ေရွ႕တန္းေရာက္ စစ္သည္မ်ားမွ တာခ်ီလိတ္ၿမိဳ႕ က်ထီးနားရြာမီးေလာင္မႈသို႔ သြားေရာက္ကူညီ

ေရွ႕တန္းေရာက္ စစ္သည္မ်ားမွ တာခ်ီလိတ္ၿမိဳ႕ က်ထီးနားရြာမီးေလာင္မႈသို႔ သြားေရာက္ကူညီ
ဧပြီ 11, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု က်ထီးနားရြာတြင္ ယေန႔ ဧၿပီလ(၁၁)ရက္ေန႔ ညေန(၅)နာရီ၀န္းက်င္က ေတာမီးရႈိ႕ရာမွတဆင့္ မီးပြားက်ၿပီး မီးေလာင္ကြ်မ္းမႈျဖစ္ပြားရာ တာခ်ီလိတ္တပ္နယ္မွ အရာရွိစစ္သည္မ်ား ႏွင့္ ႀကိဳးတံတားျပည္သူ႔စစ္အဖြဲ႔တို႔မွ သြားေရာက္ၿငႇိမ္းသတ္ေပးခဲ့ရၿပီး ဆက္လက္၍ ကယ္ဆယ္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနလွ်က္ရွိေၾကာင္း သိရွိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္ပြားရာတြင္ ခရစ္ယာန္ဘုရားေက်ာင္း (၁)ေက်ာင္း ျပာက်သြားခဲ့ၿပီး လူေနအိမ္(၁၃)လံုး ျပာက်သြားခဲ့ကာ က်ား(၂၃)ဦး ႏွင့္ မ(၁၇)ဦး စုစုေပါင္း လူဦးေရ (၄၀) အိုးမဲ့ အိမ္မဲ့ ျဖစ္သြားခဲ့ရေၾကာင္း သိရသည္။

..............

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု ကျထီးနားရွာတွင် ယနေ့ ဧပြီလ(၁၁)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်က တောမီးရှို့ရာမှတဆင့် မီးပွားကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ တာချီလိတ်တပ်နယ်မှ အရာရှိစစ်သည်များ နှင့် ကြိုးတံတားပြည်သူ့စစ်အဖွဲ့တို့မှ သွားရောက်ငြှိမ်းသတ်ပေးခဲ့ရပြီး ဆက်လက်၍ ကယ်ဆယ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာတွင် ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ပြာကျသွားခဲ့ပြီး လူနေအိမ်(၁၃)လုံး ပြာကျသွားခဲ့ကာ ကျား(၂၃)ဦး နှင့် မ(၁၇)ဦး စုစုပေါင်း လူဦးရေ (၄၀) အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net