Update News

ေရႊစက္ေတာ္ေဘးမဲ့ ေတာအတြင္း ေရႊသမင္ဖမ္းသူမ်ားကို ဖမ္းဆီးရမိ





ပြင့္ျဖဴ၊ ဧၿပီလ (၄) ရက္ ။   ။ မေကြးတို္င္းေဒသႀကီး ေရႊစက္ေတာ္ေဘးမဲ့ေတာအတြင္းရိွ ေရႊသမင္မ်ားကို ေထာင္ေခ်ာက္ကြင္းမ်ားျဖင့္ အမဲလိုက္ဖမ္းဆီး ေနသူ(၃)ဦးအား ဖမ္းဆီးရမိေၾကာင္း မင္းဘူး စကုၿမိဳ႕နယ္ ေရႊစက္ေတာ္ ေဘးမဲ့ေတာ ဥယ်ာဥ္ရံုး အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

ပြင့္ျဖဴၿမိဳ႕နယ္ ေရႊစက္ေတာ္ ေဘးမဲ့ေတာအတြင္း ေတာအုပ္ ဦးသိန္းဇံႏွင့္အဖဲြ႔ ဧၿပီလ (၂) ရက္ေန႔က ကင္းလွည့္ ထိန္းသိမ္းေရးေဆာင္ရြက္ေနစဥ္ ႏြားကုတ္ေတာင္ေၾကာအေရွ႕ဘက္အ စပ္တြင္ ေရႊသမင္မ်ားအား လိုက္လံေျခာက္လွန္႔အမဲလိုက္ေနသူ (၃)ဦးအားေတြ႕ရိွဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“သမင္လိုက္မုဆိုး ၃ ေယာက္ကို ဖမ္းမိထားေၾကာင္း ဖုန္းဝင္လာတာေၾကာင့္ မင္းဘူးခရိုင္ရဲရံုးကို ပြင့္ျဖဴရဲတပ္ဖဲြ႔ကို ေစလႊတ္ေပးဖို႔ အကူအညီေတာင္းၿပီး ကိုယ္တိုင္လိုက္သြားခဲ႔တာပါ။ သူတို႔က ကြင္းထဲမွာည အိပ္ၿပီး သမင္ေထာင္ေခ်ာက္ဂြင္းေတြ ဆင္ထားတယ္။ မနက္က်ေတာ့ သမင္ေတြကို ေထာင္ေခ်ာက္ေတြ ဆီေမာင္းသြင္းတာ။ အဲလိုေမာင္းသြင္းေနတုန္းမွာ ဖမ္းမိတာပါ”ဟု ေရႊစက္ေတာ္ ေဘးမဲ့ေတာ ဥယ်ာဥ္ရံုး အုပ္ခ်ဳပ္ေရးမွဴး ဦးေအးခ်ိဳက ေျပာသည္။

ဖမ္းဆီးရမိထားသူ (၃)ဦး မွာ ပြင့္ျဖဴၿမိဳ႕နယ္ ေရတြင္းျဖဴ ေက်းရြာေနသူမ်ားျဖစ္ၾကသည့္ ဝင္းခိုင္ (၃၂ႏွစ္)၊ ေအာင္ကိုဇင္(၂၄ႏွစ္)၊ လိႈင္မင္းေဌး(၂၁ႏွစ္)တို႔ျဖစ္ၿပီး ကားတာယာ သံနန္းႀကိဳးျဖင္႔ ျပဳလုပ္ထား ေသာ အရွည္(၂၀)ေပခန္႔ရိွ ေထာင္ေခ်ာက္ဂြင္း(၄၃)ဂြင္း ႏွင့္အတူ ေတြ႔ရိွဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

“အဲလို မုဆိုးေတြကုိ ေတာလိုက္တာ သစ္ေတာဥပေဒနဲ႔ အေရးယူႏိုင္ေၾကာင္းေျပာတာကို လက္မခံ ၾကဘူး။ သူတို႔ ဒါပဲလုပ္စားတတ္တယ္လို႔ေျပာတယ္။ ပညာေပးေဟာေျပာတာေတြ လုပ္ေပးဖို႔ေတာ့ လိုလိမ့္မယ္”ဟု ေဒသခံတစ္ဦးက ေျပာသည္။

သစ္ေတာဥပေဒမ်ားႏွင့္ ပတ္သက္၍  ေက်းရြာ(၃၉)ရြာထံ သြားေရာက္ကာ ပညာေပးေဟာေျပာပဲြမ်ား ႏွစ္စဥ္ ျပဳလုပ္လွ်က္ရိွေသာ္လည္း လိုက္နာေဆာင္ရြက္မႈ မရိွၾကေၾကာင္း ေဘးမဲ့ေတာ ဥယ်ာဥ္ရံုး အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ကာကြယ္ထားေသာ သဘာဝနယ္ေျမအတြင္းရိွ ေရႊသမင္မ်ားကို ခြင့္ျပဳခ်က္မရိွဘဲ အမဲလိုက္ၾက သူမ်ားျဖစ္သည့္ ေအာင္ကိုဇင္ပါ (၃)ဦးအား အေရးယူေပးပါရန္ ေရႊစက္ေတာ္ ေဘးမဲ့ေတာတာဝန္ခံ ေတာအုပ္ႀကီး ဦးေအာင္ျမင္႔စိုးက တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ပြင့္ျဖဴၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ (ပ)၆၅/၂၀၁၆၊ ေတာရိုင္းတိရစာၦန္ႏွင့္ သဘာဝအပင္မ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒပုဒ္မ ၃၇(က)အရ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

