မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူ ႏွင့္ ရဲတပ္ဖြဲ႔တို႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားၿပီး Ice (၁၆၄)ကီလိုခန္႔ သိမ္းဆည္းရမိ

မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူ ႏွင့္ ရဲတပ္ဖြဲ႔တို႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားၿပီး Ice (၁၆၄)ကီလိုခန္႔ သိမ္းဆည္းရမိ
ဧပြီ 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕၊ ေနာင္ကန္ေက်းရြာအနီးတြင္ ဧၿပီလ(၂)ရက္ေန႔ ည(၁၁)နာရီခြဲ၀န္းက်င္က ေမာ္ေတာ္ကားတစ္စီးအား စစ္ေဆးရန္ ရပ္တန္႔ခိုင္းသည့္ ရဲတပ္ဖြဲ႕၀င္မ်ားအား ေသနတ္ျဖင့္ အျပန္အလွန္ပစ္ခတ္သျဖင့္ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦး ေသနတ္ဒဏ္ရာမ်ား ရရိွသြားေၾကာင္း ႏွင့္ ကားေပၚမွ မူးယစ္ေဆး၀ါးျဖစ္သည့္ (Ice ) အျဖဴေရာင္ ပံုေဆာင္ခဲ (၁၆၄)ကီလိုခန္႔ကို သိမ္းဆည္းရမိၿပီး၊ ထြက္ေျပးလြတ္ေျမာက္သြားေသာ တရားခံမ်ားအား အျမန္ဆံုး ဖမ္းဆီးရမိေရးအတြက္ စံုစမ္းေနလွ်က္ရွိေၾကာင္း ႏွင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ (ပ) ၃၈/၂၀၁၆၊ မူး/စိတ္ ၁၉(က)/၂၀(က)/၂၁/၂၂(ခ) ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သတင္းရရွိသည္။

သတင္း။  ။ ဇင္ေအာင္
*************

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ နောင်ကန်ကျေးရွာအနီးတွင် ဧပြီလ(၂)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်က မော်တော်ကားတစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းသည့် ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်ဒဏ်ရာများ ရရှိသွားကြောင်း နှင့် ကားပေါ်မှ မူးယစ်ဆေးဝါးဖြစ်သည့် (Ice ) အဖြူရောင် ပုံဆောင်ခဲ (၁၆၄)ကီလိုခန့်ကို သိမ်းဆည်းရမိပြီး၊ ထွက်ပြေးလွတ်မြောက်သွားသော တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေလျှက်ရှိကြောင်း နှင့် ကျိုင်းတုံမြို့မရဲစခန်းမှ (ပ) ၃၈/၂၀၁၆၊ မူး/စိတ် ၁၉(က)/၂၀(က)/၂၁/၂၂(ခ) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~