Update News

ဂ်ံဳမႈန္႔ျဖင့္ပက္သည့္ က်ိဳင္းတံုသႀကၤန္ေၾကာင့္ ကားေရေဆးလုပ္ငန္းမ်ား အလုပ္ျဖစ္လာ



က်ဳိင္းတံု၊ ဧၿပီလ (၂၂) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ သႀကၤန္ကာလ ေရကစားရာတြင္ ဂ်ံဳမႈန္႔ျဖင့္ပါ ေရာပက္သျဖင့္ သႀကၤန္ကာလအၿပီးတြင္  ဂ်ံဳမႈန္႔ေပက်ံေနသည့္ကားမ်ား ေရေဆးခံုမ်ားသို႔ အမ်ားဆံုးေရာက္လာေၾကာင္း ေရေဆးခံုလုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ သိရသည္။

" ခုတေလာ ေရေဆးခံုကို လာေဆးတဲ့ ကားဆိုင္ကယ္ေတြက သႀကၤန္တြင္း လည္ပတ္ခဲ့လို႔ ဂ်ံဳမႈန္႔ေတြနဲ႔ ေပက်ံေနတာမ်ားၿပီး ခါတိုင္း လာေဆးေနက်ေဖာက္သည္ေတြအျပင္ လာေရာက္ေဆးေၾကာတဲ့ အေရအတြက္ ပိုမ်ားေနပါတယ္။ " ဟု ဒီဒီး ေရေဆးခံုမွ ကိုဒီဒီးက ေျပာသည္။

ဂ်ံဳမႈန္႔ေပက်ံေနသည့္ ယာဥ္မ်ားကို ကိုယ္တိုင္ေဆးေၾကာလွ်င္ ေကာင္းမြန္စြာ ေျပာင္စင္ျခင္းမရိွသျဖင့္ ေရေဆးခံုမ်ားသို႔ သြားေရာက္အပ္ႏွံေဆးေၾကာရျခင္းျဖစ္ေၾကာင္း ယာဥ္ပိုင္ရွင္မ်ားထံမွ သိရသည္။

" ကြၽန္ေတာ့္ကားက သႀကၤန္လည္ထားေတာ့ ဂ်ံဳမႈန္႔ေတြနဲ႔ ေပေနတာ။ ခါတိုင္းကိုယ္တိုင္ေဆးေနက်ျဖစ္ေပမဲ့ ခု ေပေနတာက ကိုယ္တိုင္ေဆးလို႔ ေကာင္းေကာင္းမေျပာင္ႏိုင္ပါဘူး။ ေရေဆးခံုမွာ စနစ္တက် ေဆးေၾကာၿပီး ေပါလစ္တင္လိုက္မွ ေျပာင္စင္သြားတာပါ။ " ဟု ယာဥ္လာေရာက္ေဆးေၾကာသူ ကိုလီေဂ်က ေျပာသည္။

က်ဴိင္းတံုၿမိဳ႕တြင္ ေရေဆးခံုလုပ္ငန္း (၈) ခုခန္႔ရိွၿပီး ပံုမွန္ရက္မ်ားတြင္ ေန႔စဥ္ ယာဥ္စီးေရ(၁၀)စီးခန္႔သာ ေဆးေၾကာရသည့္ ေရေဆးခုံမ်ားတြင္ သႀကၤန္ကာလအၿပီး၌  ေန႔စဥ္ ယာဥ္စီးေရ (၅၀)ခန္႔ရိွေနေၾကာင္း ကားေရေဆးလုပ္ငန္းမ်ားမွ သိရသည္။

သတင္း။  ။ ဇင္ေအာင္

...........

ကျိုင်းတုံ၊ ဧပြီလ (၂၂) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သင်္ကြန်ကာလ ရေကစားရာတွင် ဂျုံမှုန့်ဖြင့်ပါ ရောပက်သဖြင့် သင်္ကြန်ကာလအပြီးတွင် ဂျုံမှုန့်ပေကျံနေသည့်ကားများ ရေဆေးခုံများသို့ အများဆုံးရောက်လာကြောင်း ရေဆေးခုံလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

" ခုတလော ရေဆေးခုံကို လာဆေးတဲ့ ကားဆိုင်ကယ်တွေက သင်္ကြန်တွင်း လည်ပတ်ခဲ့လို့ ဂျုံမှုန့်တွေနဲ့ ပေကျံနေတာများပြီး ခါတိုင်း လာဆေးနေကျဖောက်သည်တွေအပြင် လာရောက်ဆေးကြောတဲ့ အရေအတွက် ပိုများနေပါတယ်။ " ဟု ဒီဒီး ရေဆေးခုံမှ ကိုဒီဒီးက ပြောသည်။

ဂျုံမှုန့်ပေကျံနေသည့် ယာဉ်များကို ကိုယ်တိုင်ဆေးကြောလျှင် ကောင်းမွန်စွာ ပြောင်စင်ခြင်းမရှိသဖြင့် ရေဆေးခုံများသို့ သွားရောက်အပ်နှံဆေးကြောရခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

" ကျွန်တော့်ကားက သင်္ကြန်လည်ထားတော့ ဂျုံမှုန့်တွေနဲ့ ပေနေတာ။ ခါတိုင်းကိုယ်တိုင်ဆေးနေကျဖြစ်ပေမဲ့ ခု ပေနေတာက ကိုယ်တိုင်ဆေးလို့ ကောင်းကောင်းမပြောင်နိုင်ပါဘူး။ ရေဆေးခုံမှာ စနစ်တကျ ဆေးကြောပြီး ပေါလစ်တင်လိုက်မှ ပြောင်စင်သွားတာပါ။ " ဟု ယာဉ်လာရောက်ဆေးကြောသူ ကိုလီဂျေက ပြောသည်။

ကျိူင်းတုံမြို့တွင် ရေဆေးခုံလုပ်ငန်း (၈) ခုခန့်ရှိပြီး ပုံမှန်ရက်များတွင် နေ့စဉ် ယာဉ်စီးရေ(၁၀)စီးခန့်သာ ဆေးကြောရသည့် ရေဆေးခုံများတွင် သင်္ကြန်ကာလအပြီး၌ နေ့စဉ် ယာဉ်စီးရေ (၅၀)ခန့်ရှိနေကြောင်း ကားရေဆေးလုပ်ငန်းများမှ သိရသည်။

သတင်း။ ဇင်အောင်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »