တာခ်ီလိတ္ၿမိဳ႕ က်ထီးနားေက်းရြာ မီးေဘးသို႔ ေထာက္ပံ့ပစၥည္းမ်ားအား အေရးေပၚ ေပးအပ္

တာခ်ီလိတ္ၿမိဳ႕ က်ထီးနားေက်းရြာ မီးေဘးသို႔ ေထာက္ပံ့ပစၥည္းမ်ားအား အေရးေပၚ ေပးအပ္
ဧပြီ 12, 2016
By Tachileik News Agency
ယေန႔ ဧၿပီလ ၁၁ ရက္၊ ညေနပုိင္းက တာခ်ီလိတ္ၿမဳိ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ က်ထီးနားေက်းရြာ၌ ေတာမီးမွတဆင့္ မီးကူးစက္ေလာင္ကၽြမ္းမႈေၾကာင့္ မီးေဘးသင့္ျပည္သူမ်ားအား တာခ်ီလိတ္ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ၊ တပ္ရင္းတပ္ဖဲြ႕မ်ား၊ ဌာနဆုိင္ရာမ်ား ၊ မီးသတ္ဦးစီးဌာနမွ ၀န္ထမ္းမ်ား ႏွင့္ အရန္မီးသတ္တပ္ဖဲြ႕၀င္မ်ားက ေထာက္ပံ့ေငြမ်ား၊ စားေသာက္ဖြယ္ရာမ်ား၊ ေသာက္ေရသန္႔မ်ား၊ အ၀တ္အထည္မ်ား၊ ေစာင္၊ျခင္ေထာင္မ်ားႏွင့္ လုိအပ္သည္မ်ားအား အေရးေပၚသြားေရာက္ ျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္ပြားရာတြင္ ခရစ္ယာန္ဘုရားေက်ာင္း (၁)ေက်ာင္း ျပာက်သြားခဲ့ၿပီး လူေနအိမ္(၁၃)လံုး ျပာက်သြားခဲ့ကာ က်ား(၂၃)ဦး ႏွင့္ မ(၁၇)ဦး စုစုေပါင္း လူဦးေရ (၄၀) အိုးမဲ့ အိမ္မဲ့ ျဖစ္သြားခဲ့ရေၾကာင္း သိရသည္။

သတင္း။  ။ ေ၀ယံလင္း

ဓာတ္ပံု။  ။ ေအာင္ေက်ာ္မိုး
..........

ယနေ့ ဧပြီလ ၁၁ ရက်၊ ညနေပိုင်းက တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျထီးနားကျေးရွာ၌ တောမီးမှတဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ပြည်သူများအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များ၊ အဝတ်အထည်များ၊ စောင်၊ခြင်ထောင်များနှင့် လိုအပ်သည်များအား အရေးပေါ်သွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာတွင် ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ပြာကျသွားခဲ့ပြီး လူနေအိမ်(၁၃)လုံး ပြာကျသွားခဲ့ကာ ကျား(၂၃)ဦး နှင့် မ(၁၇)ဦး စုစုပေါင်း လူဦးရေ (၄၀) အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရကြောင်း သိရသည်။

သတင်း။ေဝယံလင်း

ဓာတ်ပုံ။ အောင်ကျော်မိုး



 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net