၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေအား ဒေသခံများ သိရှိနားလည်စေရန် တွေ့ဆုံရှင်းလင်း
၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေအား ဒေသခံများ သိရှိနားလည်စေရန် တွေ့ဆုံရှင်းလင်း
ဧပွီ 29, 2016
By Tachileik News Agency
တာချီလိတ်၊ ဧပြီ(၂၉)ရက်
"ဥပဒေရဲ့ အခန်း(၅)မှာ အထူးကုန်စည်ခွန်ဆိုပြီး အရက်၊ ဘီယာ၊ ဆေးရွက်ကြီး၊ ကျွန်းနဲ့ ကျောက်မျက်ရတနာ၊ တွင်းထွက်ပစ္စည်း စသည်ဖြင့် အမျိုးအစားပေါင်း (၁၆)မျိုး သတ်မှတ် ပြဌာန်းထားပါတယ်၊ စီးကရက်ကို နိုင်ငံခြားက တင်သွင်းရင် အခွန်(၁၂၀%)သတ်မှတ်ထားပြီးအရက်နဲ့ ၀ိုင်တွေကိုလဲ ဥပဒေသစ်မှာ အရင်ကထက် အခွန်နှုန်း ထပ်တိုးလာတာပါ"ဟု တာချီလိတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ဆွေးနွေးပွဲတွင် ပြောသည်။
ပြည်ထောင်စု အကောက်အခွန်ဥပဒေနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ(၂၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်စဉ်(၂၂)ဖြင့် စတင်ပြဌာန်းခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ဧပြီ လ (၁)ရက်နေ့တွင် စတင်အကျိုးသက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
“အခွန်နဲ့ ပတ်သက်ရင် တခြားမပြောနဲ့ တချို့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေတောင် အခွန်နဲ့ ပတ်သက်တာတွေကို ထဲထဲဝင်ဝင် မသိတာတွေရှိတယ်။ ဒီဟာက ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးတဲ့ Process ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ ပြည်သူလူထုနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံတော်နဲ့ ဒေသဖွံ့ဖြိုးရေးအနေနဲ့ ပေါင်းစပ်ထားတဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ပါ။
အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသဆိုင်ရာ အကြီးအကဲများ၊ ဟိုတယ်လုပ်ငန်းရှင်များ စသည့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အခွန် နှင့် ပတ်သတ်သည့် မရှင်းလင်းသည်များကို မေးမြန်းခဲ့ ကြောင်းသိရသည်။
သတင်း။ ။ ‪#‎ဇောင်းညီ‬
ဓာတ်ပုံ။ ။ ‪#‎ဇွဲမြတ်‬ #ဇောင်းညီ
............
တာချီလိတ်၊ ဧပြီ(၂၉)ရက်
၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေအား ဒေသခံများ သိရှိနားလည်စေရန် မြို့နယ်အခွန်ဦးစီးဌာနမှ ဧပြီလ(၂၉)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
"ဥပဒေရဲ့ အခန်း(၅)မှာ အထူးကုန်စည်ခွန်ဆိုပြီး အရက်၊ ဘီယာ၊ ဆေးရွက်ကြီး၊ ကျွန်းနဲ့ ကျောက်မျက်ရတနာ၊ တွင်းထွက်ပစ္စည်း ဒါတွေကို အမျိုးအစားပေါင်း (၁၆)မျိုးကို သတ်မှတ် ပြဌာန်းထားတယ်၊ စီးကရက်ကို နိုင်ငံခြားက တင်သွင်းရင် အခွန်(၁၂၀%)သတ်မှတ်ထားတယ်၊ ဒါမျိုးဘဲ အရက်နဲ့ ဝိုင်တွေကိုလဲ အခွန်နှုန်းကို အရင်ကထက် ဥပဒေသစ်မှာ ထပ်တိုးလာတာပါ"ဟု တာချီလိတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ဆွေးနွေးပွဲတွင် ပြောသည်။
ပြည်ထောင်စု အကောက်အခွန်ဥပဒေနှင့် ပါတ်သက်၍ ၂၀၁၆ ခုနှ၊ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်စဉ်(၂၂)ဖြင့် စတင်ပြဌာန်းခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ဧပြီ(၁)ရက်နေ့တွင် စတင်အကျိုးသက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
“အခွန်နဲ့ ပတ်သက်ရင် တခြားမပြောနဲ့ တချို့စီးပွားလုပ်ငန်းရှင်ကြီးတွေတောင် အခွန်နဲ့ ပတ်သက်တာတွေကို ထည်ထည်ဝင်ဝင် မသိတာတွေရှိတယ်။ ဒီဟာက ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးသော Process ဖြစ်တယ်၊ ဘယ်လိုလဲဆိုတော့ ပြည်သူလူထုနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံတော်နဲ့ ဒေသဖွံ့ဖြိုးရေးနှင့် ပေါင်းစပ်ထားတဲ့ လုပ်ငန်းတစ်ခုပေါ့။ ၂၀၁၆ ဥပဒေတာထွက်လာတယ် လူထုဘာမှ မသိသေးဘူး။”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသဆိုင်ရာ အကြီးအကဲများ၊ ဟိုတယ်လုပ်ငန်းရှင်များ စသည့် ဒေသခံ စီးပွားလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အခွန် နှင့် ပတ်သတ်သည့် မရှင်းလင်းသည်များကို မေးမြန်းခဲ့ ကြောင်းသိရသည်။
သတင်း။ ‪#‎ဇောင်းညီ‬
ဓာတ်ပုံ။ ‪#‎ဇွဲမြတ်‬ #ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~