ကျိုင်းတုံမြို့ ရေမလုံလောက်မှုအား ဖြေရှင်းရန် ရေပေးဝေရေးပိုက်လိုင်းထပ်တိုးမည်
ကျိုင်းတုံမြို့ ရေမလုံလောက်မှုအား ဖြေရှင်းရန် ရေပေးဝေရေးပိုက်လိုင်းထပ်တိုးမည်
ဧပွီ 19, 2016
By Tachileik News Agency
ကျိုင်းတုံ၊ ဧပြီ(၁၉) ။  ။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်း ရေပေးဝေမှု မလုံလောက်သဖြင့် ယခုလက်ရှိ ဖြန့်ဝေပေးနေသော လေးလက်မပိုက် အပြင် နောက်ထပ် ရှစ်လက်မပိုက်ဖြင့် ထပ်တိုးပြီး ရေဖြန့်ဝေပေးနိုင်ရန် လုပ်ဆောင် နေကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ကျိုင်းတုံမြို့သို့ ရေပေးဝေနေသော ရေများကို မြို့နှင့်(၈)မိုင်ခန့်ဝေးသည့် နေရာတွင် ရေစုကန်ဖြင့် သဘာဝအတိုင်း စီးဆင်းနေသော ချောင်းနှစ်ခုမှ ရေများကိုစုစည်းကာ ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။  ။ ဇွဲမြတ်
............
( unicode )
ကျိုင်းတုံ၊ ဧပြီ(၁၉)။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်း ရေပေးဝေမှု မလုံလောက်သဖြင့် ယခုလက်ရှိ ဖြနေ့်ဝပေးနေသော လေးလက်မပိုက် အပြင် နောက်ထပ် ရှစ်လက်မပိုက်ဖြင့် ထပ်တိုးပြီး ရဖြေနေ့်ဝပေးနိုင်ရန် လုပ်ဆောင် နေကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
" မြို့ထဲမှာ သုံးရေက မလောက်တော့ဘူး။ အဲဒါကြောင့် မြို့ထဲအတွက် နောက်ထပ် (၈)လက်မပိုက်နဲ့ ရေတွေပေးဖို့ လုပ်ထားတယ်။ အဲဒီ ပိုက်ကမြို့အထိ သွယ်ပြီးသွားပြီ။ ဒါပေမဲ့ ရေကမပေးနိုင်သေးဘူး။ ခန့်မှန်းခြေ ဒီလကုန်လောက်ဆိုရင်တော့ အဲဒီ(၈)လက်မပိုက်ကနေလည်း ရေတွဖြေန့်နိုင်တော့မှာပါ။"ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ သန့်ရှင်းရေးဌာန ဒုဦးစီးမှူး ဦးသန်းဇော်က ပြောသည်။
ကျိုင်းတုံမြို့သို့ ရေပေးေဝနေသော ရေများကို မြို့နှင့်(၈)မိုင်ခနေ့်ဝးသည့် နေရာတွင် ရေစုကန်ဖြင့် သဘာဝအတိုင်း စီးဆင်းနေသော ချောင်းနှစ်ခုမှ ရေများကိုစုစည်းကာ ဖြနေ့်ဝပေးနခြေင်းဖြစ်ကြောင်း သိရသည်။
"ရေက မြို့တွင်း(၅)ရပ်ကွက်အတွက်တော့ လုံလောက်မှုရှိတယ်။ ဘယ်နေရာမှာ လုံလောက်မှု မရှိဘူးလဲဆိုတော့ ရဲဘော်ဟောင်းရပ်ကွက်လို့ခေါ်တဲ့ ဟွေခါးဘက်မှာက မလောက်ဘူး။ ဘယ်လိုဖြစ်တာလဲ ဆိုတော့ သူတို့က စည်ပင်နယ်နမိတ် အတွင်းမှာ ရှိတယ်ဆိုပေမဲ့ သူတို့ရွာကိုသွားတဲ့ရေပိုက်တွေက ကြားထဲမှာ တပ်ကခံနေတော့ အခက်အခဲနည်းနည်းရှိတယ်။ ပြီးရင်သူတို့က မြေအနေအထားအရလည်း ရေရောက်ဖို့ကခက်တယ်။ မနှစ်က သူတို့ဘက်မှာ ရေအရမ်းရှားလာတော့ စည်ပင်ရေကားနဲ့သွားပို့ပေးတယ်။ သူတို့ ရပ်ကွက်မှတင်မဟုတ်ဘူး တခြားဘယ်ရပ်ကွက်မှာမဆို ရေရှားလာရင် ဒီကစည်ပင်ကားနဲ့ လိုက်ပို့ပေးပါတယ်"ဟု ကျိုင်းတုံ စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့ရှိ ရပ်ကွက်(၅)ခုမှ စည်ပင်မှပေးသောရေများကို ရေမီတာများတပ်ဆင်၍ အသုံးပြုလျှက်ရှိပြီး (၁)ယူနစ်လျှင် (၂၀၀)ကျပ်ကောက်ခံပြီး (၃)လလျှင် တစ်ကြိမ် ရေအသုံးပြုခ အခွန်ငွေ ပေးဆောင်ကြရကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~