ထိုင္းႏိုင္ငံတြင္း ဖမ္းဆီးခံျမန္မာမ်ားအား တာခ်ီလိတ္သို႔ ယခုႏွစ္ (၄)လအတြင္း (၄၄) ႀကိမ္ေျမာက္လႊဲေျပာင္း

ထိုင္းႏိုင္ငံတြင္း ဖမ္းဆီးခံျမန္မာမ်ားအား တာခ်ီလိတ္သို႔ ယခုႏွစ္ (၄)လအတြင္း (၄၄) ႀကိမ္ေျမာက္လႊဲေျပာင္း
ဧပြီ 21, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၂၁)ရက္
ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာ - ထိုင္း နယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕ရိွ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)တြင္ ၂၀၁၆ ခုႏွစ္ ဧၿပီလအထိ (၄၄)ႀကိမ္ေျမာက္အျဖစ္ ထိုင္းႏိုင္ငံမွ တာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးလိုက္သည္။

ဧၿပီလ (၁၉) ရက္ေန႔က လႊဲေျပာင္းေပးလိုက္သည့္ ျမန္မာႏို္င္ငံသား(၄၁)ဦးတြင္ အမ်ိဳးသား (၃၁)ဦး၊ အမ်ိဳးသမီး(၁၀) ဦးႏွင့္ ကေလး(၅)ဦးပါ၀င္ၿပီး သတ္မွတ္နယ္ေျမေက်ာ္လြန္ျခင္း၊ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ျခင္း၊ ဗီဇာသက္တမ္းကုန္သြားၿပီး ဆက္လက္အလုပ္လုပ္ကိုင္ေနမႈတို႔ျဖင့္ ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရသူမ်ားျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္က ထုိင္းမွာအလုပ္လုပ္ေနတာ သံုးႏွစ္ေက်ာ္ပါၿပီ။ ဗီဇာသက္တမ္းတိုးရင္း ပြဲစားဆီမွာ စာအုပ္က ေပ်ာက္သြားေတာ့ အေထာက္အထားမဲ့ေနတာပါ။ အဖမ္းခံရတာက သႀကၤန္တြင္းမွာ အရက္ေသာက္ၿပီး ဆိုင္ကယ္ေမာင္းတာနဲ႔ ဖမ္းခံရတာပါ။ ဒါေပမဲ့ စစ္ေဆးရင္း ေနထုိင္ခြင့္မရိွဘဲေနတာေတြ႔ၿပီး ဒီဘက္ကို ျပန္ပို႔ခံရတာပါ”ဟု ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ အဖမ္းခံရၿပီး ျမန္မာႏုိင္ငံ ျပန္ပို႔ခံရသည့္ ကိုစန္းေမာင္က ဆိုသည္။

ထိုင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသူမ်ားကို ထိုင္း - ျမန္မာ နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက ျပန္လည္လႊဲေျပာင္းေပးေလ့ရိွၿပီး ယခုျပန္လည္ လႊဲေျပာင္းေပးလိုက္သူမ်ားသည္  ကယားျပည္နယ္ ၊ မႏၱေလးတိုင္း ၊ ရွမ္းျပည္နယ္မ်ားမွ ေဒသခံမ်ားျဖစ္ေၾကာင္း သိရသည္။

 “အခုဖမ္းဆီးခံရတဲ့သူေတြက အဓိက နယ္ေျမက်ဴးေက်ာ္တာနဲ႔ တရားမ၀င္ သြားေရာက္အလုပ္လုပ္ကိုင္တဲ့ သူေတြျဖစ္တယ္။ အခုလို လႊဲေျပာင္းၿပီးတဲ့ေနာက္ပိုင္းမွာ သူတို႔ကို ေနရပ္ျပန္ဖို႔ စီစဥ္ေပးပါတယ္။ အဲဒီလိုစီစဥ္တဲ့အခါမွာလည္း ျမန္မာဘက္ေရာက္တာနဲ႔ သူတို႔ကို စစ္ေဆးၿပီး ခ်က္ျခင္း ေနရပ္ျပန္ဖို႔ ေဆာင္္ရြက္ပါတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာ၀န္ရွိသူက ေျပာသည္။

ထုိင္းႏုိင္ငံမွ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား တာခ်ီလိတ္ၿမိဳ႕နယ္ရိွ သက္ဆိုင္ရာဌာနအသီးသီးက တာဝန္ယူလက္ခံၿပီးေနာက္၎တို႔၏ ေနရပ္ေဒသမ်ားသို႔ ျပန္ႏုိင္ရန္ စီစဥ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္မက က်ိဳင္းတံုကပါ။ လြန္ခဲ့တဲ့ ေလးလေက်ာ္တုန္းက အိမ္ကသမီးအတြက္ ထိုင္းဘက္မွာ ဆိုင္ကယ္သြားဝယ္တာပါ။ အျပန္မွာ ဆိုင္ကယ္နဲ႔ ေရေခ်ာင္း (မယ္ဆိုင္ေခ်ာင္း)က ျဖတ္ကူးဖို႔လုပ္ေနတုန္း ထိုင္းရဲက အဖမ္းခံရၿပီး ေထာင္ေလးလက်သြားတာ။ ခုမွ ျပန္ပို႔ခံရတယ္။ မိသားစုနဲ႔လည္း ဆက္သြယ္မိပါၿပီ”ဟု ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းခံရသူတစ္ဦးျဖစ္သည့္ ေဒၚယဥ္ယဥ္ေဌးက ဆိုသည္။

ထိုင္း- ျမန္မာနယ္စပ္ တာခ်ီလိတ္ၿမိဳ႕သို႔ ထိုင္းနိုင္ငံတြင္း ဖမ္းဆီးရမိသည့္ ျမန္မာႏုိ္င္ငံသားမ်ား ျပန္လည္လႊဲေျပာင္းမႈမွာ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ မွ ဧၿပီလ (၁၉) ရက္အထိ (၄၄) ႀကိမ္ရိွၿပီး အမ်ိဳးသား (၃၉၃) ဦးႏွင့္ အမ်ိဳးသမီး (၂၁၅) ဦးပါဝင္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
*************

တာချီလိတ်၊ ဧပြီလ (၂၁)ရက်
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်း နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် ၂၀၁၆ ခုနှစ် ဧပြီလအထိ (၄၄)ကြိမ်မြောက်အဖြစ် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လွှဲပြောင်းပေးလိုက်သည်။

ဧပြီလ (၁၉) ရက်နေ့က လွှဲပြောင်းပေးလိုက်သည့် မြန်မာနို်င်ငံသား(၄၁)ဦးတွင် အမျိုးသား (၃၁)ဦး၊ အမျိုးသမီး(၁၀) ဦးနှင့် ကလေး(၅)ဦးပါဝင်ပြီး သတ်မှတ်နယ်မြေကျော်လွန်ခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ခြင်း၊ ဗီဇာသက်တမ်းကုန်သွားပြီး ဆက်လက်အလုပ်လုပ်ကိုင်နေမှုတို့ဖြင့် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က ထိုင်းမှာအလုပ်လုပ်နေတာ သုံးနှစ်ကျော်ပါပြီ။ ဗီဇာသက်တမ်းတိုးရင်း ပွဲစားဆီမှာ စာအုပ်က ပျောက်သွားတော့ အထောက်အထားမဲ့နေတာပါ။ အဖမ်းခံရတာက သင်္ကြန်တွင်းမှာ အရက်သောက်ပြီး ဆိုင်ကယ်မောင်းတာနဲ့ ဖမ်းခံရတာပါ။ ဒါပေမဲ့ စစ်ဆေးရင်း နေထိုင်ခွင့်မရှိဘဲနေတာတွေ့ပြီး ဒီဘက်ကို ပြန်ပို့ခံရတာပါ”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အဖမ်းခံရပြီး မြန်မာနိုင်ငံ ပြန်ပို့ခံရသည့် ကိုစန်းမောင်က ဆိုသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ပြန်လည်လွှဲပြောင်းပေးလေ့ရှိပြီး ယခုပြန်လည် လွှဲပြောင်းပေးလိုက်သူများသည် ကယားပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်များမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

 “အခုဖမ်းဆီးခံရတဲ့သူတွေက အဓိက နယ်မြေကျူးကျော်တာနဲ့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်တဲ့ သူတွဖြေစ်တယ်။ အခုလို လွှဲပြောင်းပြီးတဲ့နောက်ပိုင်းမှာ သူတို့ကို နေရပ်ပြန်ဖို့ စီစဉ်ပေးပါတယ်။ အဲဒီလိုစီစဉ်တဲ့အခါမှာလည်း မြန်မာဘက်ရောက်တာနဲ့ သူတို့ကို စစ်ဆေးပြီး ချက်ခြင်း နေရပ်ပြန်ဖို့ ဆောင်ရွက်ပါတယ်။”ဟု တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများအား တာချီလိတ်မြို့နယ်ရှိ သက်ဆိုင်ရာဌာနအသီးသီးက တာဝန်ယူလက်ခံပြီးနောက်၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်နိုင်ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မက ကျိုင်းတုံကပါ။ လွန်ခဲ့တဲ့ လေးလကျော်တုန်းက အိမ်ကသမီးအတွက် ထိုင်းဘက်မှာ ဆိုင်ကယ်သွားဝယ်တာပါ။ အပြန်မှာ ဆိုင်ကယ်နဲ့ ရေချောင်း (မယ်ဆိုင်ချောင်း)က ဖြတ်ကူးဖို့လုပ်နေတုန်း ထိုင်းရဲက အဖမ်းခံရပြီး ထောင်လေးလကျသွားတာ။ ခုမှ ပြန်ပို့ခံရတယ်။ မိသားစုနဲ့လည်း ဆက်သွယ်မိပါပြီ”ဟု မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခံရသူတစ်ဦးဖြစ်သည့် ဒေါ်ယဉ်ယဉ်ဌေးက ဆိုသည်။

ထိုင်း- မြန်မာနယ်စပ် တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိသည့် မြန်မာနို်င်ငံသားများ ပြန်လည်လွှဲပြောင်းမှုမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလ (၁၉) ရက်အထိ (၄၄) ကြိမ်ရှိပြီး အမျိုးသား (၃၉၃) ဦးနှင့် အမျိုးသမီး (၂၁၅) ဦးပါဝင်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~