ကျိုင်းတုံ၌ ဧပြီလအတွင်း ရေထွက်အား နည်းလာမှုကြောင့် ရေဝယ်သုံးနေရသူ များပြားလာ
ကျိုင်းတုံ၌ ဧပြီလအတွင်း ရေထွက်အား နည်းလာမှုကြောင့် ရေဝယ်သုံးနေရသူ များပြားလာ
ဧပွီ 29, 2016
By Tachileik News Agency
ကျိုင်းတုံမြို့ စည်ပင်သာယာရေးဌာန အနေဖြင့် မြို့တွင်း ရေပြတ်လပ်မှုမဖြစ်စေရန် ရေပေးဝေမှုကို စီစဉ်လုပ်ဆောင်နေပြီး ရေအခက်အခဲဖြစ်ပါက ဌာနသို့ အကြောင်းကြားနိုင်ကြောင်း သိရသည်။
သတင်း။  ။ ဇွဲမြတ်
...............
ကျိုင်းတုံ၊ ဧပြီလ (၂၉) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ရေတွင်းများ ရေခန်းခြောက်မှုနှင့် ရေထွက်အားနည်းလာမှု တို့ကြောင့် ရေဝယ်သုံးနေရသူများလာကြောင်း သုံးရေရောင်းချသူများထံမှ သိရသည်။
"ဒီနှစ်နွေက တော်တော်ပူတော့ ရေတွင်းတွေကလည်း ရေတွေက တော်တော်ခန်းလာတယ်။ သူများတွေ မပြောနဲ့ ကျွန်တော်တို့ကောက်ကော့ ရေတွင်းတွေကလည်း ရေထွက်အားက သိပ်မကောင်းတော့ဘူး။ ရေတစ်ခါသွားပို့ပြီးရင် နောက်တစ်ခေါက်သွားပို့ဖို့ကို ရပြေန်အတက်ကို စောင့်နေရတယ်။ ပြီးရင် အခုတလော ရေမှာတာကလည်း နည်းနည်းများလာတယ်။ မှာသလောက်လည်း အခုကမပို့်နိုင်ဘူး ဖြစ်လာတယ်"ဟု မိဘမေတ္တာ သောက်သုံးရေလုပ်ငန်းမှ ကိုစိုင်းကျော်ဇင်ဝင်းက ဆိုသည်။
အခုလက်ရှိတွင် ကျိုင်းတုံမြို့ရှိ ရပ်ကွက်အချို့၌ ရေတွင်းများ ရေခန်းလာသော်လည်း စည်ပင်မှ ရက်ခြားပြီး ရေပေးဝေထားသဖြင့် အခက်အခဲများစွာ မရှိသေးကြောင်း သိရသည်။
"ရေတွင်းတွေမှာတော့ အရမ်းပူလို့ ရေတွေခန်းလာပြီ။ စည်ပင်ရေကလည်း တစ်ရက်ခြားတစ်ခါလာတယ် ဆိုတော့ အဆင်ပြေပါတယ်။ တချို့ သုံးစရာရေမရှိတော့တဲ့ လူတွေကတော့ ကောက်ကော့ရေကိုမှာပြီး သုံးကြပါတယ်။"ဟု ဦးဘအေးက ပြောသည်။
ကျိုင်းတုံမြို့ စည်ပင်သာယာရေးဌာန အနဖြေင့် မြို့တွင်း ရပြေတ်လပ်မှုမဖြစ်စေရန် ရေပေးဝေမှုကို စီစဉ်လုပ်ဆောင်နပြေီး ရေအခက်အခဲဖြစ်ပါက ဌာနသို့ အကြောင်းကြားနိုင်ကြောင်း သိရသည်။
"ကျိုင်းတုံမှာ ရေအရမ်းအခက်အခဲ ဖြစ်နေတယ်ဆိုပြီး ဌာနကိုအကြောင်းကြားလာတာတော့ မရှိသေးပါဘူး။ ရေအခက်အခဲ မဖြစ်နိုင်အောင် ဌာနကလည်း ရေတွေကို နေ့စဉ် နေ့ညခွဲပြီးတော့ မြို့ပေါ်(၅)ရပ်ကွက်ကို ရေပေးေဝနေပါတယ်။ ပြီးရင် ရေအခက်အခဲ မဖြစ်ရလေအောင် (၈)လက်မပိုက်လိုင်း သွယ်တန်းမှုကလည်း ဒီလအတွင်းပြီးအောင် လုပ်နေပါတယ်။ ကျိုင်းတုံမြို့မှာ ရေအခက်အခဲ အရမ်းဖြစ်နပြေီဆိုရင်လည်း ဌာနကိုဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်။"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သန့်ရှင်းရေးဌာန ဒုဦးစီးမှူး ဦးသန်းဇော်က ပြောသည်။
ကျိုင်းတုံမြို့တွင် ကောက်ကော့ရပ်ကွက်မှ ရေရောင်းချနေသော လုပ်ငန်းရှင် (၄)ဦးရှိပြီး နေ့စဉ်ရေဂါလံ (၆၀၀၀)ခန့် ရောင်းချနေရကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~