မေကြးၿမိဳ႕တြင္ ဆီသယ္ယာဥ္ေပၚက ဆီလွယ္ေနစဥ္ မီးေလာင္မႈျဖစ္ပြား

မေကြးၿမိဳ႕တြင္ ဆီသယ္ယာဥ္ေပၚက ဆီလွယ္ေနစဥ္ မီးေလာင္မႈျဖစ္ပြား
ဧပြီ 2, 2016
By Tachileik News Agency

မေကြး၊ ဧၿပီလ (၂) ရက္ ။   ။ မေကြးတုိင္းေဒသႀကီး မေကြးၿမိဳ႕ ေအာင္ေဇယ်ာရပ္ကြက္၊ မေကြး - ေတာင္တြင္းႀကီး ကားလမ္းေဘးရိွ “မင္းထက္ ၾကြယ္” စက္သံုးဆီအေရာင္းဆိုင္တြင္ ဆီသယ္ယာဥ္မွ ဆီလွယ္ေနစဥ္ မီးေလာင္မႈ ျဖစ္ပြားေသာ္လည္း အခ်ိန္မီၿငိမ္းသတ္လိုက္ႏိုင္ေၾကာင္း  မေကြးၿမိဳ႕ နယ္ေျမရဲစခန္းမွ သိရိွရသည္။

ဧၿပီလ ၁ ရက္ေန႔ နံက္ ၉နာရီ ၅၀မိနစ္အခ်ိန္ခန္႔တြင္ “မင္းထက္ၾကြယ္” စက္သံုးဆီဆိုင္၏ ေနာက္ေဖးတြင္ ဆီသယ္ယာဥ္အမွတ္ ထ/၈၂၈၅ ေပၚမွ ဆီမ်ားကို ပီပါအတြင္းသို႔ ဆီလွယ္ေနစဥ္ ဆီစုပ္ေမာ္တာကို မီးစဲြေလာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆီစုပ္ေမာ္တာပိုက္ေခါင္းက ဆီယိုစိမ္႔လို႔ ထြက္ေနတဲ႔ဓာတ္ေငြ႔နဲ႔ ပူလီႀကိဳးကထြက္ေပၚေန တဲ႔အပူရိွန္ ေပါင္းစပ္ၿပီးမီးေလာင္မႈျဖစ္ပြားရတာလို႔ သံုးသပ္ရပါတယ္”ဟု မေကြးၿမိဳ႕နယ္ မီး သတ္ဦးစီးဌာနမွ တာဝန္ရိွသူတစ္ဦးကေျပာသည္။

မီးေလာင္မႈျဖစ္ပြားသည္ႏွင့္ ခ်က္ခ်င္းၿငိမ္းသတ္ႏုိင္ခဲ့ျခင္းေၾကာင့္ သက္သာရာရခဲ႔ ျခင္းျဖစ္သည္ဟု မီးေလာင္မႈျဖစ္ပြားရာသို႔ ေရာက္ရိွေနသူျဖစ္သည့္ ဦးေအာင္သက္ပိုင္ကေျပာသည္။

“အနီးမွာ ဂက္စ္အေရာင္းဆိုင္ကလည္းရိွေနတဲ႔အတြက္ မႏိုင္လို႔ကေတာ႔ အေျခအေန အေတာ္ဆိုးသြားမွာ။ ကံျပားရြာနားက စက္သံုးဆီအေရာင္းဆိုင္ေတြတုန္းကလည္း အခုလိုပဲ ဆီ သယ္ေဘာက္ဆာယာဥ္ေပၚက ဆီလွယ္ယူေနတုန္း မီးေလာင္တာ။မီးေလာင္ေနတဲ႔ပီပါေတြဆို မိုးေပၚေျမာက္တက္ကုန္တယ္”ဟု ၎ကေျပာသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မေကြးခရိုင္မီးသတ္ဦးစီးဌာနမွ မီးသတ္ယာဥ္ (၃)စီး၊ေရသယ္ ယာဥ္(၁)စီးႏွင္႔ မီးသတ္တပ္ဖဲြ႔ဝင္မ်ား၊ ရဲအကူတပ္ဖဲြ႔ခဲြမွ တပ္ဖဲြ႔ဝင္မ်ား ေရာက္ရိွခဲ႔၍ မိနစ္ပိုင္း အတြင္းမွာပင္ မီးၿငိမ္းသြားခဲ႔ေၾကာင္းသိရသည္။

အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္၍ မီးေလာင္မႈျဖစ္ပြားေစသည္အထိ လုပ္ငန္းကိုေပါ႔ဆစြာလုပ္ခဲ႔သူ ဆီဆိုင္မန္ေနဂ်ာ ေက်ာ္ဇင္ဝင္း(၂၃ႏွစ္)အား မေကြးၿမိဳ႕ နယ္ေျမရဲစခန္းမွ (ပ)၆၈/၂၀၁၆၊ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၂၈၅ အရ အမႈဖြင္႔ အေရးယူေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

သတင္း။  ။ ဖီးနစ္
...........................
မကွေး၊ ဧပြီလ (၂) ရက်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ အောင်ဇေယျာရပ်ကွက်၊ မကွေး - တောင်တွင်းကြီး ကားလမ်းဘေးရှိ “မင်းထက် ကြွယ်” စက်သုံးဆီအရောင်းဆိုင်တွင် ဆီသယ်ယာဉ်မှ ဆီလှယ်နေစဉ် မီးလောင်မှု ဖြစ်ပွားသော်လည်း အချိန်မီငြိမ်းသတ်လိုက်နိုင်ကြောင်း မကွေးမြို့ နယ်မြေရဲစခန်းမှ သိရှိရသည်။

ဧပြီလ ၁ ရက်နေ့ နံက် ၉နာရီ ၅၀မိနစ်အချိန်ခန့်တွင် “မင်းထက်ကြွယ်” စက်သုံးဆီဆိုင်၏ နောက်ဖေးတွင် ဆီသယ်ယာဉ်အမှတ် ထ/၈၂၈၅ ပေါ်မှ ဆီများကို ပီပါအတွင်းသို့ ဆီလှယ်နေစဉ် ဆီစုပ်မော်တာကို မီးစွဲလောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ဆီစုပ်မော်တာပိုက်ခေါင်းက ဆီယိုစိမ့်လို့ ထွက်နေတဲ့ဓာတ်ငွေ့နဲ့ ပူလီကြိုးကထွက်ပေါ်နေ တဲ့အပူရှိန် ပေါင်းစပ်ပြီးမီးလောင်မှုဖြစ်ပွားရတာလို့ သုံးသပ်ရပါတယ်”ဟု မကွေးမြို့နယ် မီး သတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားသည်နှင့် ချက်ချင်းငြိမ်းသတ်နိုင်ခဲ့ခြင်းကြောင့် သက်သာရာရခဲ့ ခြင်းဖြစ်သည်ဟု မီးလောင်မှုဖြစ်ပွားရာသို့ ရောက်ရှိနေသူဖြစ်သည့် ဦးအောင်သက်ပိုင်ကပြောသည်။

“အနီးမှာ ဂက်စ်အရောင်းဆိုင်ကလည်းရှိနေတဲ့အတွက် မနိုင်လို့ကတော့ အခြေအနေ အတော်ဆိုးသွားမှာ။ ကံပြားရွာနားက စက်သုံးဆီအရောင်းဆိုင်တွေတုန်းကလည်း အခုလိုပဲ ဆီ သယ်ဘောက်ဆာယာဉ်ပေါ်က ဆီလှယ်ယူနေတုန်း မီးလောင်တာ။မီးလောင်နေတဲ့ပီပါတွေဆို မိုးပေါ်မြောက်တက်ကုန်တယ်”ဟု၎င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မကွေးခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၃)စီး၊ရေသယ် ယာဉ်(၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့၍ မိနစ်ပိုင်း အတွင်းမှာပင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မီးလောင်မှုဖြစ်ပွားစေသည်အထိ လုပ်ငန်းကိုပေါ့ဆစွာလုပ်ခဲ့သူ ဆီဆိုင်မန်နေဂျာ ကျော်ဇင်ဝင်း(၂၃နှစ်)အား မကွေးမြို့ နယ်မြေရဲစခန်းမှ (ပ)၆၈/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း။ ဖီးနစ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~