တရားဥပေဒစိုးမိုးမႈျမႇင့္တင္ေရးစီမံကိန္း မေကြးၿမိဳ႕နယ္တရားရံုးတြင္ စက္တင္ဘာ လအတြင္း အေကာင္အထည္ေဖာ္မည္

တရားဥပေဒစိုးမိုးမႈျမႇင့္တင္ေရးစီမံကိန္း မေကြးၿမိဳ႕နယ္တရားရံုးတြင္ စက္တင္ဘာ လအတြင္း အေကာင္အထည္ေဖာ္မည္
ဧပြီ 23, 2016
By Tachileik News Agency
 

မေကြး၊ ဧၿပီလ (၂၃) ရက္
အမႈစစ္ေဆးမႈမ်ား ပိုမိုျမန္ဆန္လာေစေရးေဆာင္ရြက္မည့္ တရားဥပေဒစိုးမိုးမႈျမႇင့္တင္ေရးစီမံကိန္းအား မေကြးတုိင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္တရားရံုးတြင္ လာမည့္ စက္တင္ဘာလ ၌ စတင္ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း သိရသည္။

 “၂၀၁၄ ခုႏွစ္ကတည္းက ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္နဲ႔ ပူးေပါင္းေဆာင္ရြက္လာတာျဖစ္ၿပီး အထူးသျဖင့္ အမႈေတြကို ျမန္ျမန္ဆန္ဆန္ၿပီးေျမာက္ေအာင္ ကိုင္တြယ္ေျဖရွင္းႏိုင္မယ့္ စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနတာ အခုဆိုရင္ မေကြးၿမိဳ႕နယ္တရားရံုးက ကၽြန္မတို႔ ေဆာင္ရြက္ေနတဲ့ (၈) ခုေျမာက္ ကနဦး ေရွ႕ေျပးတရားရံုးပဲျဖစ္ပါတယ္”ဟု တရားဥပေဒစိုးမိုးမႈျမႇင့္ တင္ေရးစီမံကိန္းမွ Justice Systems Specialist ေဒၚယိမ္းေမွ်ာ္က ေျပာသည္။

အဆိုပါ စီမံကိန္းကို ကနဦး ေရွ႕ေျပးေဆာင္ရြက္ခ်က္အျဖစ္ ၂၀၁၅ ခုႏွစ္ ဇူလိုင္(၁)ရက္ေန႔မွစ၍ လိႈင္သာယာၿမိဳ႕နယ္၊ ဖားအံၿမိဳ႕နယ္ႏွင့္ ေတာင္ငူခရိုင္တရားရံုးမ်ားတြင္ (၆)လၾကာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ရာ အမႈခ်ိန္း ရက္ေရႊ႕ဆိုင္းရမႈမွာ (၆၀)ရာခိုင္ႏွဳန္းခန္႔ ေလ်ာ့နည္းက်ဆင္းသြားခဲ့သည္ဟု သိရသည္။

 “ကၽြန္မတို႔ အေနနဲ႔ အခ်က္ႏွစ္ခ်က္ကို အဓိကထား ေဆာင္ရြက္ပါတယ္။ ပထမ တစ္ခ်က္က ျပည္သူေတြ တရားရံုးကို လာတဲ့အခါမွာ ဘယ္အခန္းကို အရင္သြားၿပီး၊ ဘယ္လိုေဆာင္ရြက္ရမယ္ဆိုတာကို မသိၾကဘူး။ အဲဒီအခက္အခဲကို ေျပလည္ေစဖို႔ သတင္းအခ်က္အလက္ေပးတဲ့ဌာန ဖြင္႔လွစ္ေပးဖို႔လိုတယ္။ ေနာက္တစ္ခ်က္က အမႈေတြ ၾကန္႔ၾကာမႈမရိွေအာင္ တရားဥပေဒစိုးမိုးမႈျမႇင့္တင္ေရး စီမံကိန္းနဲ႔ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္တို႔ အတူတကြေရးဆဲြခဲ့တဲ့ အမႈစီမံခန္႔ခဲြမႈ အစီအစဥ္သစ္ကို စမ္းသပ္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္တာပဲျဖစ္ပါတယ္”ဟု ေဒၚယိမ္းေမွ်ာ္က ေျပာသည္။

