တာခ်ီလိတ္ၿမိဳ႕ က်ထီးနားရြာတြင္ မီးေလာင္မႈျဖစ္ပြားရာ ေနအိမ္(၁၃)လံုးႏွင့္ ဘုရားေက်ာင္း (၁)ေက်ာင္း ျပာက်

တာခ်ီလိတ္ၿမိဳ႕ က်ထီးနားရြာတြင္ မီးေလာင္မႈျဖစ္ပြားရာ ေနအိမ္(၁၃)လံုးႏွင့္ ဘုရားေက်ာင္း (၁)ေက်ာင္း ျပာက်
ဧပြီ 11, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ဧၿပီ(၁၁)
တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု က်ထီးနားရြာတြင္ ယေန႔ ဧၿပီလ(၁၁)ရက္ေန႔ ညေန(၅)နာရီ၀န္းက်င္က မီးေလာင္ကြ်မ္းမႈျဖစ္ပြားရာ ေနအိမ္(၁၃)လံုး ႏွင့္ ဘုရားေက်ာင္း(၁)ေက်ာင္း မီးေလာင္ျပာက်သြားေၾကာင္း သိရသည္။
မီးေလာင္မႈျဖစ္စဥ္မွာ ေတာင္ယာမီးရႈိ႕ရာမွ မီးပြားက်ကာ မီးေလာင္ကြ်မ္းခဲ့ရတာျဖစ္ၿပီး အဆိုပါ မီးေလာင္မႈ ျဖစ္ပြားရာသို႔ တပ္နယ္မွ အရာရွိစစ္သည္မ်ားႏွင့္ ျပည္သူ႔စစ္အဖြဲ႔၀င္မ်ားမွ ၀ိုင္း၀န္းကူညီေပးခဲ့ရေၾကာင္း ႏွင့္ အဆိုပါ မီးေလာင္မႈျဖစ္ပြားရာတြင္ ခရစ္ယာန္ဘုရားေက်ာင္း (၁)ေက်ာင္း ျပာက်သြားခဲ့ၿပီး လူေနအိမ္(၁၃)လံုး ျပာက်သြားခဲ့ကာ က်ား(၂၃)ဦး ႏွင့္ မ(၁၇)ဦး စုစုေပါင္း လူဦးေရ (၄၀) အိုးမဲ့ အိမ္မဲ့ ျဖစ္သြားခဲ့ရေၾကာင္း သိရသည္။
လတ္တေလာတြင္ အဆိုပါ မီးေဘးသင့္ ျပည္သူမ်ားအတြက္ ကယ္ဆယ္ေရးစခန္းအား က်ထီးနားရြာတြင္ ဖြင့္လွစ္ထားရွိေပးေၾကာင္း သိရသည္။
အဆိုပါမီးေလာင္မႈ ျဖစ္ပြားသည့္ ေက်းရြာသည္ ႀကိဳးတံတားေက်းရြာႏွင့္ နီးၿပီး တာခ်ီလိတ္ၿမိဳ႕ထဲႏွင့္ အလွမ္းေ၀းေၾကာင္း သိရသည္။
မီးေလာင္မႈျဖစ္ပြားသည့္အခ်ိန္မွာ ညေန(၅)နာရီကျဖစ္ၿပီး အခ်ိန္(၁)နာရီအၾကာ ေလာင္းကြ်မ္းခဲ့ရာ ညေန(၆)နာရီ၀န္းက်င္မွာ မီးၿငိမ္းသြားေၾကာင္း သိရွိရသည္။
......................
တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု ကျထီးနားရွာတွင် ယနေ့ ဧပြီလ(၁၁)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်(၁၃)လုံး နှင့် ဘုရားကျောင်း(၁)ကျောင်း မီးလောင်ပြာကျသွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ တောင်ယာမီးရှို့ရာမှ မီးပွားကျကာ မီးလောင်ကျွမ်းခဲ့ရတာဖြစ်ပြီး အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ တပ်နယ်မှ အရာရှိစစ်သည်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီပေးခဲ့ရကြောင်း နှင့် အဆိုပါ မီးလောင်မှုဖြစ်ပွားရာတွင် ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ပြာကျသွားခဲ့ပြီး လူနေအိမ်(၁၃)လုံး ပြာကျသွားခဲ့ကာ ကျား(၂၃)ဦး နှင့် မ(၁၇)ဦး စုစုပေါင်း လူဦးရေ (၄၀) အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရကြောင်း သိရသည်။
လတ်တလောတွင် အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းအား ကျထီးနားရွာတွင် ဖွင့်လှစ်ထားရှိပေးကြောင်း သိရသည်။
အဆိုပါမီးလောင်မှု ဖြစ်ပွားသည့် ကျေးရွာသည် ကြိုးတံတားကျေးရွာနှင့် နီးပြီး တာချီလိတ်မြို့ထဲနှင့် အလှမ်းေဝးကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်အချိန်မှာ ညနေ(၅)နာရီကဖြစ်ပြီး အချိန်(၁)နာရီအကြာ လောင်းကျွမ်းခဲ့ရာ ညနေ(၆)နာရီဝန်းကျင်မှာ မီးငြိမ်းသွားကြောင်း သိရှိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~