တာချီလိတ်မီးသတ်တပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ်အရှေ့ပိုင်း MJA ဥက္ကဌမှ ဂုဏ်ပြုကာ ဆန်နှင့်ဆီများ လှူဒါန်းပေး

တာချီလိတ်မီးသတ်တပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ်အရှေ့ပိုင်း MJA ဥက္ကဌမှ ဂုဏ်ပြုကာ ဆန်နှင့်ဆီများ လှူဒါန်းပေး
ဧပွီ 17, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီလ (၁၇) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုများအား ကြိုးစား ငြှိမ်းသတ်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသည့် အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစာဆရာအသင်းဥက္ကဌက မီးသတ်တပ်ဖွဲ့ဝင်များအား ဆန်နှင့်ဆီတို့အား ဧပြီလ (၁၇) ရက်တွင် လှူဒါန်းလိုက်သည်။



.............

တာချီလိတ်၊ ဧပြီလ (၁၇) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုများအား ကြိုးစား ငြှိမ်းသတ်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသည့် အနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစာဆရာအသင်းဥက္ကဌက မီးသတ်တပ်ဖွဲ့ဝင်များအား ဆန်နှင့်ဆီတို့အား ဧပြီလ (၁၇) ရက်တွင် လှူဒါန်းလိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစာဆရာအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်က မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးအား တစ်ဦးလျှင် ဆန် (၅) ကီလိုပါရှိသည့် ဆန်အိတ်သေးတစ်အိတ်စီနှင့် စားသုံးဆီ (၁)ကီလိုနှုန်းစုစုပေါင်း ဘတ် (၆၀၀၀) တန်ဖိုးရှိသည့်ပစ္စည်းများကို လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကိုသန်းထွန်းအောင်(TBC)မှ ထိုင်းဘတ်ငွေ (၂၀၀၀)တန်ဖိုးရှိ မဲ (၂)မဲကိုလည်း မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net