က်ဳိင္းတံု၌ မီးေလာင္မႈျဖစ္၊ ေနအိမ္တစ္လံုး ေလာင္ကြ်မ္း

က်ဳိင္းတံု၌ မီးေလာင္မႈျဖစ္၊ ေနအိမ္တစ္လံုး ေလာင္ကြ်မ္း
ဧပြီ 16, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ဧၿပီ(၁၆)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ က်ဳိင္းတံုခရိုင္၊ က်ဳိင္းတံုၿမိဳ႕နယ္တြင္ ေနအိမ္တစ္လံုး မီးေလာင္ကြ်မ္းၿပီး အမ်ဳိးသမီးတစ္ဦး မီးဟပ္ခံရေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းေက်းရြာအုပ္စု၊ ၀မ္ေကာင္းေက်းရြာရွိ အုတ္ညႇပ္၊ အုတ္ၾကြပ္မိုး (၁)ထပ္အိမ္အတြင္း အိပ္ခန္းအတြင္းရွိ ေမြ႕ယာအား ဂတ္စ္မီးျခစ္ျဖင့္ ေဆာ့ကစားရာမွ  ဧၿပီလ(၁၆)ရက္ နံနက္(၈)နာရီ (၂၅)မိနစ္အခ်ိန္က မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈ ျဖစ္ပြားရာေနရာသို႔ မီးၿငိႇမ္းသတ္ယာဥ္ (၃) စီး ၊ ေရသယ္ယာဥ္ (၁) စီး၊ သေႏၶ/အရန္ တပ္ဖြ႔ဲ၀င္ (၅၀)ဦးျဖင့္ သြားေရာက္ၿငိႇမ္းသတ္ခဲ့ရာ နံနက္ (၈) နာရီ (၃၀) မိနစ္အခ်ိန္ခန္တြင္ မီးလံုး၀ၿငိႇမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

"မီးကို အခ်ိန္မီ မၿငိႇမ္းသတ္ႏိုင္ခဲ့ရင္ အိမ္ေတြက ကပ္ေနေတာ့ တစ္ရြာလံုး ကူးစက္ ေလာင္ကြၽမ္းသြားႏိုင္တယ္။" ဟု မီးသတ္ရာတြင္လိုက္ပါၿငိမ္းသတ္ခဲ့သည့္ က်ဳိင္းတံုခ႐ိုင္မီးသတ္႐ံုးမွ  တပ္ၾကပ္ ေဇာ္ႏိုင္ခန္႔က ေျပာသည္။

မီးေလာင္မႈေၾကာင့္ မီးဟပ္ခံရေသာ ေဒၚနန္းဟြမ္ကို ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း ႏွင့္ မစိုးရိမ္ရေၾကာင္း ႏွင့္ ၎သည္ စိတ္မႏွံ႕သူ တစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။

မီးေပါ့ဆမႈေၾကာင့္ အသက္ (၃၄) ႏွစ္အရြယ္ ေဒၚနန္းဟြမ္အား က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ (ပ) ၇၂ / ၂၀၁၆၊ ပုဒ္မ (၂၈၅) ျဖင့္ အေရးယူထားေၾကာင္း သိရွိရသည္။

သတင္း။  ။ ဇင္ေအာင္

...........

ကျိုင်းတုံ၊ ဧပြီ(၁၆)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းပြီး အမျိုးသမီးတစ်ဦး မီးဟပ်ခံရကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာရှိ အုတ်ညှပ်၊ အုတ်ကြွပ်မိုး (၁)ထပ်အိမ်အတွင်း အိပ်ခန်းအတွင်းရှိ မွေ့ယာအား ဂတ်စ်မီးခြစ်ဖြင့် ဆော့ကစားရာမှ ဧပြီလ(၁၆)ရက် နံနက်(၈)နာရီ (၂၅)မိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၁) စီး၊ သန္ဓေ/အရန် တပ်ဖွဲ့ဝင် (၅၀)ဦးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်ခန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

"မီးကို အချိန်မီ မငြှိမ်းသတ်နိုင်ခဲ့ရင် အိမ်တွေက ကပ်နေတော့ တစ်ရွာလုံး ကူးစက် လောင်ကျွမ်းသွားနိုင်တယ်။" ဟု မီးသတ်ရာတွင်လိုက်ပါငြိမ်းသတ်ခဲ့သည့် ကျိုင်းတုံခရိုင်မီးသတ်ရုံးမှ တပ်ကြပ် ဇော်နိုင်ခန့်က ပြောသည်။

မီးလောင်မှုကြောင့် မီးဟပ်ခံရသော ဒေါ်နန်းဟွမ်ကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း နှင့် မစိုးရိမ်ရကြောင်း နှင့်၎င်းသည် စိတ်မနှံ့သူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

မီးပေါ့ဆမှုကြောင့် အသက် (၃၄) နှစ်အရွယ် ဒေါ်နန်းဟွမ်အား ကျိုင်းတုံမြို့မရဲစခန်းမှ (ပ) ၇၂ / ၂၀၁၆၊ ပုဒ်မ (၂၈၅) ဖြင့် အရေးယူထားကြောင်း သိရှိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net