မိန္းမတစ္ေယာက္အျဖစ္ ေျပာင္းလဲခံယူထားသူက နဂါးတစ္ေကာင္ပံုစံ ခြဲစိတ္ကုသ

မိန္းမတစ္ေယာက္အျဖစ္ ေျပာင္းလဲခံယူထားသူက နဂါးတစ္ေကာင္ပံုစံ ခြဲစိတ္ကုသ
ဧပြီ 26, 2016
By Tachileik News Agency

ဘာသာျပန္၊ ဧၿပီ(၂၆)
အေမရိကန္ျပည္ေထာင္စု အရီဇုိးနားျပည္နယ္က အမ်ိဳးသားဘဝကေန အမ်ိဳးသမီးတစ္ဦးအျဖစ္ ခံယူထားတဲ့ ဘဏ္ဝန္ထမ္းေဟာင္း တစ္ဦးဟာ နဂါးတစ္ေကာင္အျဖစ္ အသြင္ေျပာင္းဖုိ႔ စိတ္ကူးကို အေကာင္အထည္ ေဖၚလိုက္ပါတယ္။

အသက္ (၅၅) ႏွစ္အရြယ္ ဘဏ္ဝန္ထမ္းေဟာင္း အီဗာတိုင္မက္ဗို႔ဖ္မက္မီဒူဆာက နဂါးတစ္ေကာင္နဲ႔ တူလာဖို႔အတြက္ နားရြက္ႏွစ္ဖက္လံုးကို ျဖတ္ထုတ္လိုက္ပါတယ္။

သူ႔ကို ရစ္ခ်တ္ဟာနန္ဒက္ဇ္အျဖစ္ ေမြးဖြားခဲ့တာျဖစ္ေပမဲ့ ေနာက္ပိုင္းမွာ အီဗာမီဒူဆာဆိုတဲ့ အမ်ိဳးသမီးတစ္ဦးအျဖစ္ ေျပာင္းလဲခံယူလိုက္တာပါ။

နဂါးမတစ္ဦးျဖစ္လာဖို႔ အီဗာဟာ ႏွစ္ေပါင္းမ်ားစြာ ခြဲစိတ္မႈမ်ားစြာကို ေက်ာ္ျဖတ္ခဲ့ရတာပါ။
ေဒးလီးေမးလ္သတင္းမွာ ေဖၚျပထားခ်က္အရ သူဟာ သြားေတြကိုလည္း ခြဲစိတ္ျပဳျပင္မႈလုပ္ထားၿပီး နဖူးမွာ ဦးခ်ိဳပံုစံ ျပဳျပင္မႈ၊ ႏွာေခါင္းကို နဂါးပံုစံခြဲစိတ္ျပဳျပင္မႈအျပင္ မ်က္ႏွာမွာ နဂါးအေၾကးခြံပံုစံ ေဆးမွင္ေၾကာင္ထိုးတာ၊ အေရာင္ျခယ္တာေတြကိုပါ ျပဳလုပ္ထားတာလို႔ သိရပါတယ္။

အီဗာရဲ႕အဆိုအရေတာ့ သူ႔ခႏၶာကိုယ္ရဲ႕ ၉၅ ရာခိုင္ႏႈန္းကို နဂါးအေၾကးခြံပံုစံ တက္တူးထိုးထားတယ္လို႔ သိရပါတယ္။

တဆက္တည္းမွာပဲ သူဟာ လိင္အမ်ိဳးအစား မရိွသူျဖစ္ေအာင္ျပဳျပင္ဖို႔ ဆံုးျဖတ္လိုက္ၿပီး ေယာက်ၤားလိင္အဂၤါအားလံုးကို ဖယ္ရွားပစ္လိုက္ေပမဲ့ မိန္းမလိင္အဂၤါကိုေတာ့ အစားထိုး ျပဳျပင္ဖို႔မရိွဘူးလို႔ ဆိုပါတယ္။

လတ္တေလာမွာေတာ့ နားရြက္ေတြ ျဖတ္ထုတ္ျပဳျပင္လိုက္ၿပီး နဂါးတစ္ေကာင္ျဖစ္ဖို႔ ႀကိဳးစားေနတဲ့ ပထမဆံုးနဲ႔ တစ္ဦးတည္းေသာ သူျဖစ္ဖို႔ ႀကိဳးစားေနပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; prask.nova.cz , kapook ,
...............
ဘာသာပြန်၊ ဧပြီ(၂၆)
အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်က အမျိုးသားဘဝကနေ အမျိုးသမီးတစ်ဦးအဖြစ် ခံယူထားတဲ့ ဘဏ်ဝန်ထမ်းဟောင်း တစ်ဦးဟာ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းဖို့ စိတ်ကူးကို အကောင်အထည် ဖော်လိုက်ပါတယ်။

အသက် (၅၅) နှစ်အရွယ် ဘဏ်ဝန်ထမ်းဟောင်း အီဗာတိုင်မက်ဗို့ဖ်မက်မီဒူဆာက နဂါးတစ်ကောင်နဲ့ တူလာဖို့အတွက် နားရွက်နှစ်ဖက်လုံးကို ဖြတ်ထုတ်လိုက်ပါတယ်။

သူ့ကို ရစ်ချတ်ဟာနန်ဒက်ဇ်အဖြစ် မွေးဖွားခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ အီဗာမီဒူဆာဆိုတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲခံယူလိုက်တာပါ။

နဂါးမတစ်ဦးဖြစ်လာဖို့ အီဗာဟာ နှစ်ပေါင်းများစွာ ခွဲစိတ်မှုများစွာကို ကျော်ဖြတ်ခဲ့ရတာပါ။
ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားချက်အရ သူဟာ သွားတွေကိုလည်း ခွဲစိတ်ပြုပြင်မှုလုပ်ထားပြီး နဖူးမှာ ဦးချိုပုံစံ ပြုပြင်မှု၊ နှာခေါင်းကို နဂါးပုံစံခွဲစိတ်ပြုပြင်မှုအပြင် မျက်နှာမှာ နဂါးအကြေးခွံပုံစံ ဆေးမှင်ကြောင်ထိုးတာ၊ အရောင်ခြယ်တာတွေကိုပါ ပြုလုပ်ထားတာလို့ သိရပါတယ်။

အီဗာရဲ့အဆိုအရတော့ သူ့ခန္ဓာကိုယ်ရဲ့ ၉၅ ရာခိုင်နှုန်းကို နဂါးအကြေးခွံပုံစံ တက်တူးထိုးထားတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ သူဟာ လိင်အမျိုးအစား မရှိသူဖြစ်အောင်ပြုပြင်ဖို့ ဆုံးဖြတ်လိုက်ပြီး ယောင်္ကျားလိင်အင်္ဂါအားလုံးကို ဖယ်ရှားပစ်လိုက်ပေမဲ့ မိန်းမလိင်အင်္ဂါကိုတော့ အစားထိုး ပြုပြင်ဖို့မရှိဘူးလို့ ဆိုပါတယ်။

လတ်တလောမှာတော့ နားရွက်တွေ ဖြတ်ထုတ်ပြုပြင်လိုက်ပြီး နဂါးတစ်ကောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော သူဖြစ်ဖို့ ကြိုးစားနေပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; prask.nova.cz , kapook ,

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~