သတင္း။  ။ ဖီးနစ္
**************
ပွင့်ဖြူ၊ ဧပြီလ (၄) ရက်။ မကွေးတို်င်းဒေသကြီး ရွှေစက်တောfဘေးမဲ့တောအတွင်းရှိ ရွှေသမင်များကို ထောင်ချောက်ကွင်းများဖြင့် အမဲလိုက်ဖမ်းဆီး နေသူ(၃)ဦးအား ဖမ်းဆီးရမိကြောင်း မင်းဘူး စကုမြို့နယ် ရွှေစက်တော် ဘေးမဲ့တော ဥယျာဉ်ရုံး အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ရွှေစက်တော် ဘေးမဲ့တောအတွင်း တောအုပ် ဦးသိန်းဇံနှင့်အဖွဲ့ ဧပြီလ (၂) ရက်နေ့က ကင်းလှည့် ထိန်းသိမ်းရေးဆောင်ရွက်နေစဉ် နွားကုတ်တောင်ကြောအရှေ့ဘက်အ စပ်တွင် ရွှေသမင်များအား လိုက်လံခြောက်လှန့်အမဲလိုက်နေသူ (၃)ဦးအားတွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


“သမင်လိုက်မုဆိုး ၃ ယောက်ကို ဖမ်းမိထားကြောင်း ဖုန်းဝင်လာတာကြောင့် မင်းဘူးခရိုင်ရဲရုံးကို ပွင့်ဖြူရဲတပ်ဖွဲ့ကို စေလွှတ်ပေးဖို့ အကူအညီတောင်းပြီး ကိုယ်တိုင်လိုက်သွားခဲ့တာပါ။ သူတို့က ကွင်းထဲမှာည အိပ်ပြီး သမင်ထောင်ချောက်ဂွင်းတွေ ဆင်ထားတယ်။ မနက်ကျတော့ သမင်တွေကို ထောင်ချောက်တွေ ဆီမောင်းသွင်းတာ။ အဲလိုမောင်းသွင်းနေတုန်းမှာ ဖမ်းမိတာပါ”ဟု ရွှေစက်တော် ဘေးမဲ့တော ဥယျာဉ်ရုံး အုပ်ချုပ်ရေးမှူး ဦးအေးချိုက ပြောသည်။

ဖမ်းဆီးရမိထားသူ (၃)ဦး မှာ ပွင့်ဖြူမြို့နယ် ရေတွင်းဖြူ ကျေးရွာနေသူများဖြစ်ကြသည့် ဝင်းခိုင် (၃၂နှစ်)၊ အောင်ကိုဇင်(၂၄နှစ်)၊ လှိုင်မင်းဌေး(၂၁နှစ်)တို့ဖြစ်ပြီး ကားတာယာ သံနန်းကြိုးဖြင့် ပြုလုပ်ထား သော အရှည်(၂၀)ပေခန့်ရှိ ထောင်ချောက်ဂွင်း(၄၃)ဂွင်း နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“အဲလို မုဆိုးတွေကို တောလိုက်တာ သစ်တောဥပဒေနဲ့ အရေးယူနိုင်ကြောင်းပြောတာကို လက်မခံ ကြဘူး။ သူတို့ ဒါပဲလုပ်စားတတ်တယ်လို့ပြောတယ်။ ပညာပေးဟောပြောတာတွေ လုပ်ပေးဖို့တော့ လိုလိမ့်မယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သစ်တောဥပဒေများနှင့် ပတ်သက်၍ ကျေးရွာ(၃၉)ရွာထံ သွားရောက်ကာ ပညာပေးဟောပြောပွဲများ နှစ်စဉ် ပြုလုပ်လျှက်ရှိသော်လည်း လိုက်နာဆောင်ရွက်မှု မရှိကြကြောင်း ဘေးမဲ့တော ဥယျာဉ်ရုံး အုပ်ချုပ်ရေးမှူးက ပြောသည်။

ကာကွယ်ထားသော သဘာဝနယ်မြေအတွင်းရှိ ရွှေသမင်များကို ခွင့်ပြုချက်မရှိဘဲ အမဲလိုက်ကြ သူများဖြစ်သည့် အောင်ကိုဇင်ပါ (၃)ဦးအား အရေးယူပေးပါရန် ရွှေစက်တော် ဘေးမဲ့တောတာဝန်ခံ တောအုပ်ကြီး ဦးအောင်မြင့်စိုးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ် မြို့မရဲစခန်းမှ (ပ)၆၅/၂၀၁၆၊ တောရိုင်းတိရစာ္ဆန်နှင့် သဘာဝအပင်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း။ ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~

« PREV
NEXT »