ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးအျဖစ္ အေယာင္ေဆာင္ၿပီး ဖုန္းေဘလ္ႏွစ္သိန္းေက်ာ္လိမ္လည္

ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးအျဖစ္ အေယာင္ေဆာင္ၿပီး ဖုန္းေဘလ္ႏွစ္သိန္းေက်ာ္လိမ္လည္
ဧပြီ 9, 2016
By Tachileik News Agency

နမ့္စန္၊ ဧၿပီလ (၉) ရက္
ရွမ္းျပည္နယ္(ေတာင္ပိုင္း) နမ့္စန္ၿမိဳ႕နယ္ရဲစခန္းမွ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးအျဖစ္ အေယာင္ေဆာင္၍ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားထံမွ ဖုန္းေဘလ္ႏွစ္သိန္းေက်ာ္အား လိမ္ညာယူသြားသူကို အေရးယူႏုိင္ရန္ လိုက္လံစံုစမ္းေနေၾကာင္း သိရသည္။

“က်န္တဲ့ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံးေတြကုိလည္း ဖုန္း၀င္ပါတယ္။ ထုိနည္းအတုိင္းပဲ ေတာင္းပါတယ္။ က်န္တဲ့အုပ္ခ်ဳပ္ေရးမွဴးေတြကေတာ့ ဖုန္းေငြမလႊဲေပးခဲ့ပါဘူး။ ၿပီးေတာ့ဖုန္းကုိ စုံစမ္းလုိက္တဲ့အခါ ရဲမွဴးရဲလြင္ဦးရဲ႕ဖုန္းမဟုတ္ေၾကာင္း ေငြလႊဲၿပီးမွ အုပ္ခ်ဳပ္ေရးမွဴးေတြ ဖုန္းေငြလႊဲေပးတာ အလိမ္ခံရမွန္း သိလုိက္ရပါတယ္”ဟု အမွတ္(၂) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သီဟမ်ိဳးက ေျပာသည္။

နမ့္စန္ၿမိဳ႕ အမွတ္(၂) ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔  ဧၿပီလ (၇)ရက္ေန႔က ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲလြင္ဦးဟု ဆိုသူက ဖုန္းဆက္ၿပီး ၎မွာလိြဳင္လင္ေရာက္ေနသျဖင့္  ဖုန္းေဘလ္ျဖည့္ေပးရန္ေျပာရာ အမွတ္ ၂ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးက ဖုန္းေဘလ္ က်ပ္ (၁၆၀,၀၀၀)ဖိုး ျဖည့္ေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“MPTဖုန္းေငြ(၁)သိန္းဖုိး၊ telenor(၃)ေသာင္း၊ ooredoo(၃)ေသာင္းဖုိးကုိခဲျခစ္ၿပီး လႊဲေပးခဲ့ပါတယ္။ ၿပီးေတာ့ ညေန ျပန္ေရာက္ရင္ျပန္ေပးမယ္လုိ႔ ေျပာပါတယ္။  ညေနပုိင္းမွာ အမွတ္ (၁) ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲလင္းထံ ရဲမွဴးရဲလြင္ဦးလ႔ုိေျပာၿပီး ဖုန္ေငြျဖည့္ခုိင္းျပန္ပါတယ္။ ဦးရဲလင္းက ဖုန္းေငြလႊဲေပးတာ (၄၅,၀၀၀)က်ပ္ဖုိး ပါသြားျပန္ပါတယ္” ဟု အမွတ္(၂) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သီဟမ်ိဳးက ေျပာသည္။

အဆိုပါလိမ္လည္မႈႏွင့္ ပတ္သက္၍ စံုစမ္းေဖာ္ထုတ္မႈကို နမ့္စန္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း။  ။ သန္းစိုးေအာင္(နမ့္စန္)
.............
နမ့်စန်၊ ဧပြီလ (၉) ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးအဖြစ် အယောင်ဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ ဖုန်းဘေလ်နှစ်သိန်းကျော်အား လိမ်ညာယူသွားသူကို အရေးယူနိုင်ရန် လိုက်လံစုံစမ်းနေကြောင်း သိရသည်။
“ကျန်တဲ့ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကိုလည်း ဖုန်းဝင်ပါတယ်။ ထိုနည်းအတိုင်းပဲ တောင်းပါတယ်။ ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေကတော့ ဖုန်းငွေမလွှဲပေးခဲ့ပါဘူး။ ပြီးတော့ဖုန်းကို စုံစမ်းလိုက်တဲ့အခါ ရဲမှူးရဲလွင်ဦးရဲ့ဖုန်းမဟုတ်ကြောင်း ငွေလွှဲပြီးမှ အုပ်ချုပ်ရေးမှူးတွေ ဖုန်းငွေလွှဲပေးတာ အလိမ်ခံရမှန်း သိလိုက်ရပါတယ်”ဟု အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သီဟမျိုးက ပြောသည်။
နမ့်စန်မြို့ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဧပြီလ (၇)ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲလွင်ဦးဟု ဆိုသူက ဖုန်းဆက်ပြီး၎င်းမှာလွိုင်လင်ရောက်နေသဖြင့် ဖုန်းဘေလ်ဖြည့်ပေးရန်ပြောရာ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဖုန်းဘေလ် ကျပ် (၁၆၀,ဝဝဝ)ဖိုး ဖြည့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“MPTဖုန်းငွေ(၁)သိန်းဖိုး၊ telenor(၃)သောင်း၊ ooredoo(၃)သောင်းဖိုးကိုခဲခြစ်ပြီး လွှဲပေးခဲ့ပါတယ်။ ပြီးတော့ ညနေ ပြန်ရောက်ရင်ပြန်ပေးမယ်လို့ ပြောပါတယ်။ ညနေပိုင်းမှာ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲလင်းထံ ရဲမှူးရဲလွင်ဦးလို့ပြောပြီး ဖုန်ငွဖြေည့်ခိုင်းပြန်ပါတယ်။ ဦးရဲလင်းက ဖုန်းငွေလွှဲပေးတာ (၄၅,ဝဝဝ)ကျပ်ဖိုး ပါသွားပြန်ပါတယ်” ဟု အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သီဟမျိုးက ပြောသည်။
အဆိုပါလိမ်လည်မှုနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်မှုကို နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့က လုပ်ဆောင်နေကြောင်း သိရသည်။ 
သတင်း။ သန်းစိုးအောင်(နမ့်စန်)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~