က်ိဳင္းတံုၿမိဳ႕၏ စပါးေစ်းကြက္အေျပာင္းအလဲေၾကာင့္ ေႏြစပါးစိုက္ဧကေလ်ာ့လာ

က်ိဳင္းတံုၿမိဳ႕၏ စပါးေစ်းကြက္အေျပာင္းအလဲေၾကာင့္ ေႏြစပါးစိုက္ဧကေလ်ာ့လာ
ဧပြီ 24, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ဧၿပီလ (၂၄) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ စပါးေစ်းကြက္အေျပာင္းအလဲေၾကာင့္ ယခုႏွစ္ ေႏြစပါးစိုုက္ဧက နည္းလာေၾကာင္း က်ိဳင္းတုံၿမိဳ႕နယ္ ဆန္စပါးကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။

"ဒီႏွစ္ ေႏြစပါးစိုက္ေတာင္သူေတြ နည္းလာတယ္။ တခ်ိဳ ့ေတြကလည္း စိုက္ဧကကို ေလွ်ာ့ၿပီးစိုက္လာတယ္။ (၅)ဧက ရိွရင္(၁)ဧကေလာက္ပဲ စိုက္ၾကေတာ့တယ္။ ဘာလို႔လဲဆိုေတာ့ မႏွစ္က ကိုးကန္ ့စစ္ပြဲနဲ ့ ပတ္သက္ၿပီး ျပည္ပကို ဆန္စပါး တင္ပို႔မႈေတြက ပိတ္လိုက္တယ္။ အခုေတာ့ ျပန္ဖြင့္လိုက္ပါၿပီ။ အဲဒါနဲ႔ပတ္သက္ၿပီး ေတာင္သူေတြက စပါးေရာင္းမထြက္မွာစိုးၿပီး မစိုက္ၾကတာလည္းရိွတယ္။ ဒါေၾကာင့္ မႏွစ္ကစိုက္တဲ့ႏႈန္းထက္ စာရင္ ဒီႏွစ္ကစိုက္တာနည္းလာပါတယ္။"ဟု က်ုိဳင္းတုံၿမိဳ႕နယ္ ဆန္စပါး ကုန္သည္ႀကီးမ်ားအသင္း ဥကၠဌ ဦးမုန္းကိုက ေျပာသည္။

၂၀၁၅ ခုနွစ္က က်ိဳင္းတုံၿမိဳ႕နယ္တြင္ ေႏြစပါးစိုက္ဧကတစ္ေသာင္းေက်ာ္ရိွခဲ့ၿပီး ၂၀၁၆ ခုနွစ္၌ စိုက္ဧက ငါးေထာင္ဝန္းက်င္သာရိွေၾကာင္း သိရသည္။

"ကၽြန္ေတာ္နွစ္တုိင္းလိုလို ေႏြစပါးစိုက္ပါတယ္။ ဒီႏွစ္ေတာ့ စိုက္ဧကနည္းနည္းေလွ်ာ့ၿပီး စိုက္ထားတယ္။ ေလွ်ာ့စိုက္လိုက္တဲ့ အဓိကအေၾကာင္းရင္းက ေရရွားလာလို႔ပါ။ ေနကလည္း အရမ္းပူတဲ့အတြက္ ေရရွားလာတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္မွန္းသေလာက္ စပါးေတြကိုမစိုက္နိုင္ဘူး။ ေရရနိုင္မယ့္ ပမာဏနဲ ့ခ်ိန္ၿပီးေတာ့ပဲ စိုက္ထားတာပါ"ဟု ေႏြစပါးစိုက္ေတာင္သူတစ္ဦးက ေျပာသည္။

ေႏြစပါးစိုက္ဧကေလ်ာ့လာသည့္ က်ိဳင္းတံုၿမိဳ႕၏ ယခုႏွစ္ ျပည္ပသို႔ ဆန္တင္ပို႔ထားမႈမွာ ဇန္နဝါရီ လမွ ဧၿပီလအထိ ဆန္တန္ခ်ိန္ ငါးေထာင္ခန္႔သာ တင္ပို႔ထားႏုိင္ၿပီး ၂၀၁၅ ခုႏွစ္က ဇန္နဝါရီ လမွ ဧၿပီလအထိ တင္ပို႔ခဲ့သည့္ ပမာဏမွာ ဆန္ တန္ခ်ိန္(၁၆၀၀၀)ေက်ာ္ရိွေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
.................

ကျိုင်းတုံ၊ ဧပြီလ (၂၄) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စပါးဈေးကွက်အပြောင်းအလဲကြောင့် ယခုနှစ် နွေစပါးစိုက်ဧက နည်းလာကြောင်း ကျိုင်းတုံမြို့နယ် ဆန်စပါးကုန်သည်ကြီးများအသင်းမှ သိရသည်။

"ဒီနှစ် နွေစပါးစိုက်တောင်သူတွေ နည်းလာတယ်။ တချို့တွေကလည်း စိုက်ဧကကို လျှော့ပြီးစိုက်လာတယ်။ (၅)ဧက ရှိရင်(၁)ဧကလောက်ပဲ စိုက်ကြတော့တယ်။ ဘာလို့လဲဆိုတော့ မနှစ်က ကိုးကန့်စစ်ပွဲနဲ့ ပတ်သက်ပြီး ပြည်ပကို ဆန်စပါး တင်ပို့မှုတွေက ပိတ်လိုက်တယ်။ အခုတော့ ပြန်ဖွင့်လိုက်ပါပြီ။ အဲဒါနဲ့ပတ်သက်ပြီး တောင်သူတွေက စပါးရောင်းမထွက်မှာစိုးပြီး မစိုက်ကြတာလည်းရှိတယ်။ ဒါကြောင့် မနှစ်ကစိုက်တဲ့နှုန်းထက် စာရင် ဒီနှစ်ကစိုက်တာနည်းလာပါတယ်။"ဟု ကျိုင်းတုံမြို့နယ် ဆန်စပါး ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမုန်းကိုက ပြောသည်။

၂၀၁၅ ခုနှစ်က ကျိုင်းတုံမြို့နယ်တွင် နွေစပါးစိုက်ဧကတစ်သောင်းကျော်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်၌ စိုက်ဧက ငါးထောင်ဝန်းကျင်သာရှိကြောင်း သိရသည်။

"ကျွန်တော်နှစ်တိုင်းလိုလို နွေစပါးစိုက်ပါတယ်။ ဒီနှစ်တော့ စိုက်ဧကနည်းနည်းလျှော့ပြီး စိုက်ထားတယ်။ လျှော့စိုက်လိုက်တဲ့ အဓိကအကြောင်းရင်းက ရေရှားလာလို့ပါ။ နေကလည်း အရမ်းပူတဲ့အတွက် ရေရှားလာတယ်။ ဒါကြောင့် ကျွန်တော်မှန်းသလောက် စပါးတွေကိုမစိုက်နိုင်ဘူး။ ရေရနိုင်မယ့် ပမာဏနဲ့ချိန်ပြီးတော့ပဲ စိုက်ထားတာပါ"ဟု နွေစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

နွေစပါးစိုက်ဧကလျော့လာသည့် ကျိုင်းတုံမြို့၏ ယခုနှစ် ပြည်ပသို့ ဆန်တင်ပို့ထားမှုမှာ ဇန်နဝါရီ လမှ ဧပြီလအထိ ဆန်တန်ချိန် ငါးထောင်ခန့်သာ တင်ပို့ထားနိုင်ပြီး ၂၀၁၅ ခုနှစ်က ဇန်နဝါရီ လမှ ဧပြီလအထိ တင်ပို့ခဲ့သည့် ပမာဏမှာ ဆန် တန်ချိန်(၁၆၀၀၀)ကျော်ရှိကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~