တရားဥပေဒစိုးမိုးမႈျမႇင့္တင္ေရး စီမံကိန္းသည္ ျပည္သူလူထုအေနျဖင့္ တရားရံုးမ်ားႏွင့္ ပိုမိုပူးေပါင္းေဆာင္ရြက္လာေစရန္ တရားရံုးႏွင့္ ပတ္သက္သည့္ အသိပညာေပး လက္ကမ္းစာေစာင္မ်ား ထားရိွေပးျခင္း၊ အမႈစစ္ေဆးရာတြင္ ပိုမိုစနစ္တက်ရိွၿပီး အမႈစစ္ေဆးခ်ိန္ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ တရားရံုး အေထာက္အကူျပဳ ကြန္ပ်ဴတာမ်ား ပံ့ပိုးေပးျခင္း၊ တရားသူႀကီးမ်ားႏွင့္ ဝန္ထမ္းမ်ားအား ကြန္ပ်ဴတာ သင္တန္းမ်ား ေပးျခင္းတို႔ကို ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔အေနနဲ႔ မေကြးၿမိဳ႕နယ္တရားရံုးရဲ႕ ေျမျပင္အေျခအေနနဲ႔ ဘာေတြေဆာင္ရြက္ေပးရမလဲဆိုတာကို လာေရာက္ၾကည့္ရႈ ေလ႔လာၿပီး သူတို႔ရဲ႕ လုပ္ငန္းအစီအစဥ္ေတြကို ကၽြန္ေတာ္တို႔ကို ခ်ျပေဆြးေႏြးတာပါ။ ၿမိဳ႕နယ္တရားရံုးရဲ႕ စနစ္တက်ရိွမႈနဲ႔ သတင္းအခ်က္အလက္ေပးတဲ႔ဌာန ထားရိွတဲ႔ အေပၚမွာ ေက်နပ္အားရမႈရိွတယ္လို႔ဆိုပါတယ္”ဟု တရားဥပေဒစိုးမိုးမႈျမွင္႔တင္ေရး စီမံကိန္းႏွင္႔ပတ္သက္၍ မေကြးၿမိဳ႕နယ္ တဲြဖက္တရားသူႀကီး ဦးေက်ာ္မိုးခိုင္က ေျပာသည္။

အဆိုပါ စီမံကိန္းမွာ ကနဦးေရွ႕ေျပးတရားရံုး(၃)ခုတြင္ေအာင္ျမင္ခဲ႔၍ ၂၀၁၆ ခုႏွစ္တြင္ မံုရြာခရိုင္၊ မႏၱေလးတိုင္းေဒသႀကီး - ခ်မ္းေအးသာဇံၿမိဳ႕နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ ပုသိမ္ၿမိဳ႕နယ္ႏွင့္ မေကြးၿမိဳ႕နယ္တရားရံုး တို႔တြင္ ဆက္လက္ေဆာင္ရြက္သြားရန္ လ်ာထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဖီးနစ္
************
မကွေး၊ ဧပြီလ (၂၃) ရက် 
အမှုစစ်ဆေးမှုများ ပိုမိုမြန်ဆန်လာစေရေးဆောင်ရွက်မည့် တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးစီမံကိန်းအား မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တရားရုံးတွင် လာမည့် စက်တင်ဘာလ၌ စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
 “၂၀၁၄ ခုနှစ်ကတည်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်လာတာဖြစ်ပြီး အထူးသဖြင့် အမှုတွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတာ အခုဆိုရင် မကွေးမြို့နယ်တရားရုံးက ကျွန်မတို့ ဆောင်ရွက်နေတဲ့ (၈) ခုမြောက် ကနဦး ရှေ့ပြေးတရားရုံးပဲဖြစ်ပါတယ်”ဟု တရားဥပဒေစိုးမိုးမှုမြှင့် တင်ရေးစီမံကိန်းမှ Justice Systems Specialist ဒေါ်ယိမ်းမျှော်က ပြောသည်။
အဆိုပါ စီမံကိန်းကို ကနဦး ရှေ့ပြေးဆောင်ရွက်ချက်အဖြစ် ၂၀၁၅ ခုနှစ် ဇူလိုင်(၁)ရက်နေ့မှစ၍ လှိုင်သာယာမြို့နယ်၊ ဖားအံမြို့နယ်နှင့် တောင်ငူခရိုင်တရားရုံးများတွင် (၆)လကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အမှုချိန်း ရက်ရွှေ့ဆိုင်းရမှုမှာ (၆၀)ရာခိုင်နှုန်းခန့် လျော့နည်းကျဆင်းသွားခဲ့သည်ဟု သိရသည်။
 “ကျွန်မတို့ အနေနဲ့ အချက်နှစ်ချက်ကို အဓိကထား ဆောင်ရွက်ပါတယ်။ ပထမ တစ်ချက်က ပြည်သူတွေ တရားရုံးကို လာတဲ့အခါမှာ ဘယ်အခန်းကို အရင်သွားပြီး၊ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို မသိကြဘူး။ အဲဒီအခက်အခဲကို ပြေလည်စေဖို့ သတင်းအချက်အလက်ပေးတဲ့ဌာန ဖွင့်လှစ်ပေးဖို့လိုတယ်။ နောက်တစ်ချက်က အမှုတွေ ကြန့်ကြာမှုမရှိအောင် တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး စီမံကိန်းနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ အတူတကွရေးဆွဲခဲ့တဲ့ အမှုစီမံခန့်ခွဲမှု အစီအစဉ်သစ်ကို စမ်းသပ် အကောင်အထည်ဖော် ဆောင်ရွက်တာပဲဖြစ်ပါတယ်”ဟု ဒေါ်ယိမ်းမျှော်က ပြောသည်။
တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး စီမံကိန်းသည် ပြည်သူလူထုအနဖြေင့် တရားရုံးများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန် တရားရုံးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ထားရှိပေးခြင်း၊ အမှုစစ်ဆေးရာတွင် ပိုမိုစနစ်တကျရှိပြီး အမှုစစ်ဆေးချိန် လျှော့ချနိုင်ရေးအတွက် တရားရုံး အထောက်အကူပြု ကွန်ပျူတာများ ပံ့ပိုးပေးခြင်း၊ တရားသူကြီးများနှင့် ဝန်ထမ်းများအား ကွန်ပျူတာ သင်တန်းများ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့အနေနဲ့ မကွေးမြို့နယ်တရားရုံးရဲ့ မြပြေင်အခြေအနေနဲ့ ဘာတွေဆောင်ရွက်ပေးရမလဲဆိုတာကို လာရောက်ကြည့်ရှု လေ့လာပြီး သူတို့ရဲ့ လုပ်ငန်းအစီအစဉ်တွေကို ကျွန်တော်တို့ကို ချပြဆွေးနွေးတာပါ။ မြို့နယ်တရားရုံးရဲ့ စနစ်တကျရှိမှုနဲ့ သတင်းအချက်အလက်ပေးတဲ့ဌာန ထားရှိတဲ့ အပေါ်မှာ ကျေနပ်အားရမှုရှိတယ်လို့ဆိုပါတယ်”ဟု တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး စီမံကိန်းနှင့်ပတ်သက်၍ မကွေးမြို့နယ် တွဲဖက်တရားသူကြီး ဦးကျော်မိုးခိုင်က ပြောသည်။
အဆိုပါ စီမံကိန်းမှာ ကနဦးရှေ့ပြေးတရားရုံး(၃)ခုတွင်အောင်မြင်ခဲ့၍ ၂၀၁၆ ခုနှစ်တွင် မုံရွာခရိုင်၊ မန္တလေးတိုင်းဒေသကြီး - ချမ်းအေးသာဇံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ပုသိမ်မြို့နယ်နှင့် မကွေးမြို့နယ်တရားရုံး တို့တွင် ဆက်လက်ဆောင်ရွက်သွားရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ဖီးနစ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~