ႏွစ္ဆန္း(၁)ရက္ေန႔ ညပိုင္း၌ တာခ်ီလိတ္ေရႊတိဂံုဘုရားေပၚတြင္ မူးလဲကာ အမ်ဳိးသမီး ေသဆံုး

ႏွစ္ဆန္း(၁)ရက္ေန႔ ညပိုင္း၌ တာခ်ီလိတ္ေရႊတိဂံုဘုရားေပၚတြင္ မူးလဲကာ အမ်ဳိးသမီး ေသဆံုး
ဧပြီ 17, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ(၁၇)
တာခ်ီလိတ္ေရႊတိဂံုဘုရားေပၚတြင္ ဧၿပီ(၁၇)ရက္ ႏွစ္ဆန္း(၁)ရက္ေန႔ ညေနပိုင္းက အမ်ိဳးသမီးတစ္ဦး မူးလဲ၍ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

"ဘုရားဖူးဖို႔ အသက္(၁၃)ႏွစ္ေလာက္ရွိတဲ့ ေမာင္ေလးနဲ႔ လမ္းေလွ်ာက္လာရင္း မူးလဲသြားတာတဲ့ အဲ့ဒါနဲ႔ အသင္းက လူေတြ ေဆးရံုပို႔လိုက္တာ အသက္မရွိေတာ့ဘူး"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

ႏွစ္ဆန္း(၁)ရက္ေန႔ ဘုရားေပၚသို႔ လူအမ်ားအျပား လာေရာက္ လည္ပတ္လွ်က္ရွိရာ ပုန္းထြန္ရပ္ကြက္၊ ေက်ာက္ေတာင္၊ မတရုတ္မ အိမ္ခန္းငွါးတြင္ ေနထိုင္ေသာ အသက္(၂၈)ႏွစ္အရြယ္ရွိ မ၀င္း၀င္းထြန္းမွာ ေရႊတိဂံုဘုရားေပၚ ေမာင္ျဖစ္သူႏွင့္ အတူလမ္းေလွ်ာက္လာစဥ္ ရုတ္တရက္ေခါင္းမူးသည္ဟုဆိုကာ လဲက်သြားျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

ေဆးရံုမွ တာ၀န္က်ဆရာ၀န္၏ စစ္ေဆးခ်က္အရ အသက္မရွိေတာ့ေၾကာင္းကို စစ္ေဆးေတြ႕ရွိရေၾကာင္း သိရၿပီး ေသဆံုးသူ ေဆြမ်ိဳးမ်ား၏ ဆႏၵအရ ေနအိမ္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း မဇၥ်ိမလူမႈကူညီေရးအသင္းမွ သိရသည္။

သတင္း။  ။ ကိုဇက္

...............

တာချီလိတ်၊ ဧပြီလ(၁၇)
တာချီလိတ်ရွှေတိဂုံဘုရားပေါ်တွင် ဧပြီ(၁၇)ရက် နှစ်ဆန်း(၁)ရက်နေ့ ညနေပိုင်းက အမျိုးသမီးတစ်ဦး မူးလဲ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

"ဘုရားဖူးဖို့ အသက်(၁၃)နှစ်လောက်ရှိတဲ့ မောင်လေးနဲ့ လမ်းလျှောက်လာရင်း မူးလဲသွားတာတဲ့ အဲ့ဒါနဲ့ အသင်းက လူတွေ ဆေးရုံပို့လိုက်တာ အသက်မရှိတော့ဘူး"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

နှစ်ဆန်း(၁)ရက်နေ့ ဘုရားပေါ်သို့ လူအများအပြား လာရောက် လည်ပတ်လျှက်ရှိရာ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်၊ မတရုတ်မ အိမ်ခန်းငှါးတွင် နေထိုင်သော အသက်(၂၈)နှစ်အရွယ်ရှိ မဝင်းဝင်းထွန်းမှာ ရွှေတိဂုံဘုရားပေါ် မောင်ဖြစ်သူနှင့် အတူလမ်းလျှောက်လာစဉ် ရုတ်တရက်ခေါင်းမူးသည်ဟုဆိုကာ လဲကျသွားခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ဆေးရုံမှ တာဝန်ကျဆရာဝန်၏ စစ်ဆေးချက်အရ အသက်မရှိတော့ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရပြီး သေဆုံးသူ ဆွေမျိုးများ၏ ဆန္ဒအရ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~