တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မီးဘေးသင့် ပြည်သူများအတွက် မြန်မာ - ထိုင်း စေတနာရှင်များ လှူဒါန်းထားသည့် ငွေများကို အိမ်ထောင်စု တစ်စုလျှင် ကျပ်(၂၂)သိန်းနှုန်းဖြင့် ခွဲဝေပေး

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မီးဘေးသင့် ပြည်သူများအတွက် မြန်မာ - ထိုင်း စေတနာရှင်များ လှူဒါန်းထားသည့် ငွေများကို အိမ်ထောင်စု တစ်စုလျှင် ကျပ်(၂၂)သိန်းနှုန်းဖြင့် ခွဲဝေပေး
ဧပွီ 15, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီ(၁၅)

မီးဘေးသင့်အိမ်ခြေ (၂၉)စုအား အများပြည်သူတို့မှလှူဒါန်းထားသည့် ငွေကြေးများကို တစ်ပြေးညီအဖြစ် အိမ်ထောင်စု တစ်စုလျှင် ထိုင်းဘတ်ငွေ (၄၁,၅၀၀)ဘတ် နှင့် ကျပ်ငွေ (၈၃၈,၅၀ဝ)တို့ကို ပေးအပ်ရာ အိမ်ထောင်စုတစ်စုအတွက် ကျပ်ငွေဖြင့် စုစုပေါင်း (၂၂)သိန်းကျော်ရရှိကြောင်း သိရသည်။



တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားရှိခဲ့သည့် အလှူခံဌာနသို့ လာရောက်လှူဒါန်းထားသည့် ငွေကြေးများကို အိမ်ထောင်စုတစ်စုစီအလိုက် ခွဲဝေပေးခြင်းဖြစ်ပြီး၊ အချို့သော စေတနာရှင်များမှ အလှူခံဌာနတွင် မဟုတ်ဘဲ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့သည်များလည်း ရှိကြောင်း သိရသည်။

စေတနာရှင်များမှ လှူဒါန်းထားသည့် ငွေများကို ခွဲဝေပေးလိုက်ပြီးနောက် ဆက်လက်ခွဲဝေပေးရန် ကျန်ရှိသည်များမှာ
သံလုံး/သံချောင်း၊ သွပ်၊ ဘိလပ်မြေ နှင့် အုတ်တို့ ပါဝင်ကြောင်းနှင့် အဆိုပါ ဆောက်လုပ်ရေးပစ္စည်းများကို အိမ်များဆောက်လုပ်ခါနီးတွင် ဆက်လက်ခွဲဝေပေးသွားမှာ ဖြစ်ကြောင်း သိရသည်။


..................

( unicode )
တာချီလိတ်၊ ဧပြီ(၁၅)
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မီးဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံမှ စေတနာရှင်များ နှင့် ထိုင်းနိုင်ငံမှ စေတနာရှင်များမှ အလှူခံဌာနတွင် လာရောက်လှူဒါန်းထားသည့် ငွေများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်ကာ ဧပြီလ(၁၅)ရက် ညနေ(၄)နာရီအချိန်က အိမ်ထောင်စု (၂၉)စုထံ လက်ဝယ်အရောက် ပေးအပ်လိုက်ကြောင်း သိရသည်။

မီးဘေးသင့်အိမ်ခြေ (၂၉)စုအား အများပြည်သူတို့မှလှူဒါန်းထားသည့် ငွေကြေးများကို တစ်ပြေးညီအဖြစ် အိမ်ထောင်စု တစ်စုလျှင် ထိုင်းဘတ်ငွေ (၄၁,၅၀၀)ဘတ် နှင့် ကျပ်ငွေ (၈၃၈,၅၀ဝ)တို့ကို ပေးအပ်ရာ အိမ်ထောင်စုတစ်စုအတွက် ကျပ်ငွဖြေင့် စုစုပေါင်း (၂၂)သိန်းကျော်ရရှိကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌ ဦးကြည်မြင့်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစာဆရာအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်၊ ရွှေတာချီလူမှုကူညီရေးအသင်းမှ ဒု-ဥက္ကဌ ဦးဘိုစံနှင့် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတို့က အလှူရှင်များကိုယ်စား မီးဘေးသင့် အိမ်ထောင်စု တစ်စုချင်းစီသို့
လက်ဝယ်အရောက် ထောက်ပံ့ပေးကြခြင်း ဖြစ်သည်။

"အလှူခံဌာနကိုတော့ ယခင်က လိုအပ်ချက်အရ ဖွင့်ပေးထားပြီး အခုတော့ စေတနာရှင်များ အနေနဲ့ တိုက်ရိုက်လှူဒါန်းနိုင်ရန်အတွက် ဖြုတ်ထားလိုက်တာပါ။"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားရှိခဲ့သည့် အလှူခံဌာနသို့ လာရောက်လှူဒါန်းထားသည့် ငွေကြေးများကို အိမ်ထောင်စုတစ်စုစီအလိုက် ခွေဲဝပေးခြင်းဖြစ်ပြီး၊ အချို့သော စေတနာရှင်များမှ အလှူခံဌာနတွင် မဟုတ်ဘဲ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့သည်များလည်း ရှိကြောင်း သိရသည်။

စေတနာရှင်များမှ လှူဒါန်းထားသည့် ငွေများကို ခွေဲဝပေးလိုက်ပြီးနောက် ဆက်လက်ခွေဲဝပေးရန် ကျန်ရှိသည်များမှာ
သံလုံး/သံချောင်း၊ သွပ်၊ ဘိလပ်မြေ နှင့် အုတ်တို့ ပါဝင်ကြောင်းနှင့် အဆိုပါ ဆောက်လုပ်ရေးပစ္စည်းများကို အိမ်များဆောက်လုပ်ခါနီးတွင် ဆက်လက်ခွေဲဝပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သော အဆိုပါ မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net