လိြဳင္ေကာ္ၿမိဳ႕တြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ အရပ္ဖက္အဖြဲ႕မ်ားေတြ႕ဆံု

လိြဳင္ေကာ္ၿမိဳ႕တြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ အရပ္ဖက္အဖြဲ႕မ်ားေတြ႕ဆံု
ဧပြီ 24, 2016
By Tachileik News Agency

လိြဳင္ေကာ္၊ ဧၿပီလ (၂၄) ရက္
ကယားျပည္္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အရပ္ဖက္အဖြဲ႕အစည္းမ်ား ေတြ႔ဆံုႏုိင္ရန္ စီစဥ္ေနေၾကာင္း ကရင္နီျပည္လူငယ္မ်ားသမဂၢမွ သိရသည္။

အရပ္ဖက္အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္ (၂၀)ေက်ာ္ႏွင့္ ကယားျပည္နယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာခင္စည္သူတို႔ ဧၿပီလ (၁၉) ရက္က အလြတ္သေဘာေတြ႔ဆံုခဲ့ေၾကာင္း ကရင္နီျပည္လူငယ္မ်ားသမဂၢမွ သိရသည္။

"အခု CSO၊ CBO (အရပ္ဖက္အဖြဲ႕အစည္း)ေတြဆုိတာက ျပည္သူလူထုေတြပဲ။ သူတုိ႔မပါရင္လည္း ကၽြန္မတို႔ ဘာမွလုပ္လုိ႔မရဘူး။ ဒါေၾကာင့္ေတြ ့ရတာပါ။ ဘာလုိ႔လဲဆိုေတာ့ ျပည္သူလူထုက ဘာေတြေျပာေနလဲ။ ဘာေတြေတာင္းဆုိေနလဲဆိုတာေတြသိရမွ ကၽြန္မတို႔ဖက္က ဘာေတြဆက္လုပ္ရမလဲဆုိတာ သိမွာေလ"ဟု ကယားျပည္နယ္မွ ျပည္သူ ့လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာခင္စည္သူက ေျပာသည္။

အဆုိပါေတြ႔ဆုံပြဲတြင္ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ လက္နက္ကိုင္ တိုင္းရင္းသားအေရး၊ မူးယစ္ေဆး၀ါးျပႆနာမ်ား၊ လမ္းပန္းဆက္သြယ္ေရးျပႆနာမ်ားအစရွိသည္တို႔ကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

"အဓိကကေတာ့ အလြတ္သေဘာပါပဲ။ ဆုံးျဖတ္ခ်က္ေတြ ဘာေတြခ်တဲ့အဆင့္ထိ မဟုတ္ပါဘူး။ ကၽြန္ေတာ္ တို႔က ေရွ႕ဆက္အစိုးရသစ္နဲ႔ ဘယ္လို လက္တြဲလုပ္ေဆာင္သြားမယ္။ ၿပီးေတာ့ ျပည္တြင္းမွာရိွတဲ့ အဖြဲ႕အစည္း ေတြကေန သူတို႔ျဖစ္တဲ့ဟာေတြ ျပည္သူေတြလုိလားေနတဲ့ အခ်က္အလက္ေတြကို ေဆာင္ရြက္ေပးနုိင္တဲ့ လႊတ္ေတာ္ပုိင္းဆုိင္ရာကိိစၥေတြကို သိသြားတာေပါ့"ဟု ကရင္နီျပည္လူငယ္မ်ားသမဂၢမွ ဗဟုိေကာ္မတီ၀င္ တစ္ဦးျဖစ္သည့္ ကိုမင္းရွိန္က ဆိုသည္။

ကယားျပည္နယ္အတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအားလုံးနွင့္ CSO၊ CBOမ်ားေတြ႔ဆုံပြဲကို ဒုတိယအႀကိမ္ျပည္သူ ့လႊတ္ေတာ္ အၿပီးတြင္ ဆက္လက္ေတြ ့ဆုံနုိင္ရန္ စီစဥ္ထားေၾကာင္း ကရင္နီျပည္လူငယ္မ်ားသမဂၢမွ သိရသည္။

သတင္း။  ။ ေနေလး
.............

လွိုင်ကော်၊ ဧပြီလ (၂၄) ရက်
ကယားပြည်နယ် လွိုင်ကော်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံနိုင်ရန် စီစဉ်နေကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂမှ သိရသည်။

အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၂၀)ကျော်နှင့် ကယားပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူတို့ ဧပြီလ (၁၉) ရက်က အလွတ်သဘောတွေ့ဆုံခဲ့ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂမှ သိရသည်။

"အခု CSO၊ CBO (အရပ်ဖက်အဖွဲ့အစည်း)တွေဆိုတာက ပြည်သူလူထုတွေပဲ။ သူတို့မပါရင်လည်း ကျွန်မတို့ ဘာမှလုပ်လို့မရဘူး။ ဒါကြောင့်တွေ့ရတာပါ။ ဘာလို့လဲဆိုတော့ ပြည်သူလူထုက ဘာတွေပြောနေလဲ။ ဘာတွေတောင်းဆိုနေလဲဆိုတာတွေသိရမှ ကျွန်မတို့ဖက်က ဘာတွေဆက်လုပ်ရမလဲဆိုတာ သိမှာလေ"ဟု ကယားပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ လက်နက်ကိုင် တိုင်းရင်းသားအရေး၊ မူးယစ်ဆေးဝါးပြဿနာများ၊ လမ်းပန်းဆက်သွယ်ရေးပြဿနာများအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"အဓိကကတော့ အလွတ်သဘောပါပဲ။ ဆုံးဖြတ်ချက်တွေ ဘာတွေချတဲ့အဆင့်ထိ မဟုတ်ပါဘူး။ ကျွန်တော် တို့က ရှေ့ဆက်အစိုးရသစ်နဲ့ ဘယ်လို လက်တွဲလုပ်ဆောင်သွားမယ်။ ပြီးတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်း တွေကနေ သူတို့ဖြစ်တဲ့ဟာတွေ ပြည်သူတွေလိုလားနေတဲ့ အချက်အလက်တွေကို ဆောင်ရွက်ပေးနိုင်တဲ့ လွှတ်တော်ပိုင်းဆိုင်ရာကိစ္စတွေကို သိသွားတာပေါ့"ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ကိုမင်းရှိန်က ဆိုသည်။

ကယားပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအားလုံးနှင့် CSO၊ CBOများတွေ့ဆုံပွဲကို ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အပြီးတွင် ဆက်လက်တွေ့ဆုံနိုင်ရန် စီစဉ်ထားကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂမှ သိရသည်။

သတင်း။ နေလေး

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~