တာချီလိတ်၊ ဧပြီ(၂၄)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်တွင် အရန်မီးသတ်တပ်ဖွဲ့ရုံးအတွက် မြေနေရာရရှိထားပြီး၊ တပ်ဖွဲ့စခန်းကို မကြာမီမှာ စတင် ဆောက်လုပ်ရန်အတွက် ယနေ့ ဧပြီလ(၂၄)ရက် နံနက်ပိုင်းက ရှင်းလင်းရေးပြုလုပ်နပြေီဖြစ်ကြောင်း သိရသည်။

အဆိုပါရှင်းလင်းမှုကို အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်း မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး မေလအစတွင် အဆောက်အဦ ဆောက်လုပ်တော့မှာ ဖြစ်ကြောင်း သိရသည်။

"အရင်ကဆိုရင် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အရေးပေါ်ကိစ္စတွေ ဖြစ်လာမယ်ဆိုရင် လွယ်လွယ်နဲ့ စုစည်းဖို့မလွယ်ဘူး၊ အခုကတော့ မြေနေရာလည်း ရရှိထားပါပြီ၊ စခန်းပဲ ဆောက်ဖို့လိုတော့ပါတယ်။ စခန်းဆောက်ပြီးသွားရင်တော့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ အလွယ်တကူ စုစည်းနိုင်မှာ ဖြစ်ပါတယ်။"ဟု တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်းက ပြောသည်။

အရန်မီးသတ်တပ်ဖွဲ့ မြေနေရာအတွက် ဟိုတယ်တာချီလိတ် နှင့် ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦး မိသားစုမှ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ အပိုင်း(က)ရှိ အလျား(၁၂၀)ပေနှင့် အနံ(၃၂)ရှိ မြေကွက်အား ဧပြီလ(၆)ရက်နေ့က လှူဒါန်းပေးလာရာ တာချီလိတ်မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးကျော်ကိုကို နှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်းတို့မှ လက်ခံရရှိခဲ့ကြောင်း သိရသည်။

"အဆောက်အဦ ဆောက်ဖို့အတွက် ကျွန်တော်တို့ ဆက်လက်ပြီး ကြိုးစား သွားမှာပါ၊ မြေနေရာ ရလာပြီးနောက် အဆောက်အဦပါ ဆောက်လုပ်ပြီးသွားရင်တော့ ကျွန်တော်တို့ စေတနာ့ဝန်ထမ်း အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအတွက် အားတစ်ခုဖြစ်စေသလို၊ မြို့/ရွာ အကျိုးကိုလည်း အရင်ကထက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်"ဟု ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်းက ဆိုသည်။

တာချီလိတ်မြို့တွင် သန္ဓတေပ်ဖွဲ့ဝင် (၃၀)ဦး နှင့် အရန်တပ်ဖွဲ့ဝင် စုစုပေါင်း (၁၈၂၆)ဦး ရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~