က်ိဳင္းတံုၿမိဳ႕၌ ဇီဝိတဒါနငါးလႊတ္ပြဲႏွင့္ သက္ႀကီးပူေဇာ္ပြဲက်င္းပ

က်ိဳင္းတံုၿမိဳ႕၌ ဇီဝိတဒါနငါးလႊတ္ပြဲႏွင့္ သက္ႀကီးပူေဇာ္ပြဲက်င္းပ
ဧပြီ 17, 2016
By Tachileik News Agency

က်ဳိင္းတံု ၊ ဧၿပီလ (၁၇) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ က်ဳိင္းတံုၿမိဳ႕မွ ဌာနဆိုင္ရာမ်ားႏွင့္ ရပ္မိရပ္ဖမ်ားပူးေပါင္းၿပီး က်ိဳင္းေဖာင္းရြာ အနီးရိွ က်ိဳင္းေဖာင္းေခ်ာင္းအတြင္းသို႔္ ဧၿပီလ ၁၇ ရက္ ႏွစ္ဆန္းတစ္ရက္ေန႔က ဇီဝိတဒါန ငါးလႊတ္ပြဲႏွင့္ သက္ႀကီးပူေဇာ္ပြဲ က်င္းပၾကေၾကာင္း သိရသည္။

"ငါးလႊတ္ပြဲလုပ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ ႏွစ္ဆန္းတစ္ရက္ေန႔ကစၿပီး သတၱဝါေတြ ေအးခ်မ္းေစခ်င္တဲ့ ဆႏၵနဲ႔ပါ" ဟု  ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးေကာင္းစံဦးက ဆိုသည္။

က်ဳိင္းတံုၿမိဳ႕ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားမွ ဌာနဆိုင္ရာမ်ားႏွင့္ ေကာ္မတီမ်ား၊ ရပ္မိရပ္ဖမ်ား စုေပါင္းၿပီး ငါးလုပ္ငန္းဦးစီးဌာနမွ ငါးၾကင္းမ်ိဳးအေကာင္ေရ တစ္ေသာင္းအား ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္ (၇) နာရီအခ်ိန္ခန္႔က လႊတ္ေပးလိုက္ျခင္းျဖစ္သည္။

ယင္းေနာက္ က်ဳိင္းတံုၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမတြင္ နံနက္ (၉) နာရီအခ်ိန္၌ က်ဳိင္းတံုဘိုးဘြားရိပ္သာႏွင့္ ၿမိဳ႕နယ္အတြင္းမွ သက္ႀကီးဘိုးဘြား (၈၄) ဦးအား ဌာနဆိုင္ရာမ်ားက ပူေဇာ္ကန္ေတာ့ၾကျခင္းျဖစ္သည္။

ဘြားဘိုးမ်ားကိုတစ္ဦးလွ်င္ ေငြငါးေထာင္က်ပ္၊ အာဟာရျဖည့္စြက္အစားအစာမ်ားျဖင့္ ကန္ေတာ့ျခင္း၊ က်န္းမာေရးဌာနမွ ဘိုးဘြားမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပးျခင္းမ်ား ျပဳလုပ္ၾကျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု။  ။ ဇင္ေအာင္
.............

ကျိုင်းတုံ၊ ဧပြီလ (၁၇) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့မှ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများပူးပေါင်းပြီး ကျိုင်းဖောင်းရွာ အနီးရှိ ကျိုင်းဖောင်းချောင်းအတွင်းသို့် ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့က ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပကြကြောင်း သိရသည်။

"ငါးလွှတ်ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ နှစ်ဆန်းတစ်ရက်နေ့ကစပြီး သတ္တဝါတွေ အေးချမ်းစေချင်တဲ့ ဆန္ဒနဲ့ပါ" ဟု ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးက ဆိုသည်။

ကျိုင်းတုံမြို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများနှင့် ကော်မတီများ၊ ရပ်မိရပ်ဖများ စုပေါင်းပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးကြင်းမျိုးအကောင်ရေ တစ်သောင်းအား နှစ်ဆန်းတစ်ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ယင်းနောက် ကျိုင်းတုံမြို့၊ မြို့တော်ခန်းမတွင် နံနက် (၉) နာရီအချိန်၌ ကျိုင်းတုံဘိုးဘွားရိပ်သာနှင့် မြို့နယ်အတွင်းမှ သက်ကြီးဘိုးဘွား (၈၄) ဦးအား ဌာနဆိုင်ရာများက ပူဇော်ကန်တော့ကြခြင်းဖြစ်သည်။

ဘွားဘိုးများကိုတစ်ဦးလျှင် ငွေငါးထောင်ကျပ်၊ အာဟာရဖြည့်စွက်အစားအစာများဖြင့် ကန်တော့ခြင်း၊ ကျန်းမာရေးဌာနမှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်ကြခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~