တာခ်ီလိတ္ၿမိဳ႕နယ္တြင္း မႈခင္းက်ဆင္းေရး ရဲတပ္ဖြဲ႕၊အုပ္ခ်ဳပ္ေရးႏွင့္ အရပ္ဖက္အဖြဲ႕မ်ားေဆြးေႏြး

တာခ်ီလိတ္ၿမိဳ႕နယ္တြင္း မႈခင္းက်ဆင္းေရး ရဲတပ္ဖြဲ႕၊အုပ္ခ်ဳပ္ေရးႏွင့္ အရပ္ဖက္အဖြဲ႕မ်ားေဆြးေႏြး
ဧပြီ 23, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၂၃) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္း မႈခင္းက်ဆင္းေရးအတြက္ ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မ်ားမွ တာ၀န္ရွိသူမ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ အရပ္ဖက္အဖြဲ႕မ်ားႏွင့္ မကာဟိုခမ္းရပ္ကြက္၊ ၿမိဳ႕နယ္ဓမၼာရံုတြင္ ဧၿပီ(၂၃)ရက္ ေန႔လယ္ပိုင္းက ေတြ႔ဆံုေဆြးေႏြးၾကသည္။

"မႈခင္းက်ဆင္းဖို႔ဆိုရင္ ျပည္သူေတြလည္း ပူးေပါင္းေဆာင္ရြက္ဖုိ႔လိုတယ္။ အဓိက ဒီလိုေတြ႕ဆံုမႈကို လုပ္ရတာ ရပ္မိရပ္ဖ၊ ေဒသခံေတြနဲ႔ ပြင့္ပြင့္လင္းလင္းေဆြးေႏြးဖို႔ပါ။ ဘယ္အရာမဆို ခ်က္ခ်င္းေျပာင္းလဲဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဂိမ္းခံုေတြကို အကုန္လံုး ပိတ္သိမ္းဖို႔ဆိုတာ ျပည္သူေတြနဲ႔ ပူးေပါင္းၿပီး ျဖည္းျဖည္းခ်င္းစီ ပေပ်ာက္ေအာင္ ေဆာင္ရြက္သြားရမွာပါ။ ကၽြန္ေတာ္တို႔လည္း ပေပ်ာက္ေအာင္ ေဆာင္ရြက္သြားမွာပါလို႔ ေျပာခ်င္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးထိန္၀င္းက ေျပာသည္။

ေဆြးေႏြးပြဲတြင္ ရပ္မိရပ္ဖမ်ားမွ မႈခင္းႏွင့္ ပတ္သက္၍ ဆိုင္ကယ္ေပ်ာက္ဆံုးမႈမ်ား၊ ဂိမ္းခံုႏွင့္ မူးယစ္ေဆး၀ါး ျပႆနာမ်ား၊ ခိုးဆိုးႏွိဳက္အမႈမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးၾကေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာ ခိုး၊ ဆိုး၊ ႏိွဳက္၊ လုယက္မႈေတြျဖစ္တယ္ဆိုတာ တကယ္တမ္း ထုိင္းႏိုင္ငံက တရားမ၀င္ အလုပ္ လုပ္ကိုင္မႈနဲ႔ ဖမ္းဆီးၿပီး၊ ျမန္မာႏိုင္ငံကို ျပန္လည္လႊဲေျပာင္းလာတဲ့ လူေတြေၾကာင့္ပါ။ အခုႏွစ္(၄)လအတြင္းမွာ လူေပါင္း(၄၀၀)ေက်ာ္ လႊဲေျပာင္းလာတယ္။ ဒီလူေတြ ေနရပ္မျပန္ႏိုင္ေတာ့ ဒီၿမိဳ႕မွာ အဆင္ေျပသလို ေနထိုင္ေနတာကေန မႈခင္းျဖစ္ပြားတာေတြျဖစ္တာပါ"ဟု တာခ်ီလိတ္ၿမိဳ႕ စခန္းမွဴး ဒုရဲမွဴး ေက်ာ္သန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစန္းမွ ၂၀၁၆ ခုႏွစ္အတြင္း ဇန္နဝါရီလမွ မတ္လအထိ မႈခင္းစုစုေပါင္း (၁၃၂)မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ကိုဇက္
...........

တာချီလိတ်၊ ဧပြီလ (၂၃) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင်း မှုခင်းကျဆင်းရေးအတွက် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်အဖွဲ့များနှင့် မကာဟိုခမ်းရပ်ကွက်၊ မြို့နယ်ဓမ္မာရုံတွင် ဧပြီ(၂၃)ရက် နေ့လယ်ပိုင်းက တွေ့ဆုံဆွေးနွေးကြသည်။

"မှုခင်းကျဆင်းဖို့ဆိုရင် ပြည်သူတွေလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ အဓိက ဒီလိုတွေ့ဆုံမှုကို လုပ်ရတာ ရပ်မိရပ်ဖ၊ ဒေသခံတွေနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ပါ။ ဘယ်အရာမဆို ချက်ချင်းပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဂိမ်းခုံတွေကို အကုန်လုံး ပိတ်သိမ်းဖို့ဆိုတာ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဖြည်းဖြည်းချင်းစီ ပပျောက်အောင် ဆောင်ရွက်သွားရမှာပါ။ ကျွန်တော်တို့လည်း ပပျောက်အောင် ဆောင်ရွက်သွားမှာပါလို့ ပြောချင်ပါတယ်"ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်းက ပြောသည်။

ဆွေးနွေးပွဲတွင် ရပ်မိရပ်ဖများမှ မှုခင်းနှင့် ပတ်သက်၍ ဆိုင်ကယ်ပျောက်ဆုံးမှုများ၊ ဂိမ်းခုံနှင့် မူးယစ်ဆေးဝါး ပြဿနာများ၊ ခိုးဆိုးနှိုက်အမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သိရသည်။

"တာချီလိတ်မှာ ခိုး၊ ဆိုး၊ နှိုက်၊ လုယက်မှုတွဖြေစ်တယ်ဆိုတာ တကယ်တမ်း ထိုင်းနိုင်ငံက တရားမဝင် အလုပ် လုပ်ကိုင်မှုနဲ့ ဖမ်းဆီးပြီး၊ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းလာတဲ့ လူတွေကြောင့်ပါ။ အခုနှစ်(၄)လအတွင်းမှာ လူပေါင်း(၄၀၀)ကျော် လွှဲပြောင်းလာတယ်။ ဒီလူတွေ နေရပ်မပြန်နိုင်တော့ ဒီမြို့မှာ အဆင်ပြေသလို နေထိုင်နေတာကနေ မှုခင်းဖြစ်ပွားတာတွဖြေစ်တာပါ"ဟု တာချီလိတ်မြို့ စခန်းမှူး ဒုရဲမှူး ကျော်သန်းက ပြောသည်။

တာချီလိတ်မြို့မရဲစန်းမှ ၂၀၁၆ ခုနှစ်အတွင်း ဇန်နဝါရီလမှ မတ်လအထိ မှုခင်းစုစုပေါင်း (၁၃၂)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~