တာချီလိတ်မြို့ NLD မှ ရေများ အခမဲ့ ပေးဝေမည်၊ ရေလိုအပ်သူများနှင့် လှူဒါန်းလိုသူများ ဖုန်းဖြင့် ဆက်သွယ်နိုင်

တာချီလိတ်မြို့ NLD မှ ရေများ အခမဲ့ ပေးဝေမည်၊ ရေလိုအပ်သူများနှင့် လှူဒါန်းလိုသူများ ဖုန်းဖြင့် ဆက်သွယ်နိုင်
ဧပွီ 26, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီ(၂၆)
တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေရှားပါးသည့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ရေပေးလှူနိုင်ရန်အတွက် မော်တော်ယာဉ် အကူအညီများ လိုအပ်နေကြောင်း နှင့် ရေလိုအပ်သူများ အနေဖြင့်လည်း ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဧပြီလ(၂၆)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်သို့ သွားရောက်၍ သောက်ရေ၊ သုံးရေများကို ပေးဝေလှူဒါန်းပေးလျှက်ရှိပြီး၊ ဆက်လက်၍လည်း သုံးရေ၊ သောက်ရေ လိုအပ်သည့် နေရာများသို့ ပေးဝေလှူဒါန်းသွားမှာ ဖြစ်ကြောင်း တာချီလိတ် NLD မှ သိရသည်။

လက်ရှိတွင် ရေများ အခမဲ့ ပေးဝေလှူဒါန်းနိုင်ရန်အတွက် မစ်(၂၀၀၀)ဆန့် ရေတိုင်ကီကြီး (၂)လုံးအား ဟိုတယ်တာချီလိတ် နှင့် ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦး မိသားစုမှ လှူဒါန်းပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် စေတနာရှင်များ စုပေါင်း၍ ဆောင်ရွက်နေသည့် ရေပေးဝေမှု အစီအစဉ်သို့ ရေလိုအပ် နေသူများနှင့် ရေလှူရန်အတွက် မော်တော်ယာဉ် ပံ့ပိုးလိုသူများ၊ အပြင် ရေလှူဒါန်းလိုသူများ အနေဖြင့်လည်း  မြန်မာဖုန်း 09250250642 ၊ 0941006665 နှင့် ထိုင်းဖုန်း 0845016150 သို့ ဖုန်းဖြင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် ဧပြီလပထမ အပတ်မှ စ၍ သိသိသာသာ ရေရှားပါးမှုများ ဖြစ်ပေါ်နေသည့်အတွက် မီးသတ်နှင့်စည်ပင်တို့မှ ရေများ လိုက်လံပေးဝေသော်လည်း ရေလိုအပ်မှု ရှိနေလျှက် ဖြစ်ကြောင်းနှင့် ရေရှားပါးသည့် ရပ်ကွက်များသို့လည်း တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ သွားရောက် ပေးဝေလျှက်ရှိသည့်နည်းတူ တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ရေများသွားရောက်၍ ပေးဝေလှူဒါန်းနေလျှက်ရှိကြောင်း သိရသည်။
............

တာချီလိတ်၊ ဧပြီ(၂၆)
တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေရှားပါးသည့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ရေပေးလှူနိုင်ရန်အတွက် မော်တော်ယာဉ် အကူအညီများ လိုအပ်နေကြောင်း နှင့် ရေလိုအပ်သူများ အနဖြေင့်လည်း ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဧပြီလ(၂၆)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်သို့ သွားရောက်၍ သောက်ရေ၊ သုံးရေများကို ပေးေဝလှူဒါန်းပေးလျှက်ရှိပြီး၊ ဆက်လက်၍လည်း သုံးရေ၊ သောက်ရေ လိုအပ်သည့် နေရာများသို့ ပေးေဝလှူဒါန်းသွားမှာ ဖြစ်ကြောင်း တာချိီလိတ် NLD မှ သိရသည်။

လက်ရှိတွင် ရေများ အခမဲ့ ပေးေဝလှူဒါန်းနိုင်ရန်အတွက် မစ်(၂၀၀၀)ဆန့် ရေတိုင်ကီကြီး (၂)လုံးအား ဟိုတယ်တာချီလိတ် နှင့် ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦး မိသားစုမှ လှူဒါန်းပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် စေတနာရှင်များ စုပေါင်း၍ ဆောင်ရွက်နေသည့် ရေပေးေဝမှု အစီအစဉ်သို့ ရေလိုအပ် နေသူများနှင့် ရေလှူရန်အတွက် မော်တော်ယာဉ် ပံ့ပိုးလိုသူများ၊ အပြင် ရေလှူဒါန်းလိုသူများ အနဖြေင့်လည်း မြန်မာဖုန်း 09250250642၊ 0941006665 နှင့် ထိုင်းဖုန်း 0845016150 သို့ ဖုန်းဖြင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် ဧပြီလပထမ အပတ်မှ စ၍ သိသိသာသာ ရေရှားပါးမှုများ ဖြစ်ပေါ်နေသည့်အတွက် မီးသတ်နှင့်စည်ပင်တို့မှ ရေများ လိုက်လံပေးေဝသော်လည်း ရေလိုအပ်မှု ရှိနေလျှက် ဖြစ်ကြောင်းနှင့် ရေရှားပါးသည့် ရပ်ကွက်များသို့လည်း တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ သွားရောက် ပေးေဝလျှက်ရှိသည့်နည်းတူ တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ရေများသွားရောက်၍ ပေးေဝလှူဒါန်းနေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~