ကျိုင်းတုံမြို့တွင် ဝ လူမျိုး(၄)ဦးနှင့် တရုတ်အမျိုးသမီး (၁) ဦးထံမှ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ကျိုင်းတုံမြို့တွင် ဝ လူမျိုး(၄)ဦးနှင့် တရုတ်အမျိုးသမီး (၁) ဦးထံမှ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ
ဧပွီ 20, 2016
By Tachileik News Agency

ကျိုင်းတုံ၊ ဧပြီ(၂၀)


ကျိုင်းတုံမြို့မှ မူးယစ်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝမ်တာပင်းပူးပေါင်းစစ်ဆေးရေးကင်းသို့ ဧပြီလ (၁၉) ရက် ၊ ညနေ (၂) ခွဲ အချိန်ခန့်၌ သတင်းအရ သွားရောက်စောင့်ဆိုင်းဖမ်းဆီးစဉ် မော်တော်ယာဉ်အမှတ် (၅ ဃ/ ၉၇၄၃) အနက်ရောင်မော်တော်ယာဉ်တစ်စီးပေါ်တွင် ဝ အမျိုးသား (၄) ဦး၊ တရုတ်အမျိုးသမီး (၁) ဦးလိုက်ပါလာပြီး အဆိုပါယာဉ်အား မောင်းနှင်လာသူ၏ ဝတ်ဆင်ထားသည့် ခဲရောင်ယာဘက်ခြေအိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ငယ်ဖြင့်ထည့်လျှက် WY စာတန်းပါ ပန်းရောင်ဆေးပြား (၄၅) ပြား၊ ယာဉ်ပေါ်လိုက်ပါလာသူ (၄) ဦး အနက် အမျိုးသားတစ်ဦး ဝတ်ဆင်ထားသည့် ကျားဝတ်ဂျင်းဘောင်းဘီအိတ်ကပ်အတွင်းမှ WY စာတန်းပါ ပန်းရောင်ဆေးပြား (၂၀) ပြားတို့နှင့်အတူ တရုတ်ယွမ်ငွေ (၇၇၃၀)ယွမ်၊ မြန်မာကျပ်ငွေ (၂၀၆၀၀၀)၊ တရုတ်ဆင်းမ်ကတ်များဖြင့် ဟန်းဆက် (၄) လုံး၊ ရွှေရောင်နာရီ (၂) လုံးတို့အား သက်သေခံပစ္စည်းအနေဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


သတင်း။  ။ ဇင်အောင်
................

ကျိုင်းတုံ၊ ဧပြီ(၂၀)
ရှမ်းပြည်နယ်(အရှေ့ပိုင်း ) ကျိုင်းတုံမြို့ ဝမ်တာပင်းပူးပေါင်းစစ်ဆေးရေးကင်းတွင် မိုင်းလားမှ "ဝ " လူမျိုး(၄)ဦးနှင့် တရုတ်အမျိုးသမီးတို့ လိုက်ပါလာသည့် ကားတစ်စီးကို ရှာဖွေရာမှ WY စာတန်းပါ ပန်းရောင်ဆေးပြား (၆၅) ပြားအား ဖမ်းဆီးရမိကြောင်း သိရသည်။

"အခုဖမ်းထားတဲ့သူတွေဆီကနေ မူးယစ်ဆေးဝါးနဲ့ ကားတစ်စီးအပြင် တခြားပစ္စည်းတွေကိုလည်း ဖမ်းဆီးရသမျှ ထိန်းသိမ်းထားပါတယ် " ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့မှ မူးယစ်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝမ်တာပင်းပူးပေါင်းစစ်ဆေးရေးကင်းသို့ ဧပြီလ (၁၉) ရက်၊ ညနေ (၂) ခွဲ အချိန်ခန့်၌ သတင်းအရ သွားရောက်စောင့်ဆိုင်းဖမ်းဆီးစဉ် မော်တော်ယာဉ်အမှတ် (၅ ဃ/ ၉၇၄၃) အနက်ရောင်မော်တော်ယာဉ်တစ်စီးပေါ်တွင် ဝ အမျိုးသား (၄) ဦး၊ တရုတ်အမျိုးသမီး (၁) ဦးလိုက်ပါလာပြီး အဆိုပါယာဉ်အား မောင်းနှင်လာသူ၏ ဝတ်ဆင်ထားသည့် ခဲရောင်ယာဘက်ခြေအိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ငယ်ဖြင့်ထည့်လျှက် WY စာတန်းပါ ပန်းရောင်ဆေးပြား (၄၅) ပြား၊ ယာဉ်ပေါ်လိုက်ပါလာသူ (၄) ဦး အနက် အမျိုးသားတစ်ဦး ဝတ်ဆင်ထားသည့် ကျားဝတ်ဂျင်းဘောင်းဘီအိတ်ကပ်အတွင်းမှ WY စာတန်းပါ ပန်းရောင်ဆေးပြား (၂၀) ပြားတို့နှင့်အတူ တရုတ်ယွမ်ငွေ (၇၇၃၀)ယွမ်၊ မြန်မာကျပ်ငွေ (၂၀၆၀၀၀)၊ တရုတ်ဆင်းမ်ကတ်များဖြင့် ဟန်းဆက် (၄) လုံး၊ ရွှေရောင်နာရီ (၂) လုံးတို့အား သက်သေခံပစ္စည်းအနဖြေင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသည့်ငါးဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ/ (ပ) ၄၃ /၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က) /၂၀ (က) /၂၁ ဖြင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~