က်ိဳင္းတံု၌ စိတ္ၾကြေဆးျပား လက္ဝယ္ထားရိွသည့္ အမ်ိဳးသား(၆)ဦးအား ဖမ္းဆီးထား

က်ိဳင္းတံု၌ စိတ္ၾကြေဆးျပား လက္ဝယ္ထားရိွသည့္ အမ်ိဳးသား(၆)ဦးအား ဖမ္းဆီးထား
ဧပြီ 28, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ဧၿပီလ (၂၈) ရက္
က်ဳိင္းတံုၿမိဳ႕တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား လက္ဝယ္ထားရိွသံုးစြဲမႈျဖင့္ အမ်ဳိးသား (၆) ဦးအား ဧၿပီလ(၂၆) ရက္က သတင္းအရဖမ္းဆီးရမိထားေၾကာင္း က်ဳိင္းတံု  ၿမိဳ႕မရဲစခန္းမွ သတင္းရရိွသည္။

" သတင္းအရ သြားဖမ္းဆီးတာ မူးယစ္ေဆးဝါးကို သုံးစြဲေနတာနဲ႔ တန္းတိုးတာပဲ " ဟု လိုက္ပါဖမ္းဆီးခဲ့သူ ရဲတပ္ဖြဲ႔၀င္တစ္ဦးကေျပာသည္။

မူးယစ္တပ္ဖြဲ႕စုႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕မွ တာဝန္ရိွသူတို႔သည္ အမွတ္(၅)ရပ္ကြက္၊ ယန္းခမ္း (နမ့္ေဝၚ)ရပ္မွ ေနအိမ္တစ္ခု၏ အိမ္ေရွ႕အဖီခန္းအတြင္း ဧၿပီ လ၊ (၂၆) ရက္ ည (၁၁) နာရီခြဲအခ်ိန္၌ သတင္းအရ သြားေရာက္ဖမ္းဆီးခဲ့ရာမွ မူးယစ္ေဆးဝါးသံုးစြဲေနသူ (၅) ဦးကို WY စာတန္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၄၅) ျပားႏွင့္ စိတ္ႂကြေဆး႐ွဴ ကိရိယာ (၁) ခုတို႔ႏွင့္ အတူ ရွာေဖြဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရိွသံုးစြဲသူမ်ားျဖစ္ေသာ သူရေအာင္၊ ဇာနည္ထြန္း၊ ႏိုင္လင္းထြန္း၊ အားရွဲ၊ ေက်ာ္ေက်ာ္တို႔ႏွင့္ အတူ အိမ္ရွင္ ဦးေယာလွ တို႔အား က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ ဧၿပီလ (၂၇) ရက္တြင္ မယ (ပ) ၄၄ / ၂၀၁၆၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၉ (က) /၂၁ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္

.................

ကျိုင်းတုံ၊ ဧပြီလ (၂၈) ရက်
ကျိုင်းတုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသုံးစွဲမှုဖြင့် အမျိုးသား (၆) ဦးအား ဧပြီလ(၂၆) ရက်က သတင်းအရဖမ်းဆီးရမိထားကြောင်း ကျိုင်းတုံ မြို့မရဲစခန်းမှ သတင်းရရှိသည်။

" သတင်းအရ သွားဖမ်းဆီးတာ မူးယစ်ဆေးဝါးကို သုံးစွဲနေတာနဲ့ တန်းတိုးတာပဲ " ဟု လိုက်ပါဖမ်းဆီးခဲ့သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မူးယစ်တပ်ဖွဲ့စုနှင့် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတို့သည် အမှတ်(၅)ရပ်ကွက်၊ ယန်းခမ်း (နမ့်ဝေါ်)ရပ်မှ နေအိမ်တစ်ခု၏ အိမ်ရှေ့အဖီခန်းအတွင်း ဧပြီ လ၊ (၂၆) ရက် ည (၁၁) နာရီခွဲအချိန်၌ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာမှ မူးယစ်ဆေးဝါးသုံးစွဲနေသူ (၅) ဦးကို WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၅) ပြားနှင့် စိတ်ကြွဆေးရှူ ကိရိယာ (၁) ခုတို့နှင့် အတူ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသုံးစွဲသူများဖြစ်သော သူရအောင်၊ ဇာနည်ထွန်း၊ နိုင်လင်းထွန်း၊ အားရှဲ၊ ကျော်ကျော်တို့နှင့် အတူ အိမ်ရှင် ဦးယောလှ တို့အား ကျိုင်းတုံမြို့မရဲစခန်းမှ ဧပြီလ (၂၇) ရက်တွင် မယ (ပ) ၄၄ / ၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က) /၂၁ